မူလစာမျက်နှာ

Saturday, 21 April 2012

အပူရှိန်ဒဏ်ကြောင့် နေပူထဲအကာအကွယ်မဲ့သွားခြင်း၊ ကြာမြင့်စွာနေခြင်းမပြုရန် မိုးလေ၀သ ပညာရှင်သတိပေး

ရန်ကုန်၊ ဧပြီ- ၂၁
မြန်မာပြည်မြောက်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများမှလွဲ၍ ကျန်ဒေသများရှိနေရောင်ခြည်တွင် UV Index တန်ဖိုးမှာ ၈ မှ ၁၀ ထိရှိနေသဖြင့် အကာအကွယ်မရှိဘဲ နေ ရောင်ခြည်ထဲသွားလာမှုမှ ရှောင်ရှားရန် မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

“ကောင်းကင်မှာ တိမ်တွေ နည်းလို့ဖြစ်တာ၊မြန်မာပြည်အလယ်ပ
ိုင်းဒေသတွေမှာ အပူချိန်တွေကအိအိတက်နေတယ်”ဟု ဦးထွန်းလွင်ကဆိုသည်။
နေရောင်ခြည်ဖြာထွက်မှုအနည်းအများကို UV Index (သို့မဟုတ်) Solar Index တို့ဖြင့် ဖော်ပြပြီး၊ အမြင့်ဆုံးမှာ ၁၁ နှင့် အထက်ဖြစ်သည်။ ကမ်းရိုးတန်းဒေသမှ လွဲ၍ ကျန်ဒေသများတွင် UV Index တန်ဖိုး ၈ မှ ၁၀ အတွင်းရှိနေသောကြောင့် နေပူထဲတွင် အကာအကွယ်မဲ့သွားလာခြင်း၊ နေပူထဲတွင် အချိန်ကြာမြင့်စွာနေခြင်း တို့ကိုရှောင်ရှားသင့်ကြောင်း ဒေါက်တာထွန်းလွင်က အကြံပြုသည်။

ယခုရက်ပိုင်း၌ရန်ကုန်မြို့၏အပူချိန်မှာ ၄၀ ဒီဂရီ စင်တီဂရိတ်ရှိပြီး ချောက်မြို့တွင် ၄၆ ဒီဂရီစင်တီ ဂရိတ်ထိရှိခဲ့သည်။ သို့သော် ရန်ကုန်မြို့တွင် တနင်္ဂနွေနှင့် တနင်္လာ(ဧပြီ ၂၂၊ ၂၃)နေ့များတွင် မိုးရွာနိုင်သည်ဟု ခန့်မှန်းထားသည်။ အနောက်မြောက်ဘက်မှ ရွှေ့လျားလာသောတိမ်တိုက် သည်မြန်မာနိုင်ငံသို့ရောက်ရှိလာပါက စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်လာမည့် စနေ၊ တနင်္ဂနွေရက်များ၌ မိုးရွာခြင်းနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်နိုင်ကြောင်း ဦးထွန်းလွင်က ခန့်မှန်းထားသည်။ မိုးရွာလျှင် အပူဒဏ်လျော့ကျသွားမည်ဖြစ်သည်။
Source:FB

No comments:

နေ့မှာ