မူလစာမျက်နှာ

Monday, 7 May 2012

"မြန်မာ့ရုပ်ရှင် ကမ္ဘာကို ထိုးဖောက်မယ်ဆိုရင် တတ်နိုင်တဲ့ဘက်က လုပ်ပေးဖို့ အဆင်သင့်ပါပဲဆိုသူ နဝရတ်"

Source:FB
ပြင်ဦးလွင်မှာ ဇာတ်ကားတွေ သွားရောက်ရိုက်ကူးနေတဲ့ နဝရတ်က ပြင်ဦးလွင်မှာ ရိုက်ကွင်းတွေ ဆုံနေတာကြောင့် ဇာတ်ကားရိုက်ကူးမှု နေရာ အခက် အခဲတွေဖြစ်ပေမယ့် ကိုယ်ပါဝင်တဲ့ဇာတ်ကားအတွက် လိုအပ်ရင် ပြင်ဦးလွင်က သူမရဲ့အိမ်မှာလည်း ရိုက်ကူးဖြစ်တယ်လို့ ဆိုပါတယ်။ နဝရတ်က ပြင်ဦးလွင်မှာတင် မဟုတ်ဘဲ ရန်ကုန် အိမ်မှာရော၊ သူ့ရဲ့ Art & T8 Beauty Salon မှာရော ဇာတ်ရဲ့လိုအပ်ချက်အရ၊ဇာတ်ဝင်ခန်းအတွက် လိုအပ်ရင် ရိုက်ကူးလေ့ ရှိပါတယ်။ အခုလတ် တလောမှာတော့ သူထူးစံ၊ ထွန်းအိန္ဒြာဗိုတို့နဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘သမီး ယောက်မ’ ဇာတ်ကားကို ပရိသတ်တွေက ကြိုက်ကြပါတယ်။ အရင်ကလို ဇာတ်ကားတွေ ဆက်တိုက်မထွက်ပေမယ့် ဇာတ်ကားတွေထွက်ရင် အားပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ဆိုတဲ့ နဝရတ်က…”အစ်မလုပ်တဲ့အလုပ်အပေါ် ပရိသတ်က နားလည်ပေး တယ်။ အစ်မက ပရိသတ်အတွက် တစ်ခုခု ကျန်ခဲ့တဲ့ကားမျိုးတွေ ရိုက်ချင်တယ်။ ရွေးလုပ်သွားမယ်။ အားပေးတဲ့အတွက် ပိုတာဝန်ရှိတယ်။ ပိုကြိုးစားရမယ်။ မြန်မာ့ ရုပ်ရှင် ကမ္ဘာကိုထိုးဖောက်နိုင်အောင် အစ်မဘက်က လုပ်ပေးနိုင်တာတွေ လုပ်ပေးဖို့အဆင်သင့်ပဲ။ အခု သရုပ်ဆောင်သစ်တွေလည်း သူများခိုင်းတာလုပ်တာထက် ကိုယ်တိုင် ဦးဆောင် လမ်းဖောက်သင့်တယ်။ အစ်မစတိုင်ဆို သတ်သတ်ရှိတယ်။ ပရိသတ်လက်ခံတယ်။ သူများလုပ်တဲ့ ဒီဇိုင်းကို လိုက်လုပ်တာထက် ကိုယ့်ဘာသာပရိသတ်ကို ဆွဲယူသွားပြီး လက်ခံ နိုင်အောင် အရင်ဆုံးလုပ်ရမယ်။ သူများ နင်းပြီးသား လမ်းကိုလိုက်ပြီးလုပ်ရင် ဘယ်လို ကမ္ဘာကိုထိုးဖောက်နိုင်မလဲ။ အခုလို အကုန်လုံးပွင့်လင်း လွတ်လပ်ပြီးဆို အစ်မတို့ အများကြီးလုပ်လို့ရသွားပြီ။ အရင် ဘောင်အတိုင်းပဲ ဆက်လုပ်မယ်ဆိုရင် ဒီလောက ဘယ်လိုတိုးတက်မလဲ”လို့ လည်းပြောပြပါတယ်။

No comments:

နေ့မှာ