”ရုပ်ရှင်လောကကို အကျိုးပြုချင်ကြတဲ့ အတွက် အခုလို ပြန်လည် ဖွဲ့စည်းဖို့ အားလုံး က တက်တက်ကြွကြွ နဲ့လုပ်တာလေ။ ဒီလိုမျိုး ကောင်းတဲ့ အလား အလာတွေ၊ ကောင်းကျိုး တွေ မရှိနိုင်ဘူး ဆိုရင်တော့ ဘယ်သူမှ လုပ်ကြမှာ မဟုတ်ပါဘူး။ အခုက အနုပညာ လောကမှာ တကယ် အလုပ်ရှုပ်တဲ့ သူတွေ တော်တော် များများ စုပေါင်းပြီး လုပ်ကြတယ် ဆိုကတည်းက အကျိုးရှိနိုင်တဲ့ ကိစ္စ တစ်ခုဖြစ်နေလို့ပါ”လို့ မဲပေးရွေးချယ်မှု အပြီး ရိုက်ကွင်း ပေါ်မှာ တွေ့ခဲ့တဲ့ ပြေတီဦး က ပြောပါတယ်။ ဆင်ဆာ မူဝါဒတွေ လျှော့ချခဲ့တဲ့အခါ ဇာတ်လမ်း ဆန်းဆန်းတွေ ရိုက်ခွင့် ရရှိခဲ့ပြီး ဇာတ်ကားကောင်းတွေ ပေါ်ထွက်လာခဲ့သလို ရုပ်ရှင် အစည်းအရုံး ကလည်း ရုပ်ရှင် လောကသား တွေနဲ့ ဖွဲ့စည်းထားတဲ့ အတွက် ရုပ်ရှင်လော က ပိုကောင်းလာမယ်လို့ ယုံကြည်ကြောင်းကို လည်း..
”ဆင်ဆာတွေက လျှော့သင့်သလောက် လျှော့ကို လျှော့ရမယ်။ လျှော့မှလည်း ဇာတ်လမ်းတွေက ပိုပြီး ကောင်းတာ တွေနဲ့ အမြင်ဆန်းတာတွေ ကြည့်ရမယ်။ အရင်တုန်း ကဆို ဇာတ်လမ်း ဆန်းဆန်းတွေ ကျွန်တော်တို့ဆီ အမြဲ ရောက်လာတယ်။ ရောက်လာပေမယ့်လည်း ဒါကတော့ ဆင်ဆာရတော့မှာ မဟုတ်ဘူးဆို ပြီး စပြီး စဉ်းစားတဲ့ အတွက်ကြောင့် ဇာတ်လမ်းက ဘယ်လိုမှကို ဆန်းလို့မရဘူး။ ဆင်ဆာငြိ နိုင်တယ်၊ ဆင်ဆာပြန်ပြင် ရရင်မလွယ်ဘူး ဆိုတာနဲ့ပဲ သမားရိုးကျ ထဲမှာပဲ ရိုက်လိုက် ကြတယ်။ အဲဒီအတွက်ကြောင့် ပရိသတ်တွေ အတွက် ကျေနပ်သင့်သလောက် မကျေနပ်စေဘူး။ ဆင်ဆာတွေလည်း လျှော့ သင့်သလောက် လျှော့ပြီး ဖြစ်သင့် တဲ့ ဘောင်လောက်ပဲထား မယ်ဆိုရင် ဇာတ်ကားကောင်း တွေထွက်လာ နိုင်မယ်။ အစည်းအရုံးလည်း ဒီလိုပဲ။ ဒီ လောက သားတွေ၊ တကယ် အလုပ်လုပ်နိုင်တဲ့ သူတွေနဲ့ ဖွဲ့စည်းတဲ့ အတွက်ကြောင့် ရှေ့လျှောက်မှာ ပိုပြီး အကျိုးရှိတဲ၊့ ပိုပြီး ကောင်းမွန်တဲ့ ရုပ်ရှင် လောက တစ်ခု ဖြစ်လာမယ်လို့ ယုံကြည်တယ်” လို့ ပြေတီဦးက ပြောပါတယ်။ အရင်တုန်းကလို ဒရာမာခေတ်၊ ဟာသခေတ်ရယ် လို့ဖြစ်လာမှာ မဟုတ်တော့ဘဲ တဖြည်းဖြည်း နဲ့ ခေတ်မီ လာတယ်လို့ ဆိုရမှာ ဖြစ်ပြီး ဇာတ်ကားတစ်ကား ကို ကောင်းအောင် ရိုက်မယ်ဆိုရင် ဘယ်ဇာတ်ကား အမျိုးအစားပဲ ဖြစ်ဖြစ် အောင်မြင်မှာ ပဲလို့လည်း ဆိုပါတယ်။ ပြေတီဦးက ရုပ်ရှင် အနုပညာ ဆိုတာ အမျိုး သားရေးဖြစ်ပြီး ကိုယ့်ပြည်တွင်း သာမက နိုင်ငံရပ်ခြား တိုင်းပြည်တွေကို လွှမ်းမိုးနိုင်တဲ့ အထိ အနုပညာက စွမ်းအားကြီးတယ် လို့ ပြောပါတယ်။
”အခုဆိုရင် ကိုရီးယားဇာတ်ကား တွေရဲ့ လွှမ်းမိုးမှုက ကျွန်တော်တို့နိုင်ငံ တင် မကဘူး။ ကျန်တဲ့ အာရှတိုက် တော်တော် များများကိုပါ ပျံ့နှံ့ပြီး လွှမ်းမိုး ထား နိုင်တယ်။ ဒါသူတို့တွေရဲ့ အမျိုးသားရေး အောင်မြင်တာပဲ။ အနုပညာ အောင်မြင်တာပဲ။ ဒါကြောင့်မို့ ရုပ်ရှင် အနုပညာဟာ တကယ့်ကို အင်အားကြီးတယ်။ စွမ်းအား ကြီးတယ်” လို့ ပြောပါတယ်။ သင်္ကြန်တွင်း မှာ ရိုက်ကူးရေးတွေ နားမှာ ဖြစ်ပြီး အိမ်မှာပဲ မိသားစုကို အချိန်ပေးမှာ ပါလို့ဆိုတဲ့ ပြေတီဦးက သင်္ကြန်နဲ့ ပတ်သက်ရင် အရင်က တည်း က ထူးခြားတဲ့ ခံစား မှုမျိုး မရှိ ကြောင်း ပြောပါတယ်။
No comments:
Post a Comment