မူလစာမျက်နှာ

Thursday, 26 April 2012

လယ်မြေအသိမ်းခံရသော လယ်သမား ၆၀ ခန့် မြို့ရွာအိုးအိမ်ရုံးရှေ့လာရောက်စုဝေး

Source:FB
ရန်ကုန်၊ ဧပြီ- ၂၆
လယ်ယာမြေသိမ်းဆည်းခံရမှုများနှင့်ပတ်သက်၍ တင်ပြတောင်းဆိုရန် လှိုင်သာယာမြိုကနယ်၊ ဆိပ်ကြီးခနောင်တိုနှင့် မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာတို့မှ လယ်သမား ၆၀ ခန့် ယနေ့နံနက်(ဧပြီ- ၂၆ ရက်) ၁၀ နာရီဝန်းကျင်ခန့်တွင် မြို့ရွာအိုးအိမ်ရုံးရှေ့တွင် စုဝေးရောက်ရှိခဲ့သည်။

အဆိုပါလယ်သမားများအား ရန်ကုန်ုတိုင်းမြို့ရွာ အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနသို့ ၀င်ရောက် ဆွေးနွေးနိုင်ရန်အတွက် ၂၀၁၀ ခုနှစ်က တစ်သီးပုဂ္ဂလအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးဝင်းချိုနှင့် ဦးနေမျိုးဝေတို့က ကြားဝင်ဆောင်ရွက်ပေးခဲ့သည်။

''ကျွန်တော်တို့ ဆန္ဒလာပြတာမဟုတ်ပါဘူး။ ဒီလယ်မြေသိမ်းခံရတဲ့ကိစ္စက ဘယ်သူ့မှာ တာဝန်ရှိမှန်းမသိလို့ ဒီကိုအရင်လာတာပါ။ အခုဒီကလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေအေးနဲ့တွေ့ခွင့်ရတယ်။ နောက်အပတ်လောက်မှာ ဒီကိစ္စတွေဘယ်လိုဆက်လုပ်ရမယ်ဆိုတာကို ပြန်အကြောင်းကြားမယ်လို့ပြောပါတယ်" ဟု လယ်သမားများကိုယ်စား ၀င်ရောက်ကူညီမေးမြန်းခဲ့သူ ဦးဝင်းချိုက 7Day News သို့ပြောသည်။

လယ်သမားများသည် အဆိုပါ ရုံးအနီးတွင် နံနက် ၈ နာရီခွဲခန့်က စတင်ရောက်ရှိလာပြီး အဓိကအားဖြင့် ၄င်းတို့က ဦးဝင်းချိုနှင့် ကိုနေမျိုးဝေတို့ထံ ဆက်သွယ်လာရောက်ခြင်းဖြစ်သည်ဟု ဆိုသည်။ နေ့လည် ၁၁ နာရီခွဲခန့်တွင် စုဝေးမှုပြီးစီးခဲ့သည်။

လမ်းမြေသိမ်းဆည်းခံလယ်သမားများသည် နာမည်ရ စီးပွားရေး လုပ်ငန်းရှင်ကြီးများ၏ စီမံကိန်းမြေများနှင့် စက်မှုဇုန်မြေများ ဖော်ထုတ်ရာတွင် ၄င်းတို့၏မြေများပါဝင် အသိမ်းခံနေခြင်းဖြစ်ကြောင်း လယ်သမားများထံမှ သတင်းရရှိသည်။

No comments:

နေ့မှာ