သံကြားစက် စက်ရုံမှ ဥသြသံကိုနားစိုက်ထောင်ရင်းကန်ဇွန်းရွက်များကိုအစည်းလိုက် အစည်းလိုက် ချည်နှောင်ကာစိတ်လောနေမိသည်။ နေ့စဉ် မနက်စောစောဖောက်သည်များကိုပုံမှန်လိုက်ပြီးအလုပ်မသွားမှီအမေ့ကို ကျွန်တော် ကူညီနေခြင်းဖြစ်သည်။
အခြေခံလူတန်းစားတွေအတွက် နေ့တဓူဝ လုပ်ကိုင်စားသောက်နိုင်ဖို့ကအဓိကမဟုတ်ပါလား။
ထမင်းကြမ်းခဲကိုအစာအိမ်မှ ပိုးမျိုးရှစ်ဆယ် ထကြွသောင်းကျန်းနေတာကြောင့် အလုပ်နောက်ကျမည်စိုး၍ အလောတကြီးစားနေသောသားကိုမြင်သောတဒေါ်အုန်းရီခင်မျာစိတ်မချမ်းသာနိုင်ပါ။
“ သားရယ် ဖြေးဖြေးစားပါအုံးကွယ် အလုပ်အချိန်မှီပါသေးတယ်”
မိခင်၏ စကားကိုနားထောင်ရင်းချက်ချင်းမပြောနိုင်ပါ။ စာပွဲပေါ်မှ သောက်ရေခွက်ကိုယူပြီးသောက်လိုက် သည်။
“ ဖြေးဖြေးလုပ်လို့ မဖြစ်ဘူးအမေတော်ကြာအလုပ်နောက်ကြနေအုံးမယ်”
အစိုးရ ၀န်ထမ်း အလုပ်သမားတွေ အတွက် လစာငွေဟာမက်လောက်စရာမရှိပေမဲ့ အလုပ်အကိုင်ရှားပါးလွန်းတာကြောင့် လုပ်ကိုင်နေခြင်း ဖြစ်သည်။
တိုးအောင် တို့ မိသားစုဟာအစိုးရနယ်မြေပိုက်နက်တွင်းတွင် အိမ်လေးဆောက်ပြီးဆည်မြောင်း တာဝန် တဖတ်နှင့် သကြားစက်တွင် အလုပ်ဝင်နေရသည်။ ပညာကို ပြီးမြောက်အောင် သင်ယူခွင့်မရဘဲကျောင်းထွက်ပြီးမိသားစု တာဝန်ကို မိမိတက်နိုင်သည့် ဒေါင့်တစ်နေရာကနေမိသားစု စားဝတ်နေရေး တာဝန် ထမ်းဆောင်နေရသည်။ မနက် ပိုင်းတွင် အလုပ်ဝင် ညနေပိုင်းအလုပ်ပြန်လာတာနဲ့ အိမ်ကိုတန်းပြန်ပြီးမိသားစုတပိုင်တနိုင် စိုက်ပျိုးရေးအလုပ်ကိုလည်းလုပ်ကိုင်ရသည်မို့ သကြားစက်မှ အလုပ်ချိန်ကုန်တာနဲ့ ဘယ်နေရာကိုမှာမှ အချိန်ကုန် သဝေမထိုးနိုင်ပါ။
“ အမေအဖေ ပြန်လာပြီလား”
“ အေးလာပြီသားပန်းမျိုးတွေ သွားကျဲနေတယ်
မင်းပြန်လာရင် အဲ့ဒီကိုလိုက်လာခဲ့တဲ့”
“ ဟုတ်ကဲ့ သားခုပဲသွားလိုက်မယ်”
“ အော် နေအုံးသားအမေဈေးက အပြန်ဆေးလိပ်ဝယ်လာသေးတယ် မင်းအတွက်”
“ ဟုတ်ကဲ့အမေ”
တိုးအောင် ပေါက်ပြားကိုထမ်းပြီးထွက်လာခဲ့သည်။ ပါးစပ်မှ ဆေးလိပ်တိုကိုလက်ကြားထဲသို့ ပြောင်းပြီး
“ အဖေရေကျနော် ဘာထပ်ယူလာရအုံးမလဲ”
“ အေးရေလောင်းပုံးတွေပါ ယူခဲ့ကွာ”
