မူလစာမျက်နှာ

Wednesday, 11 April 2012

"တင်းနစ်အားကစား ထူးချွန်တဲ့ မင်းသားပြေတီဦး"

Source:FB
မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်နဲ့ အားကစားဝန်ကြီး ဌာနတို့ ပူးပေါင်းစီစဉ်တဲ့ CP Open တင်းနစ်ပြိုင်ပွဲမှာ ပြေတီဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အဖွဲ့လိုက် အနေနဲ့ ဒိုင်းဆုရရှိခဲ့ပါ တယ်။ ဧပြီ ၇ ရက်နေ့ မနက် ၁ဝ နာရီက L’Opera Italian Restaurant Tennis Court မှာ ကျင်းပတဲ့ အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲမှာလည်း Tom Egerton နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ပြီး နောက်ဆုံး အဆင့် ဖိုင်နယ်ပွဲစဉ်ကို ရောက်ရှိခဲ့ပါတယ်။ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေသလို မအားလပ်တဲ့ကြားထဲက တင်းနစ်ပြိုင်ပွဲ ဝင်ပြိုင်ရတဲ့ အကြောင်းအရင်းကိုတော့ ပြေတီဦးက”အစ်ကိုက တင်းနစ်ကစားတာကို တအားလည်း ဝါသနာပါတယ်။ အားကစား တစ်ခုကလည်း မလုပ်မဖြစ်လုပ် ဖို့ လိုလာ ပြီဆိုတော့ ညဘက်ပိုင်းမှာ တတ်နိုင်သမျှ အလုပ်တွေလျှော့ပြီး တင်းနစ်ရိုက်နိုင်အောင် ကြိုးစားတယ်။ ကြိုးစားရင်းနဲ့ အလေ့အကျင့် သဘောမျိုးဖြစ်သွားပြီး ပြိုင်ပွဲတွေ ဝင်ပြိုင်ဖြစ်တာပေါ့ လို့ ပြောပါတယ်။ တင်းနစ်မရိုက် ဖြစ်တော့တာ အနှစ် ၂ဝရှိပြီဖြစ်ပြီး အခုနောက်ပိုင်း ပြန် ကစားဖြစ်နေတာ ၇ လလောက် ရှိနေပြီလို့ ဆိုပါ တယ်။ တောက်လျှောက် ညတိုင်းရိုက်နေရင်း လေ့ကျင့်နေခဲ့တာဖြစ်ပြီး ပြိုင်ပွဲဝင်တာကတော့ အခုမှစပြီး ပြိုင်ပွဲဝင် ဖြစ်တာဖြစ်ကြောင်း ပြေတီဦးက ပြောပါတယ်။
ပြေတီဦးက တစ်ဖက်ကပြိုင်ဘက် နိုင်ငံခြားသား Tom Egerton ကို အပြတ် အသတ် နိုင်ပြီး ဧပြီ ၈ ရက်နေ့ညနေမှာတော့ နောက်ဆုံးအဆင့် ဖိုင်နယ်ပွဲ စဉ်ကို ယှဉ်ပြိုင် မှာဖြစ်ပါတယ်။ ဧပြီ ၇ ရက်နေ့ကပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ ပြေ တီဦးကို မိသားစုတွေကလည်း လာရောက်အားပေး ခဲ့ကြပါတယ်။ ပြိုင်ပွဲအတွက် ခင်ပွန်းဖြစ် သူ ပြေတီဦးနဲ့ထပ်တူ စိတ်လှုပ်ရှားခဲ့တဲ့ အိန္ဒြာကျော်ဇင်က “အစ်မလည်း စိတ်လှုပ်ရှားတာပေါ့။ ပြိုင်ပွဲဝင်ပြီဆိုကတည်းက နိုင်စေချင်တာပေါ့။ သူက တင်းနစ်ကို တအား ဝါသနာပါတယ်လေ။ သူဝါသနာပါတဲ့အတိုင်း သူ့ကိုနိုင်စေချင်တယ်။ အုပ်စု လိုက်ပြိုင်ပွဲမှာလည်း ရတော့ သူနဲ့ထပ်တူ ဝမ်းသာပါတယ်။ သူတို့ ကြိုးစား ထားတာ အရာထင်သွားတာပေါ့။ အောင်မြင်မှု ရသွားတယ်ဆိုတော့ အစ်မ ကတော့ ဝမ်းသာတယ်။ သူတို့ပြိုင်ပွဲဝင်တွေကလည်း တော်လည်း တော်ကြတယ်လေ။ အဲဒါကြောင့် ဆုရကြတာပါ” လို့ ဝမ်းသာပီတိ စကားဆိုပါတယ်။

No comments:

နေ့မှာ