မူလစာမျက်နှာ

Monday, 2 April 2012

ရန်ကုန်သင်္ကြန်မှာ ဒီနှစ်မဏ္ဍပ်ဆောက်ကြမယ့် အနုပညာရှင်များ

 Source:FB
မကြာခင် သင်္ကြန် ရောက်တော့မှာ ဖြစ်တဲ့အတွက် သင်္ကြန်မဏ္ဍပ်တွေကိုလည်း တော်တော်များများက စိတ်ကူးပုံဖော် နေကြပြီဖြစ်ပါတယ်။  ဒီနှစ်သင်္ကြန်မှာ အနုပညာ ရှင်တွေကလည်း သူတို့ရဲ့ မဏ္ဍပ်တွေကို  တခြားသူတွေရဲ့ မဏ္ဍပ်တွေနဲ့အပြိုင် လှပတဲ့ဒီဇိုင်းတွေနဲ့ ပြုလုပ်ကြဖို့အတွက်  စိတ်ကူးအကောင်အထည် ဖော်နေကြတာတွေ၊ မဏ္ဍပ်မှာ လာရောက်ရေကစား ကြမယ့်သူတွေကို ဘယ်လို ဝန်ဆောင်မှုတွေ ပေးမလဲဆိုတာကို သိရဖို့အတွက် ပေါ်ပြူလာက အခုလို စုစည်းတင်ပြ လိုက်ရပါတယ်။
မောင်

