မူလစာမျက်နှာ

Showing posts with label ဓါတ်ပုံ. Show all posts
Showing posts with label ဓါတ်ပုံ. Show all posts

Thursday, 10 May 2012

ကလို့ထူးဘော(ယခင်ဒီကေဘီအေ) ဌာနချုပ်မှ သတင်းစာရှင်းလင်းပွဲ။

















ထိုင်းအစိုးရမှ မူးယစ်ရာဇာဟု သတ်မှတ်ကာ ဖမ်းဝရမ်းထုတ်ထားခြင်းနှင့်ပတ်သက်၍ ကလို့ထူးဘောတပ်ဖွဲ့(ယခင် ဒီကေဘီအေ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ်(ခ) ဗိုလ်နှုတ်ခမ်းမွှေးက မေလ ၁၀ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဆုံဆည်းမြိုင်ကျေးရွာ၊ ကော်သူးမွဲခီးစခန်းရှိ ကလို့ထူးဘောရှေ့တန်းစစ်ဌာနချုပ် စခန်းတွင်သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။ အဆိုပါ ရှင်းလင်းပွဲသို့ ပြည်တွင်းမီဒီယာသမား ၄၀ ကျော်နှင့် ထိုင်းမီဒီယာမှ သတင်းသမား ၁၅ ဦးခန့်တက်ရောက်ခဲ့ကြသည်။Source:FB

ဒေါ်အောင်ဆန်းစုကြည်နှင့် ပိုလန်နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံ









အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပိုလန် နိုင်ငံခြားရေး ဝန်ကြီး Mr Radoslaw Sikorski တို့ ယနေ့ညနေ ၆ နာရီဝန်းကျင်က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲ မြင်ကွင်းဓာတ်ပုံများ။Source:FB
 

Wednesday, 9 May 2012

လှိုင်သာယာ ဆံပင်တု စက်ရုံ လုပ်သားများ ပြဿနာ ဖြေရှင်းပေးမည် ဟုဆို




 
လုပ်ခလစာ နည်းပါးမှု၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှု များကြောင့် ယနေ့ ဆန္ဒပြကြသော လှိုင်သာယာ မြို့နယ်ရှိ Hi- Mo ဆံပင်တု စက်ရုံ အလုပ်သမားများ အရေးကို ပြေလည်အောင် ဖြေရှင်းပေး သွားမည် ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားလှယ်၊ အလုပ်သမား ဝန်ကြီးဌာနက တာဝန်ရှိသူများ သုံးပွင့်ဆိုင်ကာ မေလ ၁၀ ရက်နေ့တွင် လှိုင်သာယာ မြို့နယ်တွင် စက်မှုဇုန် ရှေ့တန်း ကြီးကြပ်ရေးရုံးတွင် ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 
Source:FB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လသာမြို့နယ်ရုံးခန်းဖွင့်ပွဲ









အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လသာမြို့နယ် ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို မေလ ၉ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲချုပ် သဘာပတိအဖွဲ့ နာယက ဦးတင်ဦးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် အခမ်းအနား ပြီးဆုံးခဲ့ပါသည်။
Source:FB

Tuesday, 8 May 2012

ပန်းဆိုးတန်းမီးပွိုင့်တွင် ယာဉ်လေးစီးဆင့်တိုက်မှု ဖြစ်ပွား








 
ရန်ကုန်မြို့တော်၏ ယာဉ်အသွားအလာ ထူထပ်ရာ နေရာတစ်ခုဖြစ်သည့် မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းလမ်း ဆုံရာ လမ်းထောင့်မီးပွိုင့် (ဆက်သွယ်ရေး ဝန်ကြီးဌာန ကြေးနန်းရုံးရှေ့) တွင် ယာဉ်လေးစီးဆင့် တိုက်မှု ဖြစ်ပွားခဲ့သည်ကို မေလ ၈ ရက်နေ့ ညနေ ၅ နာရီခန့်က တွေ့ရစဉ်။ ဖြစ်စဉ်မှာ ပန်းဆိုးတန်းမီးပွိုင့်တွင် မထသယာဉ်လိုင်းမှ ၄၃ အထူး၊ အမှတ် ၃၃ ယာဉ်နှင့် ၂ဂ/ အိမ်စီးဆလွန်းကားတို့ မီးပွိုင့် မီးနီ၍ စောင့်ဆိုင်းနေစဉ် အဓိပတိ (အနီ) ယာဉ်က အနောက်မှ ဝင်တိုက်ရာမှ ယာဉ်လေးစီးဆင့် တိုက်ခဲ့ခြင်း ဖြစ်သည်။ 
Source:FB

Monday, 7 May 2012

ရန်ကုန်မိုး (မေ ၇)




















ရန်ကုန်မြို့တော်တွင် မေလ ၇ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်က လေပြင်းများ တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့စဉ် မြင်ကွင်းဓာတ်ပုံများ။ 
Source:FB
နေ့မှာ