မူလစာမျက်နှာ

Tuesday, 8 May 2012

“ဘန်ကောက်ပို့စ်သတင်းစာမှာ လေဒီဂါဂါနဲ့ နှိုင်းယှဉ်ခြင်းခံရတဲ့ ဖြူဖြူကျော်သိန်း”

Source:FB
တေးသံရှင်ဖြူဖြူကျော်သိန်းက သင်္ကြန်ပြီးပြီးချင်း ဧပြီလ ၁၈ရက်နေ့မှာ ဖခင်ဖြစ်သူ ဆေးစစ်မှု ခံယူနေတဲ့ဘန်ကောက်ကို လိုက်ပါသွားခဲ့ပြီး ၂၆ ရက်နေ့မှာ မြန်မာပြည်ကို ပြန် လာခဲ့ပါတယ်။ ''ဖြူဖြူရောက်သွားတဲ့အချိန် မှာ ဖေဖေ့ရဲ့အခြေအနေက တော်တော်တိုးတက်နေပြီ။ စာတွေဘာတွေပြန် ဖတ်၊ ပြန်ရေး နိုင်နေပြီ။ အခုဖြူဖြူ့အစ်မ မမညိုလည်း ခွင့်ရတဲ့အတွက် သူ လည်းမေလ ၁ ရက်နေ့က လိုက်သွားတယ်။ သူပြောပြတဲ့သတင်းအရဆို ရင် တော်တော်အားရဖို့ကောင်းတယ်။ ဆေးရုံကတော့ ဒီရက်ပိုင်းထဲမှာပေး ဆင်းမယ်။ပြီးရင် ၅ ရက်၊တစ်ပတ်လောက်ကို တန်းမပြန်သေးပဲ ဟိုမှာ ခဏနေပြီး ဆရာဝန်တွေက စစ်ဆေးဦးမယ်ပြောတယ်။ ပြီးရင်တော့ ပြန်လာ လို့ရပါပြီ'' လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။
ဖြူဖြူကျော်သိန်းက ဘန်ကောက်မှာ ရှိနေစဉ်မှာ သူ့ရဲ့မွေးနေ့ကျရောက်ခဲ့ပြီး ဒီနှစ် မွေးနေ့က ဖြူဖြူကျော်သိန်းရဲ့ဖခင်နဲ့ မိခင်တို့ရဲ့ နှစ်လေးဆယ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ နဲ့လည်း တစ်ထပ်တည်း ကျနေပါတယ်။ သူ့ ရဲ့ မွေးနေ့ရက်မှာတော့ အဲဒီမှာရှိတဲ့ ပရိသတ်တွေက အမှတ်မထင်ဘဲ
သူ့ဆီကို ပန်းစည်း လက်ဆောင်တွေလာပေးပြီး မွေးနေ့ကိတ်ပါ စီစဉ်ပေး ပြီး မွေးနေ့လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ်မွေးနေ့ကတော့ အရင်မွေးနေ့တွေနဲ့ တော်တော်ကို ကွဲပြားခဲ့ကြောင်း၊ မွေးနေ့ရက် မှာတော့ ဖေဖေ့ဆေးရုံခန်းထဲမှာပဲ မွေးနေ့ကိတ်ခွဲဖြစ်ခဲ့ကြောင်း ဖြူဖြူကျော် သိန်းက ပြောပါတယ်။
ဖြူဖြူကျော်သိန်းက ဘန်ကောက်မှာရှိ နေစဉ် ဧပြီလ ၃ရက်နေ့ ထုတ်ဝေတဲ့ ဘန် ကောက်ပို့စ်သတင်းစာမှာ သူ့အကြောင်း ဖော်ပြလာတာကို ဖတ်ခဲ့ လိုက်ရပါတယ်။ အဲဒီဘန်ကောက်ပို့စ် သတင်းစာမှာတော့ ဖြူဖြူကျော် သိန်းကို မြန်မာပြည်ရဲ့ လေဒီဂါဂါဆိုပြီး တင်စားဖော်ပြထားတာပါ။ ဒီသတင်းနဲ့ ပတ်သက်ပြီး ဖြူဖြူကျော်သိန်းကို မေးကြည့်တဲ့အခါမှာတော့ ..''အဲဒါကဖေဖော်ဝါရီလ လောက်က အေအက်ဖ်ပီက သတင်းထောက် တစ်ယောက်က လာမေးတာပါ။ ဘန်ကောက်ပို့စ်မှာ သုံးမယ်လို့လည်း မထင် မိပါဘူး။ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်းပဲ ကိုယ့်ပြည်တွင်းက မီဒီယာတွေနဲ့ ဆက် ဆံလိုပဲ ဖြေလိုက်တာပါ။ မြန်မာပြည်က လူတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံ ကို အဘက်ဘက်က အာရုံစိုက်လာတဲ့အချိန်လေးမှာ၊ အင်တာတိန်းမန့်ဘက် ကိုလည်း အာရုံစိုက်လာတဲ့ အချိန်လေးမှာ ကိုယ်စားပြုသဘောလေးဖြစ် သွားရုံပါပဲ။ အစ်မတို့ဘက်က အများကြီး ကြိုးစားဖို့လိုပါသေးတယ်။ သူတို့ပြောတဲ့ အထဲမှာ အခုလိုပွင့်လင်းလာတဲ့ကာလမှာ ကိုယ်ပိုင်သံစဉ်တွေ အများကြီးလုပ်လာရမယ် ဆိုတဲ့အပိုင်းလေးလည်းပါတယ်။ ပြီးတော့ သူက အစ်မကို ပရိသတ်တွေက လေဒီဂါဂါ နဲ့တင်စားတဲ့အခါမှာကော ဘယ်လို ခံစားရလဲ ဆိုတာမေးသွားသေးတယ်။ အစ်မကလည်း ဒီကမီဒီယာတွေ ကို ဖြေနေကျအတိုင်းပဲ ဖြေလိုက်ပါတယ်။ အစ်မက အရင်ပေါ်တာပါလို့။ လွန်ခဲ့တဲ့ ၈ နှစ်၊ ၉နှစ်လောက်ကတည်းက အဲဒီလိုတွေလုပ်လာတာလေ။ ဒါပေမဲ့ အစ်မတို့က တတိယကမ္ဘာကဖြစ်တဲ့အတွက် ပထမကမ္ဘာက လူနဲ့တော့ ကွာတာပေါ့နော်''လို့ ဖြူဖြူကျော်သိန်းက ပြောပြခဲ့ပါတယ်။လေဒီ ဂါဂါနဲ့ မြန်မာပြည်မှ ဖြူဖြူကျော်သိန်းကို နှိုင်းယှဉ်သုံးသပ်ရခြင်းမှာ ဖျော်ဖြေ တင်ဆက်တဲ့အခါမှာ ဆန်းသစ်ထူးခြားတဲ့ အဝတ်အစားဒီဇိုင်းတွေ ဝတ်ဆင် ပြီး အများနဲ့မတူတဲ့ တင်ဆက်မှုတွေနဲ့ အကဖန်တီးမှုတွေ ပါဝင်ထည့် သွင်း ဖျော်ဖြေနိုင်ခြင်းကြောင့် ဖြစ်ကြောင်းသိရပါတယ်။

No comments:

နေ့မှာ