“ ဟုတ်ကဲ့”
“တိုးအောင်ရေတိုးအောင်”
“ဟေးကျော်သူရတို့ပါလား
လာကွာ”
“ ဘာတွေ လုပ်မလို့လဲကွ ပေါက်ပြားတွေကောပုံးတွေကော”
“ ပန်းမျိုးတွေ စိုက်နေတာရေလောင်းမလို့ ထပ်စိုက်စရာလည်းထပ်စိုက်ရအောင် ပါကွာ”
“ အော်.. မင်းလည်းပျောက်ချက်သားကောင်းတယ်ကွာငါတို့ဘက်တောင် မလာတော့ဘူး”
“ ငါ အလုပ်များနေလို့ပါကွာ”
“ ဒါနဲ့ မင်းတို့တွေ ဒီနှစ်ဖြေနိုကြလား”
“ ငါတော့ ဖြေနိုင်ပါတယ် မင်းအောင်တို့ မင်းထိုက်တို့တော့ သိပ်မဖြေနိုင်ဘူးပြောတယ်ကွ”
“ အောင်မှတ် လောက်တော့ မှန်းနိုင်တယ်မဟုတ်လား”
“ မပြောတက်ပါဘူးကွာ”
“ မင်းလည်းကျောင်းပြန်တက်ပါလားတိုးအောင်”
“ တော်ပါပြီကွာ”
“ ဘာဖြစ်လို့လဲကွာငါတို့ အဖွဲ့ထဲမှာမင်းမရှိတော့ တမျိုးကြီးပဲကွာ”
“ ငါအခြေအနေလည်းမင်းတို့သိနေတာပဲလေ
စားဝတ်နေရေးလုံးပန်းနေရတာတဖတ်ဒီကြားထဲပထွေးကနဲ့ နေရတယ်ဆိုတော့ နေချင်သလိုနေလို့မဖြစ် ပြန်ဘူးလေကွာ”
“ ငါကိုယ်ချင်းစာပါတယ် သူငယ်ချင်းရာဘာပဲဖြစ်ဖြစ် အကူညီလိုတယ်ဆိုပြောကွာငါတို့အမြဲရှိတယ်”
“ ကျေးဇူးတင်ပါတယ်ကွာ”
“ ဒါနဲ့ ဟိုကောင်တွေကဘယ်ကိုသွားတာလဲ”
“ မင်းအောင်တို့လားရေကူးမယ်လို့ ပြောတာပဲ
ကဲတိုးအောင် မင်းလည်းအလုပ်ရှိတယ်ဆိုသွားလုပ်ပါ ငါဟိုကောင်တွေနောက်လိုက်သွားလိုက်အုံးမယ်”
“ အေးအေးသူငယ်ချင်းဖြေးဖြေးမှ ပြန်ကြပေါ့ကွာ”
“ ရတယ် ငါတို့ သိပ်မကြာဘူးခဏလောက်ပဲ”
“ အေးကွာမင်းတို့လာတာဘာမှတောင် ဧည့်မခံလိုက် ရဘူး”
“ဟာ..မလိုပါဘူးကွာဧည့်သည်မှ မဟုတ်ပဲ”
“ အဲ့ဒီလိုလဲဘယ်ဟုတ်မလဲကွာတစ်ခါတစ်လေလာလည်တဲ့ သူငယ်ချင်းတွေအတွက်”
“ တော်ပါတော့ တိုးအောင် ရာငါအားလုံးကိုနားလည်တယ် ဟုတ်ပြီလား”
“ ငါသွားလိုက်အုံးမယ်ကွာ”
“အေးအေး”
“ တိုးအောင်သက်ပြင်းရှည်ကြီးချရင်းထွက်သွားပြီဖြစ်တဲ့ ကျော်သူရနောက်ကျောပြင်ကို ကြည့်ရင်းကျန်ခဲ့သည်။ ကြာကြာတွေးမနေနိုင်ပါ ပေါက်ပြားနှင့် ရေပုံးတွေကိုယူပြီးပန်းပျိုးခင်းဘက်ကိုထွက်လာခဲ့မိတော့သည်။
………………..×……………………×…………………………×……………………………..×
