Source:FB
သင်္ကြန်မတိုင်ခင်က နှစ်ဦးအကြိုအလှူအဖြစ် ရုပ်ရှင်လောကသားတွေ အတွက်ရုပ်ရှင်အစည်းအရုံးမှာခင်ပွန်းဖြစ်သူပြေတီဦးနဲ့အတူတတ်နိုင်သလောက် လှူဒါန်းရတဲ့အတွက်ဝမ်းသာကြောင်း အိန္ဒြာကျော်ဇင် က ပြောကြားခဲ့ ပါတယ်။''တအားပျော်တယ်။ အစ်မတို့လည်းရှိလို့ လှူတာမဟုတ်ပါဘူး ။ကိုယ်တွေလည်း ရှာထားဖွေ ထားပြီးမရှိတဲ့ကြားထဲက လှူချင်စိတ်ဖြစ်လို့ တတ်နိုင်သလောက်လှူဖြစ်တာပါ။ တတ်နိုင်ရင်တော့ အဆင်မပြေတဲ့ လူတွေကို ရှိသမျှအကုန်လုံးလှူချင် ပါတယ်။ ဒါပေမဲ့ အခုက ကိုယ်နိုင်သေ လာက်လေးပဲ လှူဖြစ်သွားတယ်''လို့ အိန္ဒြာကျော်ဇင်က ဝမ်းသာ ပီတိစ ကားပြောပါတယ်။ အိန္ဒြာကျော်ဇင်က သင်္ကြန်မှာ မိသားစုနဲ့အတူ အနားယူ ချင်တဲ့အတွက်အိမ်မှာပဲ နေဖြစ်ခဲ့ပြီး နောက်ဆုံးသင်္ကြန်အတက်နေ့မှာတော့ ပြေတီဦးနဲ့အတူSIRမဏ္ဍပ်ကို ခဏတော့သွား ဖြစ်ခဲ့ကြောင်းလည်း သိရပါ တယ်။ ဧပြီ၂၄ရက်နေ့က တော့ အိန္ဒြာကျော်ဇင်ရဲ့ မွေးနေ့ ဖြစ်ပြီး ငယ်ငယ် တုန်းကလို မွေးနေ့ကို ရင်မခုန်တော့ပေမယ့် အခု သမီးလေးလည်း ရှိလာတဲ့အတွက် မွေးနေ့ကို အမှတ်တရလေးတစ်ခုနဲ့ ဖြတ်သန်း ချင်တယ်'' လို့ လည်းပြောပါတယ်။
''ငယ်ငယ်တုန်းကဆိုရင် မွေးနေ့မှာ တစ်ခုခု လုပ်ရမှ ကျေနပ်တယ်။ အခု အသက်ကြီးသွားပြီ ဆိုတော့ အဲဒီလိုစိတ်ကူးသိပ်မရှိတော့ဘူး။ ဒါပေမဲ့ မွေးနေ့အမှတ်တရလေး တစ်ခုခု ပေါ့။တစ်ခုခု အမှတ်တရလေးဖြစ် သွားရင်တော်ပါပြီ။ အခုက သမီးလေး လည်း ရှိနေပြီဆိုတော့ မိသား စုအနေနဲ့ ပဲ ဘာလုပ်ဖြစ်မလဲမသိသေးဘူး။ အစ်မက မွေးနေ့ကျရင် ပြင်ဦး လွင် ရောက်နေပြီ။ မနှစ်ကလည်း ပြင်ဦးလွင်မှာ ဇာတ်ကားရိုက်တဲ့ အချိန် နဲ့အမြဲတမ်း ကြုံတယ်။ ရိုက်ကွင်းပေါ်မှာပဲ ဇာတ်ကားရိုက် ရင်းဖြတ်သန်း ရမှာပါပဲ''လို့ ပြောပြီး အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးက သမီးလေးပြေသုဒြာ နဲ့အတူ ဧပြီ ၁၉ ရက်နေ့က ဇာတ်ကားတွေ ရိုက်ကူး ဖို့အတွက် ပြင်ဦးလွင်ကို ထွက်သွားခဲ့ ပါတယ်။ ဇွန်လမှ ရန်ကုန်ကို ပြန်လာ မှာဖြစ်ကြောင်း သိရပါတယ်။

No comments:
Post a Comment