မူလစာမျက်နှာ

Tuesday, 8 May 2012

"မေတ္တာသင်္ဂဟအဖွဲ့၏ မေလအလှူကို ကချင်ပြည်နယ်အတွက် လှူဒါန်းရန်စီစဉ်ထားကြောင်း ခန့်စည်သူပြော"

Source:FB
ခန့်စည်သူက 'သေနိမိတ်စီး မောင်ကံကြီး'ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေ ပါတယ်။ ဒီဇာတ်ကားမှာ ခန့်စည်သူက ပါးစပ်ကပြောလိုက်တာနဲ့ နိမိတ်စီး တတ်တဲ့သူ တစ်ယောက်အဖြစ် သရုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ဇာတ်လမ်းဆန်းဆန်းကို ပရိသတ်ကို ပေးချင်တာပါဆိုတဲ့ ခန့်စည်သူက ဒီ ဇာတ်ကားနဲ့ ပတ်သက်ပြီး... ''ကန်တော့ပွဲပေးတာကတော့ ထုံးတမ်းစဉ်လာ အရ ကားတစ်ကားရိုက်တိုင်း အမြဲ ကန်တော့ပွဲပေးတာပဲလေ။ အစ်ကိုတို့က လမ်းကြောင်းတစ်ခုကို လျောက်ကြည့်ရမှာပဲ။ အရင်တုန်းက ရိုက်ခဲ့တာတွေ ပရိသတ်တွေလည်း ကြည့်ပြီးသွားပြီ။ ကြာတော့ရိုးအီသွားပြီ။ နောက်ပိုင်း ကျတော့ နည်းနည်း ဇာတ်ဆန်းတာလေးတွေ ရိုက်တာပေါ့။ ဒါကလည်း လောကကြီးမှာ ဖြစ်လေ့ဖြစ်ထရှိတယ်လေ။
ပါးစပ်စီးလို့ ဖြစ်တယ်ဆိုတာကလည်း ဥပါဒါဏ်ကြောင့် ဥပဒ်ရောက်ကြတာ ပါ။ ဇာတ်ကားရိုက်နေတုန်း ထူးထူးခြားခြားတော့ မကြုံရသေးပါဘူး။ နောက် ထပ် သင်္ချိုင်းမှာလည်း သွားရိုက်မှာ၊ ညဘက်သွားရိုက်မယ်။ သရဲမြင်တာတွေ၊ ခေါစာပစ်တာတွေလည်း ပါမယ်။ အရင်အတိုင်းဆို ဆင် ဆာမူဝါဒနဲ့ အဆင်မပြေနိုင်ဘူး။ အခုကတော့ လွတ်လွတ်ကျွတ်ကျွတ် ဖန် တီးလို့ရပြီ။ အရင်ကပြောဖူးပါတယ်။ ပရိသတ်တွေကို အသစ်အ ဆန်းတွေ ပေးချင်တာ။ တကယ်လို့ မတော်တဆ မှားသွားခဲ့ရင် ဒါက စေ တနာအမှားပဲ ဖြစ်ပါလိမ့်မယ်။ အမှားကတော့ အမှန်မဖြစ်နိုင်ပါဘူး။ တမင် လုပ်ပြီးမှားတာနဲ့ စေတနာနဲ့မှားတာက ကွာပါတယ်။ နောက်လည်း ပရိသတ် စိတ်ဝင်စားမယ့် ဇာတ်လမ်းဆန်းတွေ ရွေးပြီးရိုက်ဖို့ ရှိပါတယ်'' လို့ ပြောပါ တယ်။
လစဉ်အလှူ လုပ်လေ့ရှိတဲ့ ခန့်စည်သူနဲ့ အနုပညာရှင်တွေပါဝင်တဲ့ မေတ္တာ သင်္ဂဟအဖွဲ့က မေလအတွက် အလှူကိုတော့ ရာသီဥတုအခြေအနေ ကြည့် ပြီး ကချင်ပြည်နယ် က လိုအပ်နေတဲ့သူတွေကို လှူဒါန်းဖို့ရှိတယ်လို့ ပြောပြ ပါတယ်။

No comments:

နေ့မှာ