မူလစာမျက်နှာ

Monday, 7 May 2012

"ဝေးနေတယ်လို့ ခံစားရပြန်တဲ့ အေးမြတ်သူ"

Source:FB
အေးမြတ်သူက ဗီဒီယိုနှစ်ကားရိုက်ကူးဖို့ ပြင်ဦးလွင်ကိုရောက်ရှိနေပါတယ်။ အေးမြတ်သူက ဇာတ်ကားတွေ တောက်လျှောက် ရိုက်ကူးဖြစ်နေတာမို့ အတွဲအများဆုံး မင်းသားက ဘယ်သူလဲမေးတော့ “အဲဒီလိုတော့ မရှိပါဘူး။ မင်းသားတွေ အကုန်လုံးနဲ့ ရိုက်နေရတာပါပဲ။ သီးသန့်ချည်းတွဲပြီးရိုက်နေရတဲ့ မင်းသားတော့မရှိပါဘူး” လို့ ပြောပါတယ်။ မင်းသားတွေကတော့ ဟိုးတုန်းက မင်းသားကြီးတွေ ပေါက်ခဲ့တဲ့ကားတွေကို ပြန်ရိုက်ကြတယ်။ မင်းသမီးအေးမြတ်သူကော ဟိုးတုန်းက မင်းသမီးကြီးတွေရဲ့ ကားတွေကို ပြန်ရိုက်ချင်တာရှိမလား ဆိုတော့”ဟိုးတုန်းက ကားတွေပြန်ရိုက်ဖို့ကို စိုးရိမ်စိတ်ရှိတယ်။ ဂျက်မကားဆိုလည်း အန်တီခင်သန်းနု တို့ ကောင်းခဲ့တော့ ကိုယ့်အလှည့်မှာ အားပေးပါ့မလား စိုးရိမ်ခဲ့ရတာ။ ကြိုက်ကြတယ်ဆိုမှ ပျော်တာ”လို့ပြောပါတယ်။ အခုလတ်တလောမှာတော့ ရုပ်ရှင်ကားကြီးမှာ နက်နက်နဲနဲလုပ်ရတဲ့ ရုပ်ရှင်တစ်ကားရိုက်ချင်တယ်လို့ အေးမြတ်သူ ကပြောပြီး သူအဲဒီလို အခွင့်အရေးမျိုးမရသေးဘူးလို့ ပြောပါတယ်။ မင်းသမီးဖြစ်ရတဲ့ဒုက္ခက ဘာလဲလို့မေးတော့.. ”လူချစ် လူခင်ပေါတယ်။ မင်းသမီးမို့လို့ အရေးပေးခံရတယ်။” မင်းသမီး ဖြစ်ရတဲ့ဒုက္ခကကောလို့ ဆက်မေးတော့ ”အဲဒါမျိုးတစ်ခါမှ မစဉ်းစားမိဘူး။ ကိုယ်သွားချင်တာ၊ကိုယ်လုပ်ချင်တာလုပ်ခဲ့တယ်။ ပေါ့ပါးလွတ်လပ်စွာနေ တယ်။ချုပ်တည်းထားတာမရှိတော့ ဒုက္ခဆိုတာမရှိဘူး”လို့ပြောပါတယ်။ အချစ်အကြောင်းတွေ မပြောချင်ဘူးလို့ပြောတဲ့ အေးမြတ်သူက ဖိတ်စာရမှပဲ အားလုံးကို ဝေပါတော့မယ်လို့ နောက်နောက်ပြောင်ပြောင် ပြောပါတယ်။ ဇာတ်ကားတွေ တောက်လျှောက် ရိုက် ထားပေမယ့် သူ့ကားတွေ မထုတ်သေး တာကြောင့် ကားထွက်ကျဲပြီး ပရိသတ်နဲ့ အဆက်အသွယ်ပြတ် သလို ဖြစ်နေကြောင်း သူ့ကားတွေ ဆက်တိုက်ထွက်တဲ့အခါမှာ လည်း အားပေးပါလို့ သူ့ပရိသတ်ကို အသိပေးပါတယ်။ ပရိသတ်နဲ့ဝေးနေတယ်လို့ ခံစားနေရတဲ့ အေးမြတ်သူကို ဖျော်ဖြေပွဲတွေသွားပြီး ပရိသတ်နဲ့နီးဖို့ မကြိုးစားဘူး လားမေးတော့…ကိုယ်ကလည်း သီချင်းကို မကျွမ်းကျင်ဘဲ မဆိုချင်ဘူး။ အနုပညာဖျော်ဖြေပွဲတွေ ပြည်ပကိုသွားဖို့ သုံး၊လေးခုရှိတယ်။ အဲဒီအတွက် သီချင်းတွေဆိုဖို့ သေ ချာပြင်ဆင်ထားတယ်။ အဆင်သင့်ဖြစ်ရင် ပြည်တွင်းမှာလည်း ဆိုပါမယ်။ ဒါပေမဲ့ သရုပ်ဆောင်ဘက်ကိုပဲ အလေးပေး ချင်တာကြောင့် ဇာတ်ကားကိုပဲ အဓိကရိုက်ကူးဖြစ် တယ်လို့ ပြောပြခဲ့ပါတယ်။

No comments:

နေ့မှာ