Source:FB
သက်မွန်မြင့်က ဒီနှစ်သင်္ကြန် ငါးရက်လုံး ကမ္ဘာအေး ဘုရားလမ်း ပေါ်က Naing Group မဏ္ဍပ်မှာ ရှိနေခဲ့ပြီး ပရိသတ် တွေနဲ့ ပျော်ပျော်ရွှင်ရွှင် သီချင်းတွေ သီဆိုရင်းသင်္ကြန်ကို ဖြတ်သန်းခဲ့ကြောင်း ပြောပါတယ်။ ဒီနှစ် သင်္ကြန်က အရင် နှစ်တွေထက်စာရင် အမှတ်တရတွေ အများကြီး ရှိခဲ့တယ်လို့လည်း သက်မွန်မြင့်က ပြောပါတယ်။ "သင်္ကြန်မှာ သီချင်းလည်း တစ်ခါမှမဆိုဖူးဘူး။ ဟိုး တစ်နှစ်တုန်းကတော့မဏ္ဍပ်ထိုင်ဖူးတယ်။ ဒါပေမဲ့ ရေပက်တာ လောက်ပဲ။ ဒီနှစ်ကျတော့ သီချင်း ဆိုတယ်။ ပရိသတ်တွေကလည်း အောက်ကနေ အားပေးတယ်။ သီချင်းတွေ လိုက်ဆိုပေးတယ်။ "ချောချောလေး မို့ချစ်တာ" သီချင်းဆိုရင် သူတို့တွေပဲ ဆိုသွားကြတယ်။ သက်မွန်က အရင်ကလည်း ပရိသတ်တွေနဲ့ သီချင်းတွေ အတူတူဆိုပြီး အဲဒီလို ပျော်ချင်နေတာ"လို့ ဒီနှစ်သင်္ကြန်မှာ သူမရဲ့ ဆန္ဒတွေ ပြည့်ဝခဲ့ တဲ့အကြောင်း သက်မွန်မြင့်က ပြောပါတယ်။ ဒီနှစ် ရန်ကုန် သင်္ကြန်ကလည်း စည်ကားခဲ့ပြီး Naing Groupမဏ္ဍပ် ရှေ့ မှာလည်း ပရိသတ်တွေပြည့်နေခဲ့တဲ့အတွက် ကားတွေဆက် သွားလို့မရ လောက်အောင် စည်ကားခဲ့တဲ့ အကြောင်းကိုလည်း ပြောပါတယ်။ သင်္ကြန်မှာ ပျော်လည်းပျော်သလို မောလည်း မောခဲ့ရတယ်ဆိုတဲ့ သက်မွန်မြင့်က..
"ပျော်လည်းပျော်တယ်။ မောလည်း မောတယ်။ ကိုယ်က သီချင်းဆိုနေကျ မဟုတ်တော့ တအားကြောက်တာပေါ့။ ကိုယ်က အသံကောင်းတာ မဟုတ်ဘူး။ ဆိုတတ်တာလည်း မဟုတ်ဘူး။ ဒါကြောင့် နည်းနည်း တော့ စိတ်ပူတာပေါ့။ ဒါပေမဲ့ အဆင်ပြေပါတယ်" လို့ ပွင့်လင်းစွာပြောပါတယ်။ သင်္ကြန်လည်း ကုန်ဆုံးသွား ပြီဖြစ်ပြီး နှစ်သစ်လည်း ရောက်ပြီ ဖြစ်တဲ့အတွက် နှစ်ဟောင်းက စိတ်ညစ်စရာတွေ၊ စိတ်ဆင်းရဲစရာတွေ အားလုံးပျောက်ပြီး နှစ်သစ်ကို စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ နှစ်တစ်နှစ်ကို ဖြတ်သန်းနိုင်ကြ ပါစေလို့ ပရိသတ်ကို ဆုတောင်းစကားလည်း ဆိုခဲ့ ပါတယ်။ သက်မွန်မြင့်က ပြင်ဦးလွင်ကို ဧပြီ၂ဝရက်နေ့မှာ နေတိုး၊ မြင့်မြတ်တို့နဲ့ ဇာတ်ကား ရိုက်ကူးဖို့ သွားခဲ့ကြောင်း သိရပါတယ်။

No comments:
Post a Comment