အရှေ့တောင်ဘက်ကလေကောမိုးပါ မှောင်မဲတက်လာနေသည်။ မိုးမရွာခင် အိမ်ကိုရောက်အောင်ပြန်ရမည်။ အခုအချိန်လောက်ဆိုအဖေလည်း ပြန်ရောက်လောက်မည်မထင် အမေတစ်ယောက်ထဲ နွားတွေနဲ့ ဆိတ်တွေနဲ့ မဖြစ်ပါ။ နေကောင်းခါစအမေနောက်တစ်ခါ ထက်ဖျား၍မဖြစ် ဆရာဝန်တောင် လက်ချော့ထားပြီးအမေကံကြီးတဲ့အတွက် သေတွင်းမှ သီသီကလေးလွတ်ခဲ့ခြင်းဖြစ်သည်။ ကျွန်တော်ဘ၀မှာလည်း အမေတစ်ယောက်သာအားကိုးဖွယ်ရာ၊ အမေသာကျနော့်အတွက် အင်အားတွေပေးစွမ်း နိုင်တဲ့ မာတာမိခင် ကျေးဇူးရှင် အမေ့ရင်ခွင် သည်ကျနော့်အတွက် ခိုလုံရာအမှန် ဘိဗ္မာန်တစ်ခုပါ။ အမေနောက်အိမ်ထောင်ပြုလိုက်တာကိုကျနော် အပြစ်မမြင်ပါ စိတ်မကောင်းဖြစ်သည်။ ဘာဖြစ်လို့လဲဆိုတော့ အမေ့ရဲ့ ရှေ့မှာအမေနောက်အိမ်ထောင်မပြုပါနဲ့ လားအမေရယ် သားအမေ့ကိုရှာကျွေးနိုင်ပါတယ်လို့ မားမားမတ်မတ်ရပ်တည် နိုင်ဖို့ဆိုတာအဲ့ဒီတုန်းက ကျွန်တော် အင်အားမရှိခဲ့ပါ၊ အရည်ချင်းမရှိခဲ့ပါ၊ နောက် အမေစိတ်ချမ်းသာစေချင်သည်။ အမေလုပ်သမျှအားလုံးဟာသားသမီးတွေ အတွက် ကောင်းခြင်းတွေပဲလို့ ကျနော် ယုံကြည်ပါသည်။
“ တိုးအောင် တိုးအောင်”
“ဟိတ် တိုးအောင် ဘာတွေများဒီလောက်တောင် စဉ်းစားလာတာလဲ
ငါ နင့်ကိုကြည့်နေတာကြာနေပြီ ပတ်ဝန်းကျင်လည်း နည်းနည်းပါးပါး ကြည့်သွားအုံးကားတိုက်သွားမှ ဟုတ်ပေ့ ဖြစ်နေအုံးမယ် တကယ်တဲ”
“ ဘာမှ မဟုတ်ပါဘူးအိမ်ပြန်ဖို့ စိတ်လောနေရင်းအတွေးရောသွားလို့ပါ”
“ ဟွန်းဘာအတွေးရောတာလဲမှန်မှန်ပြောစမ်းဘယ်ကောင်မလေးကိုစိတ်ကူးယဉ်လာတာလဲ”
“ ဟာဘယ်ကောင်မလေးမှ စိတ်ကူးမယဉ်ပါဘူး”
“ နင်မလိမ်နဲ့နော် တိုးအောင် မှန်မှန်ပြော”
“ တကယ်ပြောတာပါ ငါ့ဘ၀ အကြောင်းစဉ်းစားရင်းအတွေးလွန်သွားတာပါ”
“ သေချာလား”
“ သေချာပါတယ်ဟာ”
“ အခုမှ ဆူပုပ်နေတဲ့ သန္တာ့ မျက်နှာလေး ကြည်လင်ဝင်း လာသည်။ သူတို့နှစ်ဟာငယ်ငယ်ထဲကအတူကစားဖော် ကစားဖက် အတန်းဖော် ငယ်သူငယ်ချင်းတွေလည်း ဖြစ်ပြီးတစ်ယောက်အပေါ် တစ်ယောက် အပြန်အလှန် နားလည်တက်ကြသည်။ တိုးအောင် ဘာဖြစ်ဖြစ် သန္တာ သိချင်သည် ကူညီနိုင်ရင် ကူညီချင်သည်။ တိုးအောင် ကလည်းငယ်သူငယ်ချင်းမလေးအပေါ် သံယောဇဉ် ဖြစ်မိသည်။ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့် လင်းလင်းလည်းပြောတက်ကြသည်။
