မူလစာမျက်နှာ

Monday, 2 April 2012

"ပြန်လည်ပြသခွင့် ရရှိတဲ့’မော်ကင်းဥဒါန်း ‘ရုပ်ရှင်ကားမှာ အတူ သရုပ်ဆောင် ခဲ့တဲ့ ကျော်ဟိန်းအကြောင်းပြန်ပြောပြတဲ့ လူမင်း"

Source:FB
‘ဒီလိုလေး ခြစ်တတ်ရင် ရပြီ’ ဆိုတဲ့ တစ်ခန်း ရပ်ပြဇာတ်ကဖို့ လူမင်း က ပြင်ဦးလွင်မြို့ကို ရောက်ရှိလာပါတယ်။ပြင်ဦးလွင်မြို့ ဆိုတာ လူမင်း ငယ်ဘဝကဖခင်ဖြစ်သူ မြို့ပိုင် အဖြစ်နဲ့ တာဝန် ထမ်းဆောင်ခဲ့ တဲ့မြို့ဖြစ် သလို သရုပ်ဆောင် ဘဝမှာလည်း ဇာတ်ကားတွေ များစွာ လာရောက် ရိုက်ကူးခဲ့ဖူးတဲ့မြို့ပါ။ ပြင်ဦးလွင်ရိုက်ကွင်း အမှတ်တရကတော့ ”သင်္ကြန် မကျခင် ပြင်ဦးလွင်မှာ လာရိုက်တော့ ရိုက်ရတဲ့အခန်းက ကားတိုက် တဲ့ အခန်း ။ အဲဒီမှာ ကျွန်တော့် လင်ခရူဇာကို ဘရိတ်နင်းပေ မယ့် နှင်း နဲ့ချောပြီး ထင်းရှုး ပင်ကို တကယ် ဝင်တိုက်မိခဲ့တာကတော့ မှတ်မှတ် ရရ ပါပဲ။ လွန်ခဲ့တဲ့ ၉ နှစ်လောက်ကပေါ့”လို့ ပြောပြပါတယ်။ အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ လူမင်းက ဒုဥက္ကဋ္ဌ-၂ အဖြစ် တာဝန်ထမ်းဆောင်မှာပါ။ ဒါပေမဲ့လည်း တရားဝင် လွှဲပြောင်းပေးခြင်း မရှိသေးတာကြောင့် ဘာမှမလုပ်ရသေးဘူးလို့ သိရပါ တယ်။လွှဲပြောင်းပေးဖို့ အဖွဲ့သစ်အနေနဲ့ တောင်းဆိုမှု မပြုလုပ်ဘဲ လွှဲပြောင်းပေးရမှာ သူ့တို့ဘက် အခြမ်းဟိုဘက်က လွှဲပေးမှ လုပ်ရမှာပါလို့ လူမင်းက ဆက်ပြောပါတယ် ။၉ နှစ်နီးပါး ဆင်ဆာပိတ်ခံခဲ့ရတဲ့ ‘မော်ကင်းဥဒါန်း’ ရုပ်ရှင် ကား ပြန် လည်ပြသ ခွင့်ရရှိခဲ့ပြီမို့ အဲဒီကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အနု ပညာလောက ကနေအနားယူသွား တဲ့ ကျော်ဟိန်းနဲ့ ပတ်သက်ပြီး အမှတ်တရ ဘာရှိမလဲလို့ မေးတော့” ကျွန်တော်တို့ အားလုံး တော်တော် ပင်ပန်းဆင်းရဲခံပြီးရိုက်ထားတဲ့ကား ပါ။ ကြိုးစားထားတဲ့ကားကို အလ ကား ဖြစ်ခဲ့တယ် ဆိုပြီးတော်တော် ယူကျုံးမရဖြစ်ခဲ့ရ တယ်။ပရိသတ်ရှေ့ ချပြမယ် ဆိုတော့ ကျေနပ်ပါတယ်။ ဒီလိုကားနောက် ထပ်တစ်ကား မရှိနိုင်ဘူး ထင်တယ်။ဘာဖြစ်လို့လဲ ဆိုတော့ ဒီမှာပါတဲ့ ဦးကျော်ဟိန်း ဆိုလည်း နားသွားပြီလေ။ အဲဒီကားမှာ အကယ်ဒမီ မှန်းတော့ပေးမယ် ဆိုရင် ကာရိုက်တာတွေက အများကြီးပဲ။ ဦးညွန့်ဝင်းရော ဦးကျော်ဟိန်းရောကောင်း တယ်။ အားလုံးက လုပ်ကွက်ရပြီး မျှော်လင့်နိုင်တဲ့ကားပါ။ အဲဒီကားမှာ ဦးကျော်ဟိန်း အမှတ်တရကတော့ ဦးကျော်ဟိန်းက ဇာတ်ရုပ်တစ်ရုပ် အပေါ်မှာ ရူးသွပ်တယ်။ ဒါရိုက်တာ ဝေမှိုင်းညို ဆိုတာကလည်း သူ့စကား လုံးတွေ ပြင်တာ မကြိုက်ဘူး။ ဦးကျော်ဟိန်းကလည်း သူမသိရင်ဘာကို မှမလုပ်ဘူး ဆိုတဲ့သူ။ ဦးကျော်ဟိန်းရဲ့မု(ဒ်)ကို ဝေမှိုင်းညို အရှုံးပေးခဲ့ ပါတယ်။ မနက်ဖြန် ရိုက်မယ့်အခန်းကို မူရင်း အဓိပ္ပာယ် မပျောက်အောင် တစ်ညလုံးပြင်တယ်။ ပြီးရင် စာမေးပွဲဖြေသလို ဒါရိုက်တာေ ရှ့မှာသွား ရွတ်ကြတယ်။ အဲဒီလို ရူးသွပ်မှုကို ကျွန်တော်တို့ နမူနာ ယူရမယ်။ ကျွန်တော်နဲ့ အမှတ်တရကတော့ အုပ်စုလိုက် သရုပ်ဆောင်ရင်း ဦးကျော် ဟိန်းက အနုပညာ အရ၊ သမ္ဘာအရ သူ့ရုပ်ပေါ်အောင် ကျန်တဲ့သူတွေ အားလုံးကို ကင်မရာရှေ့မှာ ပိတ်ပြီးသရုပ်ဆောင်တာ။ ကိုယ်ကလည်း ကိုယ့်ရုပ်ပေါ်အောင် လုရတာပေါ့။ အဲဒါတွေ ကတော့ ရယ်စရာတွေပေါ့” လို့ ပြောပါတယ်။

No comments:

နေ့မှာ