Source:FB
မန္တလေး ပေါ်ပြူလာအနုပညာ ရပ်ဝန်းကို မေးလာတဲ့ ပရိသတ်တွေအတွက် ဒီတစ်ပတ်မှာ တော့ ဆိုတေး၊နေမင်း၊ အိန္ဒြာကျော်ဇင်တို့ အကြောင်းဖြေကြားပေးပါ့မယ်။
ဆိုတေးရဲ့အကြောင်း မေးလာတဲ့ ဘားအံက နေခြည်နွေးနွေး၊ ကျိုက်ထိုကနီလာစိုး၊ နွယ်နီဝင်း၊ သဇင်စိုး၊ အိချောသဲတို့ရေ..ဆိုတေးရဲ့ နာမည်အရင်းကတော့ အောင် သက်ပိုင်ပါ မွေးနေ့က ၆-၅-၁၉၉ဝပါ။ နေရပ်လိပ်စာကတော့ အမှတ်၂၆၊၂၉ရပ်ကွက် ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရန်ကုန်မြို့ပါ။ အကြိုက်ဆုံးအရောင်က အဖြူရောင်ပါ တဲ့။ နေမင်းရဲ့ အကြောင်းမေးထားတဲ့ မန္တလေးက နွယ်နွယ်စိုး၊ မဖြူဖြူသိမ်း၊ နေပြည်တော်က ကိုရန်နိုင်၊ ပြည်မြို့ကသီတာ၊မုံရွာကအောင်ကြည် တို့ရေ..နေမင်းရဲ့လိပ်စာ ကတော့ အမှတ်-၃၅ဝ၊ အခန်း၆ဝ၁၊ သိမ်ဖြူလမ်း၊ ရှိုင်းတာဝါ၊မင်္ဂလာတောင်ညန့်မြို့နယ်၊ ရန်ကုန်မြို့ပါ။ အကြိုက်ဆုံးအရောင်က အဖြူကို အများဆုံးကြိုက်ခဲ့ပေမယ့် အခု အခါမှာတော့ ဘာအရောင်ကြိုက်မှန်းတောင် မသိတော့ပါဘူးတဲ့။ အကြိုက်ဆုံး အစားအစာကတော့ အမေကျွေးတဲ့ အစားအစာအကုန်ကြိုက် ပါတယ်။ မွေးသက္ကရာဇ် ကတော့ ၆-၈-၈၅ပါတဲ့။
အိန္ဒြာကျော်ဇင်ရဲ့ လတ်တလောလှုပ်ရှားမှုတွေ အကြောင်း မေးလာတဲ့တောင်ကြီးက အေသင်ခိုင်၊မန္တလေးက စုမွန်ကျော်၊ ကိုကြည်သိန်းနိုင်၊ မုံရွာက ကျော်ကျော်ထွန်း၊ ရန်ကုန်တာမွေက အငယ်လေးတို့ရေ..အိန္ဒြာကျော်ဇင်က လတ်တလောမှာ ခင်ပွန်းသည် ပြေတီဦး၊ သမီးပြေသုဒြာတို့နဲ့အတူ ပြင်ဦးလွင်မြို့မှာဇာတ်ကားတွေ ရိုက် ဖို့ရောက်နေပါတယ်။ လတ်တလောမှာတော့ လူမင်းနဲ့ ဗီဒီယိုတစ်ကား ရိုက်ထားပြီး အောင်ရဲလင်းနဲ့လည်း ကားတွေရိုက်မှာပါတဲ့။ သူ့ရဲ့ဧပြီလ၂၇ရက် မွေးနေ့ကို လည်း ပြင်ဦးလွင်မှာပဲ ကျင်းပခဲ့ပါတယ်။ ကဲ ..ပရိသတ်ရေ..နောက်တစ်ပတ်မှပဲ ပြန်ဆုံပါ့မယ်။

No comments:
Post a Comment