Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts
Tuesday, 3 April 2012
"ငါ ဘာမှမပြောဘူး"
ရွာကြီးတစ်ရွာက ဦးလူပုဟာ သဘောထားကောင်းတယ်။ဒါပေမဲ့ စိတ်တိုတတ်တယ်၊မဟုပ်မခံ
ပြောတတ်တဲ့ လူ့ဂွစာကြီး။တစ်နေ့တော့ ဦးလူပုရဲ့ချွေးမဟာ ပင်ပန်းပြီး အိပ်ပျော်နေတယ်။
မြေးလေးက နို့ဆာလို့ အော်ငိုနေတယ်။ဦးလူပု အခက်တွေ့သွားတယ်၊ ဘာလုပ်ရမလဲပေါ့။
ချွေးမကို နိုးလိုက်ရင်လဲ အိပ်ရေးပျက်မှာ စိုးတယ်။ကလေးကလည်း နို့ဆာလို့ အော်ငိုနေပြီ။
နောက်ဆုံး ဦးလူပုတစ်ယောက် ချွေးမရဲ့အင်္ကျီကို အသာလေးကိုင် နို့ကိုလှန်ပြီး၊
မြေးရဲ့ပါးစပ်ပေါက်နဲ့ တေ့ပေးလိုက်တယ်။ ချွေးမလည်း အိပ်ရေးမပျက်၊မြေးလည်း နို့စို့ရပေါ့။
ချွေးမက နိုးလာပြီး သိသွားတယ်။လင်ယောင်္ကျားတောက ပြန်လာရင် တိုင်လိုက်မယ်ဆိုတဲ့
အတွေးယုတ်နဲ့ ငြိမ်နေတယ်။
ယောင်္ကျားတောက ပြန်လာတော့ “ရှင့်အဖေ.ကျမနို့ကို ကိုင်တယ်”လို့ တိုင်တယ်။
ယောင်္ကျားဖြစ်သူဟာ ကျွဲမြည်းတိုသွားတယ်။ ဝါးရင်းတုတ်ကိုင်ပြီး
“အဖေ ခင်များမကောင်းဘူး ကျုပ်မိန်းမနို့ ကိုင်တယ်ဆို”လို့ ပြောပြီး ရိုက်မယ်အလုပ်မှာ
အဖေဖြစ်သူ ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်  ဝါးရင်းတုတ် မြေကြီးပေါ်
လွတ်ကျသွားတယ်။
အဖေဖြစ်သူ ပြောလိုက်တဲ့ စကားတစ်ခွန်းကတော့-
“အောင်မာ..မင့်သားနို့ဆာလို့ ငါက မင်းမိန်းမနို့ တစ်ခါလေးကိုင်ပြီး နို့တိုက်ပေးတာ၊
ငါ့ မိန်းမနို့တုန်းကတော့ မင်း ကိုင်ချင်သလိုကိုင် စို့ချင်သလိုစို့နေတာ ငါ ဘာမှမပြောဘူး”တဲ့။
Source:FB
Monday, 2 April 2012
Saturday, 24 March 2012
သူများတွေလိုပဲ မဲဆွယ်ကြည့်တာပေါ့..
ဟေ့သူငယ်မရာ ...
ချောလို့လှလို့ ၀လို့ပါ..
အို တကယ်ပဲဗျာ ... မဲလေး ထည့်ပါဗျာ..
ဒီပါတီ ထည့်မှာလား..ဟိုပါတီထည့်မှာလား..
မဟုတ်ရပါ အကိုကြီးရာ ...
ချပါတီ ...ချပါတီ
လမ်းထိပ်ထွက်ပြီး ၀ယ်စားမလို့ပါ ... အစ်ကိုကြီးရာ...
မှတ်ချက်။ ။ Facebook မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
ချောလို့လှလို့ ၀လို့ပါ..
အို တကယ်ပဲဗျာ ... မဲလေး ထည့်ပါဗျာ..
ဒီပါတီ ထည့်မှာလား..ဟိုပါတီထည့်မှာလား..
မဟုတ်ရပါ အကိုကြီးရာ ...
ချပါတီ ...ချပါတီ
လမ်းထိပ်ထွက်ပြီး ၀ယ်စားမလို့ပါ ... အစ်ကိုကြီးရာ...
မှတ်ချက်။ ။ Facebook မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
Thursday, 22 March 2012
ကွဲရော
၁၉၉၇ ဒီဇင်ဘာလ ၁ရက် ကောင်းကင်ပြာပြာကြီးရဲံအောက်မှာ အမွဲဇယားကိုစတင်ခဲ့ အဲ့ဒီနေ့က အပူးတွေ မထွက်ပါ…
ဧပြီလ ၁၀ ရက် ကျွန်တော့် မွေးဂဏန်းလေးထွက်သွားတယ် အို…..အို….အရူးအမူးပဲ …အာဟ ….အာဟ..
မေလ ၂၃ ဘ၀တသက်စာချဲထိုးစားတော့မယ်လို့ လေထဲတိုက်အိမ်ဆောက်ခဲ့ဘူးတာပဲ ပျော်မြူးခဲ့
တညလုံးပဲ မအိပ်ပဲချဲတွက်ခဲ့ တဘ၀လုံးဆိတ်သုန်းမွဲရောပဲ ….
ပေးလိုက်ရတာဆွဲကြိုးနဲ့ ပြန်ရလိုက်တာ အကြွေးဇယားပဲ …
အောက်တိုဘာ ၁၆ ရက်ပျော်ရွှင်ရတဲ့ နေ့တွေရှိသလို ထမင်းတွေလည်းငတ်ခဲ့ ..
ပြန်ပေါက်လိုက်ပါသွားလိုက်နဲ့ အကြွေးနွံထဲနစ်ခဲ့
ဖေဖော်ဝါရီ ၉ ရက် ကျွန်တော် ဘ၀ကွဲပျက် ………………..။
(ကျွန်တော့်ကိုသနားလိုတဲ့ ….သူတောင်းစားကငွေနှစ်ဆယ်ပေးသွားတယ် အရှက်ကိုကွဲရောပဲ…..
မှတ်ချက်။ ။Facebook မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
Subscribe to:
Posts (Atom)



