Source:FB
နှစ်သစ်ကို သင်္ကြန်ရေနဲ့ကြိုဆိုပြီး နှစ် ဆန်း ၁ ရက်နေ့ကိုရောက်တဲ့ အခါတိုင်းမှာ မြန်မာပြည်သူပြည်သားတွေအကုန်လုံးဟာ ကုသိုလ်ကောင်း မှုအစုစုပြုပြီးတော့ နှစ်သစ် တစ်နှစ်ကို ဖြတ်သန်းကြသလို မြန်မာနှစ်သစ် ကူးနဲ့အတူ မွေးဖွားလာတဲ့ နှစ်ဆန်း ၁ ရက်နေ့ မွေးနေ့ရှင် (ဧပြီ ၁၇ ရက်) ကတော့ ကျော် ကျော်ဗိုပဲဖြစ်ပါတယ်။ နှစ်ဆန်း ၁ ရက်နေ့ မွေးနေ့တိုင်းမှာ အလှူအတန်းပြု ကုသိုလ် ကောင်းမှုလုပ်ပြီးဖြတ်သန်းဖြစ်သလို ဒီနှစ်မှာ လည်း အိမ်နားကဘုန်းကြီးကျောင်းမှာပဲ သံဃာတော်များကို ဆွမ်းကပ် လှူဒါန်းဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ သင်္ကြန်တွင်း ၅ ရက်လုံး နေပြည်တော် မှာ ရှိတဲ့ ACE မဏ္ဍပ်မှာပဲ သီဆိုဖျော်ဖြေရင်း ဖြတ်သန်းဖြစ် တယ်လို့ သိရပါတယ်။ နေပြည်တော် ပရိသတ်တွေရဲ့ မြင်ကွင်းပုံရိပ်တွေကို ပြော ပြ တာကတော့...
''ပရိသတ်တွေက အများကြီးပဲ။ တအား ဝေးတဲ့နေရာတွေကနေလာကြတာ ။ပျဉ်းမနား ဘက်ကလူတွေ အများကြီးလာတယ်။ ပရိ သတ်တွေကတော့ သီချင်းဆိုပေးပါဆိုပြီး တောင်းတာမျိုးတော့ မရှိဘူး။ ဘာ သီချင်းဆိုဆို အဆင်ပြေနေတာပါပဲ။ သင်္ကြန် တွင်းဆိုတော့ သူတို့မြူးနေဖို့က အဓိကပဲေ လ။ စတိတ်ရှိုးတွေနဲ့တော့ မတူဘူးပေါ့'' လို့ ပြောပါတယ်။ သင်္ကြန် မရောက် ခင် အနားကပ်ပြီး ထွက်ရှိ လာတဲ့ 'Dinner (ညစာ) 'လို့အမည် ပေးထား တဲ့ ဇာတ်ကားကလည်း ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့ ပါတယ်။ ဇာတ်ကား ရိုက်ကူးခဲ့တုန်းက အမှတ်တရတွေရှိခဲ့လားဆိုတော့...
''အမှတ်တရတွေတော့ ထွေထွေ ထူးထူးမရှိပါဘူး။ တစ်ညလုံး ရိုက်ရတဲ့ အနေအထားတွေတော့ရှိတယ်။ အစ်ကိုတို့ရိုက်ထားတဲ့ ဇာတ်လမ်းက အခု အခွေထွက်လာသလောက်နဲ့တင် ပြီးသွား တာမဟုတ်ဘူး။ အနောက်မှာ အများကြီး ကျန်သေးတယ်။ ကြည့်ရတာ ဆင်ဆာမရ လို့နဲ့တူတယ်။ အဲဒီလောက်နဲ့ပဲထွက်သွား တယ်။ အမှန်ဆိုရင် Ending ကအခွေ ထွက်လာသလိုမဟုတ်ဘူး။ အဲဒီဟာက ဇာတ်ကားရဲ့ သုံးချိုးနှစ်ချိုး ပဲရှိသေးတယ်။ တစ်ချိုးကျန်ခဲ့တယ်'' လို့ ပြောပြ ပါတယ်။ ဇာတ်ကားက ဆင်ဆာနဲ့မလွတ်တဲ့အတွက် ပရိုဂျူဆာက အကုန်အကျခံ ရင်းနှီး ရိုက်ကူးထားရတာကြောင့်အနုပညာ အရမကြည့်တော့ဘဲနဲ့ ဆုံးရှုံးနစ်နာ မှုကိုပြန် ကြည့်ရတဲ့အတွက် အဆင်ပြေသလိုထုတ် လိုက်ရတဲ့အနေအ ထားမျိုးဖြစ်သွားခဲ့ကြောင်း ဇာတ်လမ်းအသိမ်းမှာ အိုက်တင်တွေအများ ကြီးလုပ်ခဲ့ပေမယ့်လည်း မပါလာခဲ့တဲ့အတွက် ပရိသတ်ကိုတကယ် ထိတွေ့စေမယ့် အနုပညာရသ တွေ ကျန်ရစ်ခဲ့ ကြောင်း ပြော ပြခဲ့ပါတယ်။

No comments:
Post a Comment