Source:FB
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ၅လ ကြာ ဖျော်ဖြေခဲ့တဲ့ တင်မောင် ဆန်းမင်းဝင်း က ဧပြီ၉ရက်နေ့မှာတော့ ရန်ကုန်ကို ပြန်လည်ရောက်ရှိခဲ့ ပါတယ်။ ၅လ အတွင်းမှာ ပွဲအချီပေါင်း(၁၂ဝ)ကျော်လောက် ကပြဖျော်ဖြေ ခဲ့ပါတယ်။ တင်မောင်ဆန်းမင်းဝင်းက သင်္ကြန်ကို ကချင်ပြည်နယ်မှာ ပွဲကပြီး ဖြတ်သန်း ရမှာဖြစ်ပေမယ့် ဧပြီ၁ဝ ရက်နေ့က ကချင်မှာလေမုန် တိုင်းတိုက်ခတ်ခဲ့တဲ့ အတွက် ဇာတ်ရုံနဲ့ အမိုးတွေလွင့်ပြီး ပျက်စီး သွားတာ ကြောင့်ဆက်ပြီး မကဖြစ်တော့ဘဲ ရန်ကုန် ကို ပြန်လာဖြစ်ခဲ့ တာဖြစ်ကြောင်း သိရပါတယ်။
''လေမုန်တိုင်းပေါ့။ သိပ်တော့မကြမ်း ဘူး။ မုန်တိုင်းက ၁ရက်တည်း တိုက်တာပါ။ ဒါပေမဲ့ ကံကောင်းချင်တော့ ဇာတ်ရုံက ဆောက်တဲ့ရုံ မဟုတ်ဘူး။ ခန်းမရုံကြီး မှာကတာ ဆိုတော့ ဇာတ်ပစ္စည်းတွေကို ခန်းမ ထဲအမြန် ရွှေ့လိုက်ကြရတော့ ဘာမှသိပ်မဖြစ်ခဲ့ဘူး။ အမိုးတွေဘာတွေတော့ လန်ကုန်တယ်။ ဒါ ကြောင့် ၇ရက်ကရမှာကို ၄ရက်နဲ့ ဖြတ်ပြီး ပြန်လာ တာပါ''လို့ ပြောပါတယ်။ တင်မောင်ဆန်း မင်းဝင်းက သင်္ကြန်ကိုတော့ ရန်ကုန်မှာ ဖြတ်သန်းခဲ့ပြီး နှစ်ဆန်း တစ်ရက်နေ့မှာတော့ တောင်ငူ ကိုပြန်ပြီး အလှူလုပ်ဖြစ်ခဲ့ပါတယ်။ ဧပြီ၂၁ရက်နေ့ ကစပြီး ရန်ကုန်ပွဲခွင်တွေ ပြန် ဝင်ပြီ ဖြစ်တဲ့ တင်မောင်ဆန်းမင်းဝင်းက တောင်ဥက္ကလာ ဘုရားပွဲမှာ စတင် ကပြမှာဖြစ် ပါတယ်။ တောင်ဥက္ကလာ ဘုရားပွဲမှာ ကပြပြီးတာနဲ့ မေ၃ ရက်နေ့မှာတော့ ပဲခူးလေးမျက်နှာ ဘုရားပွဲမှာ ကပြဖျော်ဖြေမှာ ဖြစ်ပါတယ်။ ပဲခူး ရွှေမော်ဓော ဘုရားပွဲကြီးမှာ ကပြဖျော်ဖြေ မှာဖြစ်ပါတယ်။ ပဲခူး ရွှေမော်ဓောဘုရားပွဲကြီး မှာ မကဖြစ်ခဲ့တဲ့ အတွက် ပဲခူးပရိသတ်တွေ အတွက် အစားပြန်လည် ကပြ ဖျော်ဖြေခြင်း ဖြစ်ကြောင်း တင်မောင် ဆန်းမင်းဝင်းက ပြောပါတယ်။ ဒီလပိုင်းတွေ မှာတော့ နယ် တွေကို ထွက်ဖြစ်သေးမှာမဟုတ်ဘဲ ၇လပိုင်း မှာတော့ နှင်းဆီအဖွဲ့နဲ့အတူ အင်္ဂလန် ၊ပြင်သစ်၊ဂျာမနီဥရောပ ၃နိုင်ငံကို ဖျော်ဖြေရေး သွားမှာဖြစ်ပြီး ရက်၂ဝ ဝန်းကျင်လောက် ကြာမှာ ဖြစ်ကြောင်း၊ တစ်နိုင်ငံမှာ တစ်ပွဲနှုန်းကပြ ရမှာဖြစ်ကြောင်း တင်မောင်ဆန်းမင်းဝင်း က ပြောပါတယ်။

No comments:
Post a Comment