Source:FB
သင်္ကြန်ရောက်ပြီဆိုရင် ကားလည်တာတို့ မဏ္ဍပ်ထိုင်တာတို့ မလုပ်ဖူးပေမယ့် သင်္ကြန်ကို ငယ်ငယ်လေးကတည်းက ပျော်ရွှင်တဲ့ စိတ်လေးဖြစ်တဲ့ စည်ဖြိုး က “သြစတြေး လျမှာ ကျောင်းတက်နေ ကတည်းက သင်္ကြန်ဆို ရေပက်တာ မမြင်ရပေမယ့် ဒီအချိန်ရောက်ရင် ရင်ထဲမှာတစ်မျိုးပဲ၊ သင်္ကြန်သီချင်းတွေ ကြားရရင် စိတ်မှာမြူးသလို ခံစား ရတယ်။ လူတိုင်းရဲ့ရင်ထဲမှာ သင်္ကြန် ဖီလင်ရှိပါတယ်။ သင်္ကြန် ဇာတ်ကားတွေဆို တော်တော်လေး ကြိုက်တယ်။ မှတ်မှတ်ရရ “သင်္ကြန်မိုး”ဇာတ်ကားကို တော်တော်လေး ကြိုက်တယ်။ သင်္ကြန်ရောက် ခါနီးဆိုရင် ပြန်ကြည့်ချင်တယ်။ ဘယ်အချိန်ပဲ ကြည့်ကြည့် မရိုးနိုင်ဘူး”လို့ ပြောပါတယ်။ ထိုင်းနိုင်ငံက ထုတ်လုပ်ရေးနဲ့ ရိုက်ကူးမယ့် ဇာတ်ကားနဲ့ ပတ်သက်ပြီး မေး ကြည့်တော့ ''ပထမရိုက်ကူးမယ့် Cupid ET ဇာတ်လမ်းကို ပြန်ပြင်ပြီး ရိုက်ကူးဖြစ်မယ်။ ရုပ်သံလိုင်းတွေမှာ လွှင့်ဖို့ စီစဉ် ထားပေမယ့် အခု တစ်ကမ္ဘာလုံးကို အခွေဖြန့်ဖို့ သူတို့ဘက်က လုပ်နေတယ်။ ဒီ ဇာတ်ကား အတွက်ကို ထိုင်းကဒါရိုက်တာက ပြင်ဆင်ချိန် ၇ လလောက် လိုချင်တယ်။ အချိန်အတော်ယူပြီး လုပ်နေတယ်။ ရိုက်ကူးမယ့် အချိန် ကတော့ ၃လ လောက် ရိုက်ကူးမယ်။
မြန်မာနိုင်ငံမှာပဲ လာရောက်ရိုက်ကူးမယ်။ တစ်ကမ္ဘာလုံး ဖြန့်ချိမှာဖြစ်တဲ့ အတွက် ရသစုံစုံလင်လင်လေး ဖြစ်အောင် ပြင်ဆင်နေကြတယ်။ ဧပြီ ၂၁ ရက်နေ့ သူတို့တစ်ဖွဲ့လုံး မြန်မာနိုင်ငံကို လာရောက်ကြမယ်။ ဒီမှာ ရိုက်ကူးဖို့ အတွက် ကုန်ကျစရိတ်ကို လာရောက် တွက်ချက်ကြမှာပါ''လို့ ပြောပါတယ်။

No comments:
Post a Comment