မူလစာမျက်နှာ

Monday, 7 May 2012

"၂နှစ်ခွဲသာ ရှိသေးတဲ့ သမီး ဖြစ်သူ စင်ပေါ်တက်ပြီး သီချင်းဆိုတဲ့ အကြောင်း မီးမီးခဲ ပြော"

Source:FB
မီးမီးခဲရဲ့သမီးလေး ဖြူဖြူစင်စင်လင်းက လည်း မိဘတွေရဲ့ အနုပညာ မျိုးရိုးကို ထပ် ကြပ်မကွာ လိုက်တဲ့သူပါ။ သမီးဖြစ်သူမှာ တွေ့ရတဲ့ ဂီတသွေး နဲ့ပတ်သက်ပြီး မီးမီးခဲ က”သွေးကအပြည့်ပဲ ဂီတဘက်ကို တော် တော်လေး ဝါသနာပါတယ်။ အခုတောင် ၂နှစ် ခွဲပဲရှိသေးတယ်။ မေလ ၁ ရက်နေ့က အစ်မမောင်လေး မင်္ဂလာဆောင်မှာ သီချင်း တက်ဆို တယ်။ အစ်မ အခု အသစ်ထွက်ထားတဲ့Miss Call အခွေထဲက သီချင်းတွေ သူ အကုန်ရတယ်”လို့ ပြောပါတယ်။သမီးလေး ဖြူဖြူစင်စင်လင်းက သူကြိုက်တဲ့ သီချင်းတွေ ဆိုရင် အကုန် အလွတ်ရတယ် လို့သိရပြီး ဂစ်တာ တီးပေးရင်လည်း Timing မှန်အောင် ဆိုတတ်တယ်လို့ ပြောပါတယ်။ “သူက ချစ်သုဝေ သီချင်းတွေ လည်း ကြိုက်တယ်။ သူ့ရဲ့အနာဂတ်အတွက် ဘယ် လိုစဉ်းစားထားလဲ ဆိုတော့ ပညာရေးကိုပဲ ပို ပြီးဦးစားပေးခိုင်းမှာပါ။ ပညာရေးပြီးမှသာ တခြား ကိစ္စတွေ လုပ်ခိုင်းမှာပါ။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ်ဆန်ဆန်တော့ မလုပ်ခိုင်း ဘူး၊ သူ့ဝါသနာအရ စိတ်တအားပါရင်တော့ လုပ်ခိုင်းမယ်။ အခွေထုတ်ချင်တယ် ဆိုလည်း အစ်မတို့က ထုတ်ပေးမှာပါ။ တအားဖိဖိစီးစီး ကြီးတော့ မလုပ်ခိုင်းပါဘူး။ ဒါပေမဲ့ သူက ပါရမီ တအားပါတယ်”လို့ မီးမီးခဲက သူ့သမီး လေးရဲ့ အကြောင်းကို ပြောပြပါတယ်။မီးမီးခဲက လက်ရှိထွက်ထား တဲ့ Miss Call အခွေ MTV ကိုတော့ ၆လပိုင်းမှာ ထွက်ရှိမှာဖြစ်ပြီး ဒီ့နောက်ပိုင်းမှာ ကျော်ရင် တော့ မီးမီးခဲက ဖျော်ဖြေပွဲပြုလုပ်မှာ ဖြစ် ပါတယ်။

No comments:

နေ့မှာ