Source:FB
မတ်လ ၃၁ ရက်နေ့မှာ စင်ကာပူကို နှင်းဆီအဖွဲ့နဲ့အတူ သွားရောက်ဖျော်ဖြေ ခဲ့တဲ့ ကျော်ကျော်ဗိုက စင်ကာပူ ပရိသတ်ကို မျက်မှောက်ကာလာ မှာ ဖြစ်ပေါ်နေတဲ့ ပြက် လုံးတွေကိုပြက်ခဲ့ပြီး အားပါးတရဖျော်ြေ ဖခဲ့ ကြောင်း ပြောပါတယ်။ စင်ကာပူကိုရောက် တဲ့နေမှာပဲ လက်မှတ်တွေ ကို နှင်းဆီအဖွဲ့သား တွေ လက်မှတ်ထိုးပေးခဲ့ပေမယ့် လက်မှတ် သိပ်ထိုးပေးစရာတောင်မလိုဘဲ ခုံတွေအပြည့် ရောင်းရတယ်လို့ ဆိုပါတယ်။ စင်ကာပူခရီးစဉ် မှာ အမှတ်တရတော့ ထွေထွေထူးထူးမရှိခဲ့ဘဲ သွားတဲ့ အချိန်က ရွေးကောက်ပွဲအချိန်ဖြစ်တဲ့ အတွက် အနိုင်အရှုံးရလဒ်သတင်းတွေ ကို စင်ကာပူကနေ နားစွင့်နေခဲ့ကြတယ်လို့ ပြော ပါတယ်။ ကျော်ကျော်ဗိုက ခရီးထွက်မယ့်ရက် နဲ့တိုက်ဆိုင်နေတဲ့အတွက် မဲမပေးဖြစ်ခဲ့ပါဘူး။ မဲရလဒ်ကိုတော့ ကျော်ကျော်ဗိုက...
"ဒါကတော့ ပြည်သူ့ဆန္ဒပဲလေ။ ဒီ နိုင်ငံ က ပြည်သူတွေရဲ့ဆန္ဒနဲ့ တစ်ထပ် တည်းကျ တယ်လို့ မြင်ပါတယ်" လို့ပြောပါတယ်။ စင်ကာပူနိုင်ငံက ဖွံ့ဖြိုးပြီး သားနိုင်ငံဖြစ်တဲ့ အတွက် နေရာလွတ်မကျန်အောင် ဖွံ့ဖြိုးနေ ကြောင်း၊ တစ်နိုင်ငံလုံး ပလက်ဖောင်းကြမ်း ခင်းတုံး တစ်တုံးကအစ ပြည့်စုံနေ တဲ့နိုင်ငံ ဖြစ်ကြောင်း ကျော်ကျော်ဗိုကပြောပါတယ်။ စင်ကာပူနိုင်ငံ ကလူတွေအပေါ် အမြင်ကိုမေး တော့ ကျော်ကျော်ဗိုက.
"သူတို့က အချိန်တိုင်းအလုပ်လုပ်နေကြ တယ်။ တိုက်ရိုက်အချိုးကျတယ် လို့မြင်တယ်။ သူတို့က စားဝတ်နေရေးအတွက် အလုပ်လုပ် ကြတယ်၊ ကြိုးစားကြတယ်။ အဲဒီကြိုးစားမှု အပေါ်မှာပဲ ဘဝအတွက်လည်း ပြေလည် သွားသလို နိုင်ငံတိုးတက်မှုအတွက်လည်း အထောက်အကူဖြစ်တယ်။ နှစ်ခု စလုံးအကျိုး ရှိသွားတဲ့ပုံသဏ္ဌာန်မျိုးပေါ့။ အစ်ကိုတို့ဖွံ့ ဖြိုးဆဲ နိုင်ငံမှာတော့ လုပ်သလောက်အကျိုး မဖြစ်ထွန်းတာတို့၊ လုပ်နေပေမယ့်လည်း လုပ် နေမှန်းမသိတာတို့ပေါ့။ သူတို့နိုင်ငံမှာက ကိုယ့်ဘဝရပ်တည်မှုအတွက် အလုပ်လုပ် တယ်။ ကြိုးစားသလောက် ကိုယ့်ဘဝရပ်တည်မှု မြင့်မား သလို နိုင်ငံအတွက်လည်း တစ်ဖက်တစ် လမ်း အထောက်အကူဖြစ်တယ်။ သူတို့က အပေါင်းလက္ခဏာ အများကြီးဆောင် သွားတာပေါ့။ ကိုယ်တို့နိုင်ငံလည်း တစ်ချိန် ချိန်မှာ ကြိုးစားရင်ဖြစ်လာမှာပါ" လို့ပြောပါ တယ်။

No comments:
Post a Comment