Source:FB
မဲပညာပေး ခရီးစဉ်ကို လိုက်ပါသွားခဲ့တဲ့ ထွန်းအိန္ဒြာဗိုက မတ်လ ၂၇ရက်နေ့ မနက်မှာ ပြင်ဦးလွင်ကို ပြဇာတ်တိုက်အမီ လေယာဉ်နဲ့ လိုက်သွား ခဲ့ပြီး ပြင်ဦးလွင်၊ စစ်ကိုင်းနဲ့ မုံရွာမြို့တို့မှာ ပြဇာတ် ကပြခဲ့ ကြကာ မတ်လ ၃ဝရက် နေ့မှာတော့ ရန်ကုန်ကို ပြန်လည်ရောက် ရှိခဲ့ပါတယ်။ တခြား အနုပညာရှင်များက တစ်စုတစ်စည်းတည်း ကားနဲ့ သွားခဲ့ကြပေမယ့် ထွန်းအိန္ဒြာ ဗိုကတော့ ကားနဲ့သွား မယ့် ၂၆ရက်နေ့မှာ အလုပ် ရှိ နေ တာကြောင့် လေယာဉ်နဲ့ ၂၇ ရက်နေ့ အမီလိုက် သွားခဲ့ခြင်းဖြစ် ပါတယ် ။ ဖေ့စ်ဘုတ် မှာလည်း “ဒီလိုလေး ခြစ်တတ်ရင်ရပြီ” ဇာတ်လမ်းတိုကို ပရိသတ်တွေ တော်တော်နှစ်သက် အားပေးကြတာ တွေ့ရပြီး ဒီဇာတ်လမ်း တိုမှာ ပါဝင် သရုပ်ဆောင်ပေးတဲ့ သရုပ်ဆောင်တွေကို လည်း လေး စားကြောင်း ရေးသားထားတာ တွေ့ရပါတယ်။ အဲဒီဇာတ်လမ်းတိုကို ပြဇာတ် အဖြစ်ကပြတဲ့ အထဲမှာပါဝင်ခဲ့တဲ့ ထွန်းအိန္ဒြာဗိုက “ဟို အချိန်ကတော့ မလုပ်ရဲကြဘူး။ အရင်တုန်းက လုံးဝ လုပ်ခွင့်မရတဲ့ ခေတ်ကတစ်မျိုးပေါ့။ လုပ်ခွင့်ရတဲ့အချိန်မှာ မလုပ်ရဲဘူး ဆိုတာမျိုး မရှိပါဘူး။ ကျွန်မတို့ လုပ်စရာ ရှိတာ လုပ်ရမှာပါပဲ။ ဒီခရီးစဉ် မလာခင် ကတည်းကလည်း ရဲတိုက်တို့ ခဲနဲ့ အပေါက်ခံရတယ်။ လင်းလင်းတို့ ယာဉ်တန်း ခဲအပေါက်ခံ ရတယ်လို့ ကြား သိရတယ်။ အဲဒီတော့ အန္တရာယ် ရှိတယ်လို့လည်း ကြိုတွက်ထားတယ်။ အဲဒီလိုပဲ တခြားသော ပါတီဝင်တွေ ကလည်း ကျွန်မရဲ့ပရိသတ်တွေ ရှိနိုင်တာပဲ။ သူတို့တွေ ကျွန်မတို့ကို အားမပေးဘူး လည်း ဖြစ်နိုင်တယ်။ အဲဒါတွေ ကျွန်မတို့ကြိုတွက်ထားပြီး သားပါ။ အဓိက ကတော့ လုပ်သင့်တာကို လုပ်ရမှာပဲ ဆိုတဲ့ ခံယူချက်နဲ့ သွားကြတာပါပဲ။ ပြီးတော့ အမေ့ကို ယုံကြည်တာ အဓိက အချက်ပေါ့။ “ဒီလိုလေးခြစ် တတ်ရင် ရပြီ” ပြဇာတ်ကိုလည်း ပရိသတ်တွ အားပေးကြတာကို ကျေးဇူးတင်ပါတယ်။ ကျွန်မလည်း လုပ်သက် ၂ဝကျော် ရခဲ့ပြီ။ ပရိသတ်ရဲ့ ထမင်းစား ခဲ့တာလည်း တော်တော်ကြာ နေပါပြီ။ အခုကျွန်မ ပရိသတ်အတွက် လုပ်ရလို့ လုပ်ခွင့်မရတော့ဘူး ဆိုရင်လည်း မလုပ်တော့ရုံပါပဲရှင်။ ကျွန်မတို့ အခုသွား တဲ့ ခရီးစဉ်အားလုံက ဟိုတယ်ဆိုလည်း စပွန်ဆာပေးကြ တယ်။ လေယာဉ် လက်မှတ်က အစ စပွန်ဆာပေးကြ တယ်။ ခရီးစဉ် တစ်လျှောက်သုံးတဲ့ ကားဆိုရင်လည်း တောက်လျှောက် စပွန်ဆာနဲ့ပါ။ လက်ဆောင်တွေ ပေးကြနဲ့ ဆိုတော့ ခရီးစဉ်က တအား ပျော်စရာကောင်းတဲ့ ခရီးစဉ်ပါပဲ။ ကျွန်မဘဝမှာ ဒါပထမဦးဆုံး ပြဇာတ်ကဖူးခြင်းပဲ။ ကျွန်မရဲ့ပထမဆုံး အတွေ့အကြုံ အရရော၊ ဒီလို အဓိပ္ပာယ်ရှိတဲ့ ခရီးစဉ် အတွက်ရော ကျွန်မတို့ သိပ်ပျော်ကြပါတယ်။ ပရိသတ်တွေ လည်း တော်တော် ကြိုက်ကြတယ်”လို့ မဲပညာပေး ခရီးစဉ် အကြောင်းကို ပြည့်ပြည့်စုံစုံ ပြောပြပါတယ်။

No comments:
Post a Comment