Source:FB
ဂျာနယ် စာမျက်နှာ ထက်ကနေ ပျောက်နေတာ အချိန် အနည်းငယ် ကြာပြီဖြစ်တဲ့ သူထူးစံကို ပေါ်ပြူလာက ခဏခဏ ဖုန်းဆက်ပေမယ့် ဖုန်းပိတ်ထားတာမျိုး ကြုံတွေ့နေ ရပါတယ်။ ဖုန်းပိတ်ထားတယ် ဆိုတာကလည်း ရွေးကောက်ပွဲ ကာလမှာ ကချင်ပြည်နယ်ဘက် သွားပြီး တရားစခန်း ဝင်နေတာကြောင့်လို့ သိရပါတယ်။ လတ်တလောမှာ ‘ကြာတစ်ပွင့် ရဲ့သမိုင်း’ဆိုတဲ့ ဇာတ်ကားကောင်းလေး တစ် ကားလည်း ထွက်ရှိထားပြီး ပရိသတ် တော်တော်နှစ်ခြိုက် အားပေးကြကြောင်း အသံတွေ ပြန်ကြားရပါတယ်။ သူထူးစံနဲ့ အဆက်အသွယ် ရချိန်မှာတော့ ဒီဇာတ်ကား ကို ပရိသတ်တွေ နှစ်ခြိုက်ကြကြောင်း ကြားရပြီး သူကိုယ်တိုင်လည်း ကြိုက် နှစ် သက် ကြောင်း ပြောပြပါတယ်။
”အဲဒီကားလေး ပေါက်တယ်။ ကိုသားကြီး အရင်တုန်းက ရိုက်ခဲ့တဲ့ကားလေ။ ကို သားကြီးဇာတ်ကား တော်တော်များများကို အစ်ကိုရှောင်ပါတယ်။ ဒီကားလေး ကျတော့ သူငယ်ချင်းကားလေး ဆိုတော့ ရိုက်လိုက်တာ။ တော်တော်ကောင်းပါတယ်။ ဦးမျိုးမင်းက ဇာတ်ကိုနိုင်တာလည်း ပါတယ်။ အစ်ကိုက သူ ငယ်ချင်းကားဆို ကြိုက်တယ်။ အစ်ကိုတို့၊ သတ္တိတို့၊ ဟက်ကက်တို့က ရွယ်တူတွေပဲလေ။ တကယ်လည်း သူငယ်ချင်းတွေ ဆိုတော့ အဆင်ပြေတယ်။ ဖွေးဖွေးနဲ့ ရတနာဖြူဖြူ အောင် နဲ့က လည်း ကောင်းတယ်”လို့ ‘ကြာ တစ်ပွင့်ရဲ့သမိုင်း’ ဇာတ်ကားနဲ့ ပတ်သက်ပြီး ပြောပါတယ်။
လတ်တလောမှာ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)နဲ့ ငပလီမှာ သီချင်းနှစ်ပုဒ် သွားရိုက်မှာဖြစ်ပြီး မေလ ၇ ရက်နေ့မှာတော့ ပြင်ဦးလွင်မှာ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) နဲ့ပဲ သရဲကား တစ်ကားသွားရိုက်ဦးမယ်လို့ သူထူးစံက ဆိုပါတယ်။ ပြင်ဦးလွင်မှာ ဇာတ်ကားသုံး ၊လေးကား ဆက်တိုက် ရိုက်ကူးခဲ့မှာ ဖြစ်ပြီး ရိုက်မယ့် ဇာတ်ကားတွေက သူထူးစံရဲ့ ထုတ်လုပ်ရေး လပ်ကီးဆဲဗင်းနဲ့ မဟုတ်ဘဲ အပြင်ထုတ်လုပ်ရေးများနဲ့ ရိုက်ကူးမှာ ဖြစ်ကြောင်း သိရပါတယ်။ လပ်ကီးဆဲဗင်းနဲ့ ၂ဝဝ၃ ခုနှစ် ကတည်းက စတင် လက်တွဲခဲ့တာ ဖြစ်ပြီး ကိုးနှစ်ကြာ လက်တွဲခဲ့ပြီးဖြစ်ပါတယ်။
”လပ်ကီးဆဲဗင်းနဲ့ ကိုးနှစ်ကြာ လက်တွဲ ပြီးပြီ။ အတိုင်းအတာ တစ်ခုထိ အကုန်လုံး ပြီးစီးသွားပြီ။ အစ်ကိုလည်း အောင်မြင်ခဲ့တယ်။ သူတို့လည်း အောင်မြင်ခဲ့တယ်။ အခုတော့ အပြင် ထုတ်လုပ်ရေးတွေနဲ့ လွတ်လွတ်လပ်လပ် ဇာတ်ကား ရိုက်ကူးမှု လက်ခံနေပါပြီ။ အစ်ကို့ကို ငါးခုလောက် လာကမ်းလှမ်းထား တာရှိတယ်။ ဒါပေမဲ့ အစ်ကို သေချာရွေးချယ် တော့မှာပါ။ ရိုက်ချင်မှလည်း ရိုက်တော့မယ်။ ဒီအလုပ်ကို တကယ်ဝါသနာပါတဲ့ အတွက် တကယ် ကြိုးစားခဲ့တယ်။ ဒါကြောင့်လည်း အတိုင်း အတာ တစ်ခုထိ ရောက်ခဲ့ပါတယ်”လို့ တခြားထုတ်လုပ်ရေးများက ကမ်းလှမ်းထားတာတွေ ရှိပေမယ့် ထုတ်လုပ်ရေး တစ်ခုနဲ့ လက်တွဲဖြစ်၊ မတွဲဖြစ် ကိုတော့ သေချာ စဉ်းစားမှာ ဖြစ်ကြောင်း သူထူးစံက ပြောပြပါတယ်။

No comments:
Post a Comment