မူလစာမျက်နှာ

Wednesday, 11 April 2012

"စင်ကာပူနဲ့ သြစတြေးလျမှာ သွားရောက်ဖျော်ဖြေဦးမယ့် ဝိုင်းဆုခိုင်သိန်း"

Source:FB
ဝိုင်းစုခိုင်သိန်းက လတ်တလောထွက်ရှိ ထားတဲ့ 'အချစ်နဲ့ ဖန်ဆင်း ထားသော ကောင်မလေး' ဇာတ်ကားမှာ ရုပ်ဆိုးဆိုး ကောင်မလေးအဖြစ် ဇာတ်ရုပ်ပီပီပြင်ပြင် သရုပ်ဆောင်ဖို့ အတွက် မှန်ပါဝါထူထူနဲ့ မျက်မှန် အဝိုင်းကို လိုက်ရှာပြီး ဝယ်ထားခဲ့တယ်လို့ ပြောပါတယ်။ ဒီဇာတ်ကား အမှတ်တရကတော့ ရိုက်ကူးတဲ့အချိန် အတော အတွင်းမှာ ဇာတ်ဝင်ခန်းအရ ဆင်းန်တိုင်း ငိုခဲ့ရတယ်လို့လည်း ဝိုင်းစုခိုင်သိန်းက ဆိုပါတယ်။ “အမုန်းချစ်” ဇာတ်ကားမှာတော့ ဖြိုးငွေစိုးနဲ့ သရုပ်ဆောင် ထားတာဖြစ်ပြီး ဒီဇာတ်ကား ထဲကအတိုင်းပဲ အနုပညာရှင်တွေရဲ့ သတင်းတွေကလည်း ထားလိုက်တော့။ အဲဒီလူတွေကို ခေါင်းထဲမထည့်တော့ဘူး။ လျစ်လျူပဲ ရှုလိုက်တယ်။ သူတို့ပဲ အကုသိုလ် ဖြစ်မှာ။ သူတို့ပဲ မောမှာ။ အဲဒီလို လူမျိုးတွေကိုပဲ သနားတယ်” လို့ ပြောပါတယ်။ ဝိုင်းစုခိုင်သိန်းက ရှိုးပွဲတွေ ဆက်တိုက်ဖျော်ဖြေနေပြီး သင်္ကြန်ပြီးရင် မြင့်မြတ် နဲ့ ရိုက်ကူးမှာဖြစ်ကြောင်း၊ စင်ကာပူမှာလည်း သွားရောက် ဖျော်ဖြေမှာဖြစ်ကြောင်းနဲ့ ပြန်ရောက်ရင် ကောင်းခန့်နဲ့ ဗီဒီယိုတစ်ကား ရိုက်ကူးမှာ ဖြစ်ပါတယ်။ သြစတြေးလျမှာလည်း သွားရောက်ဖျော်ဖြေ ဦးမှာဖြစ် ပြီး ပြန်ရောက်ရင်တော့ မြင့်မြတ်နဲ့ တစ်ကား၊ ရဲတိုက်နဲ့ ဒီဗီဒီတစ်ကား ရိုက်ကူးမယ့် အစီအစဉ်တွေကို ပြောပါတယ်။
1 · ·

No comments:

နေ့မှာ