Source:FB
‘ဒီလိုလေးခြစ်တတ်ရင်ရပြီ’ တစ်ခန်းရပ် ပြဇာတ်ကို ဒါရိုက်တာ ဝိုင်း ကနယ်လှည့် ပညာပေး ပြဇာတ်ကတဲ့အခါမှာ ပါဝင်တဲ့ အနုပညာရှင် အားလုံးဟာ တိုင်းပြည်နဲ့လူမျိုး အတွက် ပေး ဆပ်ဖို့ အနုပညာ လုပ်ငန်း တချို့ကို ရပ်နားပြီး ပါဝင်ဖော်ပြခဲ့ကြတာလို့ ပြောပါတယ်။ အခု တစ်ခန်း ရပ်ပြဇာတ် က ဒါရိုက်တာဝိုင်း ဘဝမှာ ပထမဆုံးရေး သားဖြစ်တဲ့ ပြဇာတ်လို့ သိရပါတယ်။ ဒါရိုက်တာ ဝိုင်းက ဧပြီ ၄ ရက်နေ့မှာ ကမ္ဘောဒီးယား ကိုသွားပြီး News Page ဆိုတဲ့ Documentary ကို Edit သွားလုပ်မှာပါ။ News Page ကိုရိုက်ဖြစ်တာနဲ့ ပတ်သက်ပြီး”ဒီMessageဟာ ကိုယ်တို့ တိုင်းပြည် အတွက်အ ခုချိန်မှာပေးဖို့ အကောင်းဆုံးလို့ ထင်တာကြောင့် ရိုက်ဖြစ် တာပါ”လို့ပြော ပါတယ်။ လတ်တလော အသစ်ပြန်လည် ဖွဲ့စည်း ထားတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ ပတ်သက်လို့ ”အစည်းအရုံး နဲ့ပတ်သက်ပြီး မျှော်လင့်တာကတော့ အရင်က ဘာမှမလုပ်ခဲ့တဲ့ နေရာမှာ ကိုယ့် လောကကိုချစ်တဲ့ လူတွေရောက်လာတာ ကိုယ်တို့ အတွက် အလင်းရောင် တစ်ခုပဲ။ အဲဒီ အလင်းရောင်ကို ချဲ့ရမှာ သူတို့ တာဝန်။ ကိုယ် တို့လောကသားတွေကလည်း သူတို့ကို ကူညီပံ့ပိုးပေး ရမယ်။သူတို့မှာ တာဝန်ရှိသလို ကိုယ်တွေမှာလည်း တာဝန်ရှိတယ် ။အခုအဖွဲ့ သစ်ကလည်း ကိုယ်တို့ လောက သားတွေနဲ့ ဖွဲ့စည်းထားလို့ နိုင်ငံတော်က ပံ့ပိုးပေးပါဦး။ အကုန်လုံးပူးပေါင်းပါဝင်မှ အရာအားလုံး ပြေလည်မှာပါ”လို့ ပြောပါတယ်။ ရုပ်သံတွေ မှာလတ်တလော ဂယက် ထနေတဲ့ဗီဒီယို ကား တွေပြသနေ တာနဲ့ ပတ်သက်ပြီး”အဟောင်း တွေပြန်မပြောကြေး ဆိုပေမယ့်လည်း သူ့ အရင်လူက ရောင်းစေလို့ပြောပြီး သတ်မှတ် ခဲ့တာကြောင့် ရောင်းခဲ့ ကြရတယ်။ အရင် ခေတ်ကြောင့်ပျက်စီး သွားတာကိုတော့ တာဝန်ယူ သင့်တယ် ထင်ပါတယ်။ ရောင်းစေ ဆိုတာ ဒီမိုကရေစီ စနစ်မဟုတ်ပါဘူး။ ပရို ဂျူဆာတွေ ရဲ့ရင်ဖွင့်သံက ငါတို့ မရောင်းရင် ငါတို့ကားတွေ ဆင်ဆာ ပိတ်မယ်။ ဒုက္ခပေး မှာ ကြောက်တယ်ပြောတယ်။ ရုပ်သံတွေ အပင်ပေါက်ဖို့ ဗီဒီယိုတွေမြေသြဇာ အဖြစ်ခံခဲ့ရ တာပါ။ဗီဒီယို ဆိုတဲ့အပင်ပေါက် လာ အောင် ဘာပြန်လုပ်ပေးမလဲ သိချင်ပါတယ်” လို့ ပြောပါတယ်။

No comments:
Post a Comment