မူလစာမျက်နှာ

Monday, 7 May 2012

"၄ ခွေမြောက် တစ်ကိုယ် တော်ထွက်ပြီးရင် တစ်ကိုယ်တော် ဖျော်ဖြေပွဲ လုပ်ဦးမယ့် နောနော် "

Source:FB
’အတိုင်းထက် အလွန်’ တေးစီးရီးနဲ့ အောင်မြင်ခဲ့တဲ့ နောနော်က အကန့်အသတ် မရှိ၊ အိပ်မက်ထဲကလူ စီးရီးများ မှာလည်း ပရိသတ် အားပေးမှုကို ဆက်လက် ရယူခဲ့ပြီး အခု ၂ဝ၁၂ ထဲမှာတော့ သူ့ရဲ့ ၄ ခွေမြောက် တစ်ကိုယ်တော် အခွေကို ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ အဲဒီ အခွေထဲမှာတော့ သီချင်း ၁ဝ ပုဒ်ခန့် ပါဝင်မှာဖြစ်ပြီး လက်ရှိ အချိန်မှာတော့ ၅ ပုဒ် အချောသပ် ပြီးသွားပြီဖြစ်ပြီး နယ်ခရီး တွေလည်း သွားတာ များနေတာကြောင့် ကျန်တဲ့အပုဒ်တွေ ကိုတော့ ဖြည်းဖြည်းချင်းပဲ အသံ သွင်းယူနေ ပါတယ်။ တေးရေးတွေ ကတော့ သူ့ ရဲ့ ‘အိပ်မက်ထဲကလူ’ စီးရီးမှာ ပါဝင်ရေးသား ကြတဲ့ တေးရေးတွေပဲ အများဆုံး ပါမှာဖြစ်ပါ တယ်။ လူငယ်၊ လူသစ်တွေရဲ့သီချင်းတွေ လည်း ယူသုံးဖို့ ရှိတယ်လို့ သိရပါတယ်။ နော နော်က တတိယအခွေ ‘အိပ်မက်ထဲကလူ’ ထွက်တဲ့ အချိန်တုန်း ကတော့ အမှတ်တရ ဖျော်ဖြေပွဲ တစ်ခု ပြုလုပ်ခဲ့ ပါသေး တယ်။ အခု ၄ခွေ မြောက် ထွက်လာရင်ကော ရှိုးပွဲလုပ်ဖြစ်ဦး မလားဆိုတော့…
”လုပ်ဖြစ်မယ်။ ဒီတစ်ခေါက်တော့ ပရို မိုးရှင်း အနေနဲ့မဟုတ်ဘူး။ Ticket Show အနေနဲ့ လုပ်ဖြစ်မယ်။ ကိုယ်နဲ့ ကိုယ့်သူငယ်ချင်း တီးဝိုင်းတွေလည်းပါမယ်။ ၆ လ ပိုင်းကျော် လောက်မှာ လုပ်ဖြစ်လိမ့်မယ် ထင်တယ်။ ဘယ်မှာ လုပ်ဖြစ်မလဲတော့ မစဉ်းစားရသေးဘူး” လို့ ပြောပါတယ်။
နော်နော်က ကြားထဲမှာ ဆိုထားတဲ့ အတွဲခွေတွေလည်း ရှိပေမယ့် ခရီးသွားတာ များနေတဲ့အတွက် ဘယ်အခွေ ထွက်သွားပြီလဲ ဆိုတာကို သိပ်တောင် သတိမထား မိဘူးလို့ ဆိုပါတယ်။ နောနော်က လူသစ်တွေနဲ့ တွဲပြီး ဆို ရတဲ့ အတွဲခွေတွေ မှာလည်း လူငယ်တွေကို ကူညီ အားပေးချင်တဲ့စိတ်နဲ့ ဝင်ရောက် သီဆို ဖြစ်တယ်လို့ ပြောပြီး အခုထိတော့ တွဲဆိုရတဲ့ အတွဲခွေတွေ အားလုံး အဆင်ပြေပါတယ်လို့ လည်း ပြောပြခဲ့ပါ တယ်။

No comments:

နေ့မှာ