Source:FB
ရန်ကုန်၊ ဧပြီ - ၂၆
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပ
ါတီ၏ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီ၏ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ
ယခုကျင်းပနေသော လွှတ်တော်အစည်းအ ဝေးများသို့ မတက်ရောက်သည့် ကိစ္စသည်
လုပ်ထုံးလုပ်နည်းဆိုင် ရာပြဿနာတစ်ခုသာဖြစ်ပြီး
နိုင်ငံရေးပြဿနာမဟုတ်ကြောင်း၊ နိုင်ငံရေးအရ မဆုတ်သာ မတိုးသာသည့်အခြေအနေသို့
ရောက်ရှိစေရန် တွန်းအားပေးမည်မဟုတ် ကြောင်းနှင့် ပါတီကို
ထောက်ခံအားပေးသူများလည်း တစ်သဘော တည်းရှိမည်ဟုထင်မြင်ကြောင်း
ယနေ့နံနက်ပိုင်းက သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
သို့ရာတွင် ဘီဘီစီသတင်းဌာန၏ မည်သည့်အချိန်၌ ပါလီမန်ထဲ သွားနိုင်မည်လဲဟူသော
မေးခွန်းကို “အဲဒီ့မေးခွန်းကို ကျွန်မအခု အဖြေနိုင်သေးပါဘူး”ဟု
ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသွားသည်။ဒေါ်အောင်ဆန်းစုကြည်သည်
ယနေ့နံနက် ၉ နာရီခွဲတွင် အီတလီနိုင်ငံခြားရေးဝန်ကြီး Mr. Giulio Terzi
di Sant' Agata နှင့် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
ဖွဲ့စည်းပုံတွင်ပါရှိသော စကားလုံးများ တသမတ်တည်း
မဖြစ်သည့်အခက်အခဲဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ၏ အစီအစဉ်နှင့် ရွေးကောက်ပွဲဥပဒေ၊
နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်းဥပဒေ စသည် တို့တွင်ပါရှိသည့်
စကားလုံးများမညီညွတ်သည့် လုပ်ထုံးလုပ်နည်း ပြဿနာတစ်ခုဖြစ်သည်ဟု
သူမကပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက ၂၀၁၀ ရွေးကောက်ပွဲ တွင် မပါဝင်ခဲ့သည့်အကြောင်းရင်းများထဲ၌ ယခုစကားလုံး၏ ပြဿနာသည် အဓိကပြဿနာတစ်ခု အဖြစ် ပါဝင်ခဲ့သည်ဟုပြောကြားသွားသည်။၂၀၁၀
ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင်ပါရှိသည့်
အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရ မည်ဟု ပါသောကြောင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲမ၀င်ခဲ့ခြင်းဖြစ်ပြီး
ထိုဥပဒေကို ပြင်ဆင်ပြီးနောက် အဆိုပါစာသားသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏
လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းကျိန်ရ မည့်စာသားတွင်ပါရှိနေသေးခြင်း
ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ယခုပြဿနာကို ဖြေရှင်းရန်
အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေပြီး သူမတို့သည် သမ္မတ၏ ရိုးသားသောသဘောထား
အပြုအမူများကြောင့် ယုံကြည်ကြောင်းပြောကြားခဲ့သည်။သမ္မတက မြန်မာနိုင်ငံကို တိုးတက်သော ချမ်းသာသောနိုင်ငံတစ်ခုအဖြစ် ပြုပြင်ပြောင်းလဲနေသောရလဒ်များကို ယုံကြည်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများတွင် သမ္မတနှင့်အတူတွဲ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဟု လည်းပြောကြားခဲ့သည်။
No comments:
Post a Comment