Source:FB
သင်္ကြန်မှာ Blizzard မဏ္ဍပ် ဆောက်ခဲ့တဲ့ မောင် က သင်္ကြန်ကို ၅ရက် လုံးလုံး ပျော်ခဲ့ရပြီး ဒီနှစ်သင်္ကြန်က ပိုစည်တယ်လို့ ပြောပါ တယ်။ သင်္ကြန်ဖြတ်သန်းမှုနဲ့ ပတ်သက်ပြီး မောင် က"ရန်ကုန် သင်္ကြန် မစည်တာ ၂နှစ် လောက်ရှိပြီလေ။ ဒီနှစ်က တအားစည်တယ်။ အရင် အင်းလျားလမ်း ခေတ်ကို ပြန်ရောက်သွားသလို ခံစားရတယ်။ သင်္ကြန် မဏ္ဍပ်ကို သင်ဇာဝင့်ကျော်လည်း လာတယ်။ ကျွန်တော် ကတော့ မဏ္ဍပ်မှာပဲ သူငယ်ချင်းတွေနဲ့ ၅ ရက်စလုံး နေဖြစ်တယ်။ သင်္ကြန် ပထမ အကြတ်နေ့မှာ မဏ္ဍပ် မှာပျော်ဖို့ကောင်းနေတုန်း လက်မှတ် အတုထွက် လို့ရှင်းပေး ရတာ တစ်နေကုန် မပြီးတော့ဘူး။ အဲဒါကတော့ အမှတ်တရပါပဲ။ ဒါပေမဲ့ ဒီနှစ် သင်္ကြန်က တအား ပျော်ဖို့ကောင်းပါ တယ်" လို့ပြောပြပါတယ်။ နှစ်ဆန်း တစ်ရက်နေ့မှာ အစ်မဖြစ်သူ မြတ်စံပယ်လှိုင်ရဲ့ မွေးနေ့ဖြစ်တဲ့ အတွက် ညနေပိုင်းမှာ မိသားစုတွေ အကုန်လုံး စုံဖြစ်တယ်လို့ ပြောပြပါတယ်။ အစ်မ ဖြစ်သူ နန္ဒာလှိုင် တို့မိသားစု ၊နွေးနွေးလှိုင် တို့မိသားစုတွေ၊ အစ်မ ၅ယောက်ရဲ့ မိသားစု တွေ စုံစုံလင်လင် နဲ့ ရှိနေခဲ့ပြီး မိသားစု အကုန် မစုံတာကြာပြီ ဖြစ်တဲ့အတွက် ဒီနှစ် နှစ်သစ်က အမှတ်တရဖြစ်ခဲ့ ရတယ်လို့ ပြောပြခဲ့ပါတယ်။

No comments:
Post a Comment