”ဒီနှစ်မဏ္ဍပ်ကို ပုဂံလုံးကျွန်းနားက လက်ဝှေ့ရုံရှေ့မှာ ဆောက်မှာပါ။  ဒီ ဗလေ့ဇက်မဏ္ဍပ်ကို ဆောက်တာ ဒီနှစ်နဲ့ဆို ၆ နှစ်ရှိပြီ။ ကျွန်တော် မော်လမြိုင်ကနေ ရန် ကုန်ရောက်ခါစက သူများမဏ္ဍပ်တွေမှာ သွားပက်တာ အဆင်တော့ပြေပါတယ်။ ဒါပေမဲ့ ကိုယ့်မဏ္ဍပ်နဲ့ ကိုယ်လို လွတ်လွတ်လပ်လပ် မရှိဘူး။ နောက်ပိုင်းကျတော့ မနန္ဒာ လှိုင် မဏ္ဍပ်ဆောက်တော့ ကိုယ့်မဏ္ဍပ်နဲ့ ကိုယ်ပက်တာကို တအားသဘောကျပြီး ဆောက်ဖြစ်တော့တယ်။ စဆောက်တဲ့ နှစ်တုန်းကတော့ ကိုယ့်ဘာ သာ အေးအေးဆေးဆေး နေရရင်တော်ပြီဆိုပြီး ဆောက်တာ၊ နောက်ပိုင်းကျတော့ မဏ္ဍပ်ဆောက်ရတဲ့ အရသာက ပိုမိုက်တယ်။ သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် တစုတစည်းတည်း ဖြစ်တယ်ဆိုပြီး နှစ်တိုင်းဆောက်ဖြစ်လာတာ။ သင်္ကြန်ရောက်ပြီဆို ကျွန်တော်တို့မဏ္ဍပ်မှာ ပက်နေကျလူတွေလည်း ရှိတော့ ကိုယ့်လူနဲ့ကိုယ်ပေါ့။ မဆောက်ခင် စီစဉ်ရတာလေးတွေပဲ ရှိတယ်။ လုံခြုံရေးကို အဓိကထားတယ်။ စင်ရဲ့ကြံ့ခိုင်မှုကိုလည်း အဓိကထားတယ်။ အဲဒီနှစ်ခုက အရေးကြီးဆုံးပဲ။ အဲဒါ ဆို အေးအေးဆေးဆေး ရေကစားလို့ရတယ်။ ဒီနှစ်သင်္ကြန်က ၅ရက်ဆိုတော့ ပိုပျော်ဖို့ကောင်းမှာပါ”
ဒီမို (S.I.Rမဏ္ဍပ်တည်ထောင်သူ)
”ဒီနှစ်မှာ လုပ်ဖြစ်တဲ့အကြောင်းက သင်္ကြန်မှာ S.I.Rမဏ္ဍပ်ဆိုပြီး စုစုစည်းစည်းနဲ့ ပရိသတ်တွေနဲ့အတူ ကဲကြဖို့ ရည်ရွယ်တာပါ။ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ လုပ်မှာပါ။ All days ကို ၄၉ဝဝဝ သတ်မှတ် ထားတယ်။ Liveအနေနဲ့ ဖျော်ဖြေမှုလည်းလုပ်ရင်း S.I.R ရဲ့ လှုပ်ရှားမှုတစ်ခုပေါ့။ အခက်အခဲတွေကတော့ တော်တော်များပါတယ်။ ဒါပေမဲ့ အဆင်တော့ပြေပါတယ်။ အားလုံးက လက်တွဲနေကျ လူတွေပဲဆိုတော့ ဝိုင်းကူညီပေးကြပါတယ်။ တီးဝိုင်း ၄ ဝိုင်းစလုံးကလည်း စုစုစည်းစည်းနဲ့ အရင်နှစ်တွေ ကတည်းက လုပ်ချင်တာ။ ဒီနှစ်မှ လုပ်ဖြစ်သွားတာ။ ကျွန်တော်တို့နဲ့အတူလာပြီး ဒီနှစ်သင်္ကြန်မှာ S.I.Rက အနုပညာရှင်တွေရော၊ ပရိသတ်တွေနဲ့ပါအတူ ပျော်ရွှင်စွာ ဖြတ် သန်းချင်ပါတယ်”
ကျော်ထွဋ်ဆွေ
”ဒီနှစ်သင်္ကြန်ကို ကျွန်တော်က SZ တို့နဲ့အတူ မဏ္ဍပ်ဆောက်မယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေအားလုံး ဝိုင်းလုပ်ကြမှာပေါ့။ မဏ္ဍပ်နာမည်က ၆၉ . ၄ လို့ အမည်ပေး ထားတယ်။ အဲဒီမဏ္ဍပ်မှာ ကျွန်တော်တို့ အားလုံးရှိနေမယ်။ ၅ ရက်စလုံးရှိမှာပါ။ မဏ္ဍပ်ကတော့ အလန်းပုံစံ ဆောက်မှာပါ။ အခု လောလောဆယ်တော့ ပြောက် ကျားလေးတွေနဲ့ ဒီဇိုင်းလုပ်ဖို့ စဉ်းစားထားတယ်။ ကန်တော်ကြီးပတ်လမ်းမှာ ဆောက်ဖြစ်ဖို့များတယ်။ ပါမစ်ကတော့ ကျွန်တော်တို့က သူများလျှောက်ပေးတာ ကို ပြန်ယူမှာလေ။ မဏ္ဍပ်ကိစ္စကတော့ ကျွန်တော်တို့ ခေါင်းစားစရာမရှိဘူး။ ကျွန်တော့် သူငယ်ချင်းတွေ လုပ်ကြမှာဆိုတော့လေ။ မဏ္ဍပ်မှာ သီချင်းဆိုတာတို့ မပါဘူး။ ဒါပေမဲ့  DJ တော့ ဖွင့်ထားမှာပါ။ အဲဒါကပဲ ပိုမြူးမှာလေ။ အဓိကက မဏ္ဍပ်ဆောက်ဖြစ်ကြတယ် ဆိုတာကလည်း သူငယ်ချင်းတွေနဲ့ရော၊ ပရိသတ်တွေနဲ့ရော အားလုံး အတူတူပျော်ချင်တာကြောင့်ပါ”

No comments:

နေ့မှာ