မူလစာမျက်နှာ

Tuesday, 8 May 2012

"စီးပွားရေးလုပ်ဖြစ်နေတဲ့အတွက် ဗီဒီယိုဘက် မလှည့်ဖြစ်သေးတဲ့ ဇင်ဇင်ဇော်မြင့်"

 Source:FB
ဇင်ဇင်ဇော်မြင့်ကစီးပွားရေးလုပ်ငန်း တွေလုပ်ကိုင်နေပြီး ကြော်ငြာတွေ၊မဂ္ဂဇင်းတွေ အတွက် ဓာတ်ပုံရိုက်ပေးဖြစ်ပေမယ့် ဗီဒီယို ဘက်ကိုတော့ ရိုက်ဖို့ အချိန်မပေးနိုင်သေးတဲ့ အကြောင်း ပြောပါတယ်။ ခင်ပွန်းဖြစ်သူနဲ့အတူ ကျန်းမာရေးနဲ့ အလှ အပကို တွဲဖက်ထားတဲ့ လုပ်ငန်းလုပ်ကိုင်နေတာဖြစ်တဲ့ အတွက်လည်း ဗီဒီယိုဘက်ကို မလှည့်နိုင်သေးတာ ဖြစ် ကြောင်းဆိုပါတယ်။ ဒီလုပ်ငန်းအကြောင်းကို ဇင်ဇင် ဇော်မြင့်က..

"အဓိကကပိုက်ဆံထက် ကိုယ်ကျန်းမာမှဖြစ်တာလေ။ ကျန်းမာမှ ကိုယ်လုပ် ချင်တာ၊ ကိုယ်ဖြစ်ချင်တာကို လုပ်နိုင်မှာ။ လူကဘယ်လောက်ပဲ ချမ်းသာ၊ ချမ်းသာမကျန်းမာရင်အလကား ပဲလေ။ အစ်မမိဘတွေက ကျန်းမာရေး သိပ်မကောင်းတော့ ဘန်ကောက်ကို သွားကုရတယ်။ ကိုယ့်ရဲ့မိဘတွေ လိုမျိုးကိုယ် ချင်းစာတဲ့အတွက် ကျန်းမာရေးနဲ့ပတ် သက်တဲ့ပစ္စည်းကို လုပ် ဖြစ်တာပါ။ စီးပွားရေးအနေနဲ့ရပ်တည်လို့တော့ မရပေမယ့် ကုသိုလ်တော့ရတာပေါ့။ ပစ္စည်းက ဂျပန်နည်းပညာနဲ့လုပ်တာ၊ မလေးရှားက သွင်းတာပါ။ စလုပ်တာ သိပ်တော့မကြာသေးဘူး။ အနုပညာရှင်တွေပဲ သိသေးတယ်။ ကိုလူမင်းဆိုလည်း ဇာတ်ကား ရိုက်ရင်း အဲဒီရေဘူးကို ကားထဲမှာ အမြဲထည့် ထားတယ်။ ဦးစင်ရော်မောင်မောင်က နာရီတို့ လက် ပတ် တို့သုံးတယ်"လို့ လုပ်ငန်းကို ရှင်းပြခဲ့ပါတယ်။ ဒီပစ္စည်းက ကိုယ်ခံအား ကိုမြှင့်တင်ပေးတဲ့ အထောက်အကူပြု ပစ္စည်း တစ်မျိုးဖြစ်ကြောင်း သိရပါတယ်။ ဇင်ဇင်ဇော်မြင့်ရဲ့ သား လေးက အခုဆိုရင် နှစ်နှစ်အရွယ် ရှိပြီဖြစ်ပါတယ်။ နှစ်နှစ် ပြည့်မွေးနေ့ကို ဘုန်းကြီးကျောင်းမှာ လုပ်ဖြစ်ခဲ့ပြီး တအားခင် တဲ့ အနုပညာရှင်တွေပဲ ဖိတ်ခဲ့ကြောင်းသိရပါတယ်။ ခင်ပွန်း ဖြစ်သူက မြန်မာဇာတ်ကားကို ကြိုက်တဲ့အတွက် နေ့တိုင်း ထွက်သမျှဗီဒီယို အခွေတွေိကုကြည့်ဖြစ်ပြီး အခုနောက်ပိုင်း ဇာတ်လမ်းတွေ က လုပ်ကိုင်ခွင့်ရလာကြသလို၊ သမားရိုးကျ မဟုတ်တဲ့ ဇာတ်လမ်းဆန် ဆန်းလေးတွေ ထွက်လာတဲ့အတွက် တအားကောင်းကြောင်း" ပရိသတ် တစ်ယောက်အနေနဲ့ ခံစားချက်ကို ပြောပြခဲ့ပါတယ်။

No comments:

နေ့မှာ