ထွန်းအိန္ဒြာဗိုက ဒီနှစ် သင်္ကြန်မှာ မန္တလေးကို သားလေးပါ ခေါ်ဖြစ်ခဲ့ပြီး မိသားစု စုံစုံလင်လင်နဲ့ ဖြတ်သန်းခဲ့တယ်လို့ဆိုပါတယ်။ သားလေး ပါတဲ့ အတွက် ပင်ပန်းတာ တွေ ပြေပျောက်ခဲ့တဲ့အကြောင်းကို ထွန်းအိန္ဒြာဗိုက "ဒီနှစ်သင်္ကြန်မှာ သားလေးပါတော့ ပင်ပန်းမှုတွေ က အကုန်လုံးပြေပျောက် တာပေါ့။ ပရိသတ်နဲ့လည်းသဟဇာတဖြစ် တော့ ဝမ်းသာစရာကောင်း ပါတယ်"လို့ ပျော်ရွှင်ခဲ့ရတဲ့ အကြောင်းပြောပါတယ်။ သင်္ကြန် ကို မန္တလေးက Alpine မဏ္ဍပ်မှာပဲရှိနေခဲ့ပြီး တခြားနေရာတွေတော့ မရောက်ဖြစ်ခဲ့ ဘူး လို့ပြောပါတယ်။ Alpine မဏ္ဍပ်ရှေ့မှာလည်း ပရိသတ်တွေ အရမ်း အားပေးခဲ့ကြပြီး တိုး မပေါက်အောင် စည်ကားခဲ့တဲ့ အတွက် တီးဝိုင်းကို ခဏခဏရပ်ကာ ကားရှင်းရတာတွေလည်း ဖြစ်ခဲ့ရတဲ့ အကြောင်း ဒီနှစ် သင်္ကြန်ရဲ့ထူးခြား ချက်ကိုပြောပြတဲ့ ထွန်းအိန္ဒြာဗို က"ပရိသတ်ကြီးကလည်း သီချင်း တွေသိ ပြီးသား ဆိုတော့ အပြန်အလှန် ဆိုကြတယ်။ ဒီနှစ် ထူးခြား တာက ခါတိုင်းနှစ်လို စင်ပေါ်ကိုပေါက်တာ မရှိတော့ဘူး။ သိသိသာသာ ငြိမ် သွားတယ်။ ခါတိုင်းထက်ပိုပြီး စည်းကမ်းရှိတယ်။ ပိုပျော်နေကြတယ်။ အစ်မတို့ လည်း အပျော်တွေ ကူးစက်နေကြတာပေါ့"လို့ သူမရဲ့အမြင် ကို ပြောပါ တယ်။ ထွန်းအိန္ဒြာဗိုက နှစ်ဆန်း ၁ရက်နေ့မှာ ကျင်းပ တဲ့ ကော့မှူးဖျော်ဖြေပွဲကို အမီ ပြန်မလာနိုင်ကြောင်းနဲ့ ၈မိုင်က သဒ္ဓမ္မရံသီ ဘုန်းကြီးကျောင်းမှာ ဧပြီ၂ဝရက်နေ့က နေ ၂၇ရက် နေ့အထိ မိခင်ဖြစ်သူ နဲ့အတူ ၁ပတ်ကြာ တရားစခန်း ဝင်မှာဖြစ်ပါတယ်။ ဧပြီ၂၄ရက်နေ့မှာတော့ ရိပ်သာ မှာ သံဃာ၊သီလရှင် နဲ့ယောဂီများ အားလုံးကို လှူဒါန်း ကုသိုလ်ယူ မှာဖြစ်ပြီး တရားစခန်း က ထွက်ရင်တော့ ဧပြီ၂၈ရက်နေ့မှာ ပြင်ဦးလွင်ကို ဇာတ်ကားရိုက်ဖို့ သွားမှာဖြစ်ပါတယ်။ မေလ ၁ရက်နေ့မှာ ကျရောက် မယ့်မွေးနေ့ကို သူငယ်ချင်းတွေနဲ့ပဲ ဖြတ်သန်းဖြစ်မှာပါလို့ လည်းပြောပါတယ်။
Monday, 23 April 2012
သင်္ကြန်အပြီး တစ်ပတ်ကြာ တရားစခန်းဝင်ဖြစ်ခဲ့တဲ့ ထွန်းအိန္ဒြာဗို"
Source:FB

Subscribe to:
Post Comments (Atom)
No comments:
Post a Comment