“ နင်ပြန်မှာမိုလားငါနဲ့ လိုက်ခဲ့လေတိုးအောင်”
“ သွားပါနင်ဟာနင်”
“ လာပါဆို”
“ ဖယ် ဒါဆိုငါနင်းမယ်”
“ သဘော”
စက်ဘီးကိုတိုးအောင် တက်နင်းလိုက်တော့ သန္တာကနောက်ကယ်ရီယာအပေါ် လှမ်းခုန်တက် လိုက်တာကြောင့် စက်ဘီးအချိန်ပျက်သွားပြီးမှောက်တော့မလို ဖြစ်သွားသည်။ သန္တာ က တိုးအောင် ခါးလေးကိုလှမ်းဖတ်မိလိုက်သည်။
“ သန္တာ နင်ကောင်လေးတွေ့ရင် သ၀န်တို နေမယ်နော်”
“ ကောင်စုတ် နင်နော်”
“ အား”
“ ဟေ့ အရမ်းမလုပ်နဲ့လေစက်ဘီးမှောက်သွားမယ်”
သန္တာကတိုးအောင် လှမ်းပြီးရိုက်လိုက်သည်။
“ မှောက်ပါစေနင်ငါ့ မကြိုက်တာဘာလို့ပြောလည်း”
“ ငါ က အကောင်းပြောတာလေတကယ်လို့များနင့် ကောင်လေးတွေ့ သွားရင်
သ၀န်တိုလိမ့်မယ် ဆိုတာငါပြောတာမှားလား”
“ မှားတယ် တိုးအောင် နင် ငါ့ကိုသိပ်အထင်သေးတယ်”
ပြောရင်း သန္တာ မျက်ရည်ဝဲ လာသည်။ ငါ့ရင်ထဲကကောင်လေးဟာနင်ပါလို့ ပြောလိုက်ချင်ပေမဲ့ ငါကမိန်းခလေးလေတိုးအောင်ရယ်..။
“ နင် ငါ့မှာရည်းစားရှိတယ်လို့ ဘယ်တုန်းက ကြားဖူးလဲ”
“ မကြားတော့ မကြားဖူးဘူးပေါ့ နင်ကဒိုင်ချိုထားရင် ထားမှာပေါ့”
“ တိုးအောင်”
ဒေါသစိတ်တွေကြောင့် အော်မိလိုက်သည်။ တိုးအောင် ဒီလိုထင်တာကိုလည်းပို၍ ၀မ်းနည်းမိသည်။ စိတ်ကိုတင်းပြီး ။
“ တိုးအောင် တော်တော့ နင်နောက်ထပ် ဒီစကားတွေ ထပ်ပြောနေမယ်ဆိုငါမလိုက်တော့ဘူးနင်နဲ့”
သန္တာတကယ်စိတ်ဆိုးနေသည်။ တိုးအောင် လည်း သန္တာတကယ် စိတ်ဆိုးနေတာတောင် နည်းနည်းအထွန့် တက်လိုက်သေးသည်။
“ စက်ဘီးကနင့် စက်ဘီးနော်”
သန္တာ ငိုလေပြီ။ မခံချင်အောင် စပြီးတော့မှ တိုးအောင် နောင်တရနေမိသည်။ သန္တာ တကယ်ငိုနေသည် သူမနေတက်တော့ပါ ဘာလုပ်လို့ဘာကိုင်ရမှန်းကိုမသိ။ စိတ်ထဲမှာတော့ တိတ်ပါတော့ သန္တာရယ်လို့ ရင်ခွင်ထဲမှာချော့ချင်ပေမဲ့ မချော့ရဲပါ။ ငါရင်ထဲမှာဘာတွေဖြစ်နေတယ်ဆိုတာနင်မသိဘူး သန္တာ။ တိုးအောင် စိတ်ထဲကပြောနေခြင်းသာ ဖြစ်သည်။
“ လာပါ သန္တာ ငါကအလကားစတာပါ နင်မကြိုက်ဘူးဆိုမစတော့ဘူးဟုတ်လား
ငါကခင်လို့ စတာပါ စိတ်မဆိုးပါနဲ့ ဟာ”
