ဗမာနိုင်ငံရေးမိတ်ဆွေပါတီများ ရွေးကောက်ပွဲအတွေ့အကြုံရှင်းလင်းပွဲမှာ ဦးကောင်းမြင့်ထွဋ်ပြောကြားချက်
Source:FB
ဒီနေ့ ၁၁ နာရီက စီးတီးစတားဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ဗမာနိုင်ငံရေးမိတ်ဆွေပါတီများ ရဲ့ ရွေးကောက်ပွဲအတွေ့အကြုံရှင်းလင်းပွဲမှာ မြန်မာအမျိုးသားကွန်ဂရက်ပါတီက ဦးကောင်းမြင့်ထွဋ်ပြောကြားသွားခဲ့တာတွေကို ပြန်လည်မျှဝေပါတယ်။ အောက်ပါအတိုင်း
ဖြစ်ပါတယ်။
““ဒေါ်စုကို နိုင်ငံရေးမှာပြန်ပါဖို့၊ ၉၀ ရလဒ်ကိုစွန့်လွှတ်ဖို့ ပါတီမှတ်ပုံတင်ဖို့ တိုက်တွန်းခဲ့တာ ကျနော် ပထမဆုံးဖြစ်နိုင်ပါတယ်””
““၈၈မှာ ကျောင်းသူတွေ သွေးထွက်သံယိုဖြစ်နေတဲ့အချိန် ဒေါ်စုကို လမ်းပေါ်မှာ တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး””
““ဒေါ်စုဟာ အမျိုးသားခေါင်းဆောင်မဟုတ်ပါဘူး။ ဒီမိုကရေစီခေါင်းဆောင်တွေအများကြီးထဲက တစ်ဦးသာဖြစ်ပါတယ်။ ဒေါ်စုဟာ ၈၈ ကျောင်းသားတွေကို မွေးဖွားပေးခဲ့တာမဟုတ်ပါဘူး။
ဒေါ်စုဟာ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းကြောင်း ကြေငြာမှ လမ်းပေါ်ထွက်လာတာဖြစ်ပါတယ်””
““အန်အယ်လ်ဒီဟာ ၉၀ မှာ အင်အားကြီးကြီးနဲ့ အနိုင်ရခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အဖျားရှုးသွားပါတယ်””
““အန်အယ်လ်ဒီက ဘာလို့ ကျနော့်ကိုအနိုင်ယူတာလဲ။ ကျနော့်ကိုအနိုင်ယူရင်ကော အရသာရှိသွားသလား။ အန်အယ်လ်ဒီအတွက် ငါးသိန်းကလွယ်ချင်လွယ်မယ်။ ကျနော်တို့အတွက် ငါးသိန်းက ရှိတာရောင်းပြီးလုပ်ရတာ။ ကျနော်လေယာဉ်ပျံနဲ့ စည်းရုံးရေးမဆင်းနိုင်ပါဘူး””
““နိုင်ငံရေးအရ မှားယွင်းတဲ့အပြတွေ ပြတယ်။ ရှုပ်ထွေးအောင်လုပ်ပစ်တယ်။ ဂျာနယ်တွေက ၀ိုင်းပြီး Lobby လုပ်ပေးတယ်။ အဲဒါနဲ့ နိုင်သွားတော့ ပျော်ကြပြန်ရော””
ဦးကောင်းမြင့်ထွဋ်(မြန်မာအမျိုးသားကွန်ဂရက်ပါတီ)
No comments:
Post a Comment