မူလစာမျက်နှာ

Tuesday, 8 May 2012

"လူမျိုးမြင့်စေဖို့အတွက် မေခလာ မွေးနေ့အမှတ်တရ ပညာရေးအလှူဒါန"

မေခလာက သူ့ရဲ့ မေလ၂ရက်နေ့ မွေး နေ့အလှူအဖြစ် မင်္ဂလာဒုံမြို့ နယ်၊ သင်္ဃန်း ကျွန်းကြီးတွင် ဆောက်လုပ်သည့် ၂ထပ်စာ သင်ကျောင်းေ ဆာင်ကြီးကို ဆရာတော် အရှင်ဥာဏဂ္ဂ(ပညာမြေ)ထံတွင် ရေစက်ချ လှူဒါန်းခဲ့ပါတယ်။ ၂ထပ် စာသင်ကျောင်း ဆောင်ကြီးရဲ့ ကုန်ကျစရိတ်မှာ သိန်း၁၅ဝ လောက်ကုန်ကျခဲ့ပြီး သူငယ်တန်းမှ ၅တန်း အထိ ကျောင်းသား အယောက်၁၅ဝလောက် စာသင်ကြားနိုင်မှာဖြစ်ပါတယ်။
ဒီအလှူက မေခလာရဲ့ မွေးနေ့အလှူလည်းဖြစ်သလို၊ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ဖြစ်သူအတွက် ရည်စူးပြီး လုပ်တဲ့အလှူလည်းဖြစ်ပါ တယ်။ မွေးနေ့ အလှူအခမ်းအနားမှာတော့ မေခလာ မိသားစုက ဆရာတော်အရှင်ဥာဏဂ္ဂ (ပညာ မြေ)ကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူ ဒါန်းခဲ့ကြပြီး၊ သံဃာတော်ေ တွ၊ ကိုရင်တွေကို ဆွမ်းကပ်ခဲ့ကြကာ စာသင်ကျောင်းသား များကို ထော ပတ်ထမင်းကျွေးခဲ့ကြပါတယ်။ ၂ထပ်စာသင် ကျောင်းဆောင်သစ်ကြီး မှာ ကျောင်းသား ၁၅ဝလောက် စာသင်ကြားနိုင်ကြပေမယ့် လည်း ကျောင်း သားများမှာ နောက်ထပ် ကျန်ရှိနေသေးတဲ့အတွက် မေ ခလာက ၃ထပ် ကျောင်းဆောင် သစ်ကြီးကို ဆောက်လုပ်နိုင် ဖို့အတွက် အလှူငွေ ထပ်မံမတည်ထားပါ သေးတယ်။ ပညာရေးနဲ့ပတ်သက်ပြီး အခြေ ခံအုတ်မြစ်ဖြစ်တဲ့စာသင်ကျောင်းဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့တဲ့ မေခလာရဲ့ရည် ရွယ်ချက်က..

"ပညာမြင့်မှ လူမျိုးမြင့်မှာပါ။ အစ်မတို့ လူမျိုးတွေမှာ ပညာရေးတအား နိမ့်နေသေး တယ်။ ဒါတွေကို နိုင်ငံတော်ခေါင်းဆောင် တွေကိုပဲအားကိုး လို့မရဘူး။ ကိုယ်ထူကိုယ် ထတစ်ပိုင်တစ်နိုင်လေးလုပ်ဆောင်သွားရင် အစ်မတို့ရဲ့ မြန်မာပြည်တိုးတက်လာလိမ့် မယ်လို့ ထင်ပါတယ်။ ဒါကြောင့် မို့လည်းအစ်မ က အဓိကပညာရေးကို လှူတာပါ"လို့ ပြောပါတယ်။

No comments:

နေ့မှာ