မျက်ရည်တွေ နဲ့ တိုးအောင်ကို ကြည့်ပြီး။
“ ဆိုးတယ် နင့်ကိုတသက်လုံးမခေါ်တော့ဘူးသိလား
မုန်းတယ် နင်ကိုသိပ်မုန်းတယ်”
“ ဟာ သန္တာ နင် မကျေနပ်ဘူးဆိုရင် ကြိုက်တဲ့ အပြစ်ပေးဟာ ငါ့ကိုမုန်းတော့ မမုန်းလိုက်ပါနဲ့
နင်မုန်းမှာသွားမှာကိုငါသိပ်ကြောက်လိုပါဟာနော် သန္တာ..နော်”
သန္တာဘာမှ ပြန်မပြောပဲ ငြိမ်နေမိသည်။ နင်ကငါမုန်းမှာကိုတကယ်ကြောက်တာလားတိုးအောင်ရယ်။ ဒါဆိုဘာလို့များငါမကြိုက်တာကိုဘာလို့စရတာလဲ။ သန္တာရင်ထဲကစကားတွေ တိုးအောင် ကြားအောင်တော့ ထုတ်မပြောခဲ့မိပါ။
“ သန္တာ အဲ့ဒီလိုစကားမပြောပဲမနေနဲ့ဟာ သန္တာ သန္တာ”
တိုးအောင် ရင်ထဲမှာတကယ်ပဲပူလောင်နေသည်။ သန္တာမျက်နှာလေးကိုကြည့်ပြီးအကြိမ်ကြိမ် ခေါ်နေမိသည်။
“ ပြောပါ သန္တာ နင် မကျေနပ်ဘူးဆိုရင် ကြိုက်တဲ့ အပြစ်ပေးပါ ငါခံပါ့မယ်”
သန္တာ တာရှည်စွာအောင့်မထားနိုင်ပါ။ နင် ဘာတွေလုပ်လုပ် ငါ အမြဲတမ်းခွင့်လွတ်ပါတယ် တိုးအောင်ရယ်။
နင်သိလားဟင် ငါဘာကြောင့် နင် အပေါ် မနာကျည်းနိုင်လဲဆိုတာလေ။ တကယ်တမ်း ပြောလိုက်မိတာကတော့။
“ နင်တကယ် ပြောတာလား”
“ တကယ်ပါ ပြောတာပါ”
“ ဒါဆိုနောက် ငါမကြိုက်တာတွေကိုလည်းဘယ်တော့မှ မပြောတော့ ပါဘူးလို့ ကတိပေး”
“ ပေးတယ်ဟာ”
“ ကတိနော်”
“ ကတိ”
သန္တာမျက်နှာ လေးကို ကြည့်ပြီးပြောနေမိသည်။ ပြုံးရိပ်သန်းလာတဲ့ သန္တာ မျက်နှာလေးကို မြင်ရတော့မှ တိုးအောင် ပျော်သွားသည်။ သန္တာမျက်နှာလေးကိုစိုက်ကြည့်နေရာမှ အကြည့်လွဲပြီးစက်ဘီးပေါ် တက်နင်းလိုက်သည်။ တိုးအောင် ရင်ထဲမှာတော့ (အချစ်ဆိုတာဒါပဲလားလို့ ခေါင်းစဉ် တက်မိသည်။) ကျနော့် ရင်ထဲကခံစားချက်လေးတွေကိုတော့ သန္တာတစ်ယောက် သိလိမ့်မည် မထင်ပါ။ ဒါမှ မဟုတ် သိနေမည်လား…။
“ဝေါ..ဝေါ..”
“ ဟာမိုးတောင်ရွာလာပြီ”
အချစ်ဆိုတာအရာရာကိုလွှမ်းမိုးစေနိုင်လားမပြောတက်ပါ။ သေချာတာတစ်ခုကအမေအိမ်မှာတစ်ယောက်ထဲ။ စိတ်ပူလာသည်။ စက်ဘီးလေးကိုအချိန် တိုးပြီးနင်းလိုက်မိသည်။ မိုးရေထဲမှ စက်ဘီးလေးသည် တရွေ့ရွေ့ ဝေး၍ဝေး၍ သွားလေသည်။
(၁၉၉၉ ခုနှစ်မှ အဖြစ်အပျက်လေးကိုရေးသားတင်ပြခြင်းဖြစ်ပါသည်။)
ခွန်အောင်ငဲ