မူလစာမျက်နှာ

Monday, 7 May 2012

"နေမင်း စိတ်ကို လွှမ်းမိုးခဲ့တဲ့သူ"

Source:FB
နေမင်းကို ဗီဒီယို၆ကား ရိုက်ကူးဖို့ ပြင်ဦးလွင်မြို့ကို ရောက်ရှိနေပါတယ်။ နေမင်းက သင်္ကြန်တွင်းမှာ နှစ်တိုင်းသက္ကလရွာကို ပြန်ပြီးအလှူလုပ်ပေမယ့် ဒီနှစ်မှာတော့ “တက်တူး”ဆိုတဲ့ ကားရိုက်ရှိတာကြောင့် ရွာမပြန်ဖြစ်ဘဲ ရန်ကုန်မှာ ပရိသတ်တွေရဲ့ ကြားထဲသွားပြီး လမ်းပေါ်မှာ လျှောက်လည် ခဲ့တယ်လို့ ပြောပါတယ်။ နေမင်းက ကားတွေတောက်လျှောက် ရိုက်ရပေမယ့် အတွဲအများဆုံး မင်းသမီးဆိုတာမရှိဘဲ၊ မင်းသမီးအစုံနဲ့မျှပြီး ရိုက်တယ်လို့ ပြောပါတယ်။ နေမင်းမင်းသား စဖြစ်တုန်းမှာ ဗီဒီယိုရိုက်တာကို သတိရမိတာမို့ အဲဒီအကြောင်းကိုပြန်မေးတော့ ”အဲဒီတုန်းက ကိုနိုင်ကြီး နဲ့ ရိုက်တာပါ။ မင်းသားကြေးတောင်မရဘူး။ မရဘူးဆိုတာက မယူတာပါ။ သူ တို့ကလည်း ပေးမယ်ပြောတယ်။ ကျွန်တော်က ကိုနိုင်ကြီးနဲ့တွဲချင်တာရော၊ ကောင်းခန့်နဲ့ တွဲချင်တာ ရောကြောင့် တမင်ဝင်တာပါ”လို့ပြောပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ် အနေ အထားနဲ့ အခုအနုပညာအနေအထား ဘာကွာ သွားလဲ ဆိုတော့ “ဒီမြေက စတာဆိုတော့ ဒီပြင်ဦးလွင်ကိုတော့ ကျွန်တော်က အောင်မြေလို့ သဘောထားတယ်။ ကျွန်တော် ပြင်ဦးလွင် ကိုလာပြီး ရိုက်တဲ့ ကားတိုင်း ပရိသတ် ကြိုက်ပြီးအားပေးကြတယ်။ အဆင့်တစ်ဆင့် မြှင့်ပေးတဲ့ ကားတွေပေါ့။ အခု ပြင်ဦးလွင်ရောက်နေတုန်း ရန်ကုန် မှာဖြန့်တာ မင်းဒင်ရဲ့ သစ္စာဆိုတဲ့ကားပါ။ တစ်ခါမှ မတက်ဖူးတဲ့ဆိုင် တက်နှုန်းတက်တယ် ပြောလို့ ဝမ်းသာနေရတာ။ အခုခွေ မဖြန့်မီတစ်ရက် ဒီမှာရထားတိုက်တဲ့အခန်း သွားရိုက်တာ လိပ်၉ကောင် အရှင်ရလို့ ဝယ်ပြီး လွှတ်ခဲ့တာ၊ နောက်တစ်နေ့ ခွေအခြေအနေ ကောင်းတာပဲ။ တိုက်ဆိုက်မှုလားတော့ မသိပါဘူး” လို့ပြောပါ တယ်။ နေမင်းက မင်းသားကြီးတွေ ပေါက်ခဲ့တဲ့ ဇာတ်ကားတွေ ပြန်ရိုက်ပြီး သူ့လက်ထက်မှာလည်း ပေါက်ကားတွေ ဖြစ်ခဲ့ပါတယ်။ အခုအခါမှာလည်း ကျော်ရဲအောင်ရိုက်ခဲ့တဲ့ ကောင်း ကင်ကြိုး ဆိုတဲ့ကားကို ပြန်ရိုက်ဖို့ ဝယ်ထားတယ်လို့ပြောပါတယ်။ မင်းသားတွေတော် တော် များများတော့ ကြိုက်ပါတယ်။ ဒါပေမဲ့ဒွေးနဲ့ကျော်ရဲအောင် ကတော့ မသိ စိတ်ရော၊ သိစိတ် မှာပါ လွှမ်းမိုးခဲ့တဲ့ သူတွေပါလို့ပြောတဲ့ နေမင်းက ပြင်ဦးလွင် အမှတ် တရတွေ ရှိတယ်လို့ဆိုတာကြောင့် မေးကြည့်တော့ ”ပထမ တစ်နှစ် ရောက်တုန်း က စကိတ်နဲ့ ရိုက်နေတုန်း ပြုတ်ကျပြီး ဒူးတွေ၊ တံတောင်တွေ ပြဲကွဲခဲ့တယ်။ ဒုတိယ တစ်နှစ်မှာ ရောက်ပြီးနှစ်ရက်ပဲ ကြာတယ်။ ဝမ်းတွေသွားလို့ ဆေးခန်း သွားရတယ်။ အခု တစ်ခါမှာတော့ ငါဆေးခန်းတွေ မသွားရတော့ဘူး ထင်ထားတယ်။ ဒီနှစ်လည်း ချစ်သူ လူဆိုးဆိုတဲ့ ကားမှာ ဖိုက်တင်ရိုက်ရင်း ပြုတ်ကျလို့ တံတောင်တွေ ကွဲပြဲသွားလို့ ချမ်းသာသုခ သွားလိုက် ရတယ်”လို့ပြောပြခဲ့ပါတယ်။

No comments:

နေ့မှာ