Source:FB
သင်္ကြန်ကာလပွဲတော်ရက်အတွင်း ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး အနု ပညာရှင် တစ်ဦးကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အနုပညာ လုပ်ကိုင်ခွင့် ပိတ်လိုက်ပြီဆိုတဲ့ သတင်းအင်တာနက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ဒီသတင်း ဟုတ်၊ မဟုတ် သိချင်နေကြတဲ့ ပရိသတ်တွေက ပေါ်ပြူလာကို ဖုန်းဆက်ပြီး လှမ်းမေးကြပါတယ်။ ပေါ်ပြူလာကလည်း ပရိသတ်တွေ သိချင်နေကြတဲ့ သတင်းအမှန်ကို သိရဖို့အတွက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကို မေးတဲ့အခါမှာတော့...''ကျွန်တော်တို့ မပိတ်ပါဘူး။ နောက်ရက် အတွင်းမှာတော့ ကျွန်တော်တို့အနေနဲ့ သူ့ကို ခေါ်ယူပြီးတော့ ကိုယ့်သားသမီး လိုပဲ သူ့ကို မေတ္တာရပ်ခံပြီးတော့ နောင် မလုပ်ပါနဲ့လို့ ဒီလိုပဲ ပြောခွင့်ရှိပါ တယ်။ ပိတ်ခြင်း၊ အရေးယူခြင်း မရှိပါဘူး။ နောင်ကို ဒီလိုမျိုး မဖြစ်အောင် ကျွန်တော်တို့အနေနဲ့ ဝိုင်းဝန်း ထိန်းသိမ်းပေး ပါ့မယ်''လို့ ပြောပါတယ်။ နောက်ပိုင်းမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေနဲ့ အနုပညာရှင်တွေရဲ့ ဝတ်စားဆင် ယင်မှုနဲ့ပတ်သက်ပြီး စည်းကမ်းတွေကို သတ်မှတ်သွားဖို့ ရှိလားလို့ အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကို မေးတော့..''ကျွန်တော်တို့အနေနဲ့ အာဏာပိုင် အဖွဲ့အစည်း မဟုတ်တဲ့အတွက် စည်းမျဉ်း စည်းကမ်းတွေကို သတ်မှတ်လို့မရပါဘူး။ ဒါကြောင့် မေတ္တာရပ်ခံခြင်းနဲ့ပဲ လုပ်သွားမှာပါ။ နောက်မီဒီယာများကလည်း ဒါကို ပြစ်တင်ရှုတ်ချခြင်းတွေ ပြုလုပ်မယ်၊ အဓိကဖြစ်တဲ့ မိဘပြည်သူများကလည်း ဝိုင်းဝန်းရှုတ်ချ ကြမယ်ဆိုရင်တော့ အနုပညာရှင် တစ်ယောက်အနေနဲ့ နောင်ကို ဒီလိုမျိုး လုပ်နိုင်ဖွယ်၊လုပ်ရဲဖွယ် ရှိတော့မယ်မထင်ပါဘူး''လို့ ပြောပါတယ်။ အများအားဖြင့် ပြည်သူတွေ အတုယူလေ့ရှိကြတဲ့ အနုပညာရှင်တွေအနေနဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ် သက်ပြီး ဘယ်လို ဆင်ခြင်သင့်တယ်ဆိုတာကိုတော့ အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက..''ထိန်းထိန်းသိမ်းသိမ်းတော့ ဖြစ်ချင်ပါတယ်။ အဝတ်အစား ဆိုတာကလည်း ခေတ်ကာလအလျောက် ပြောင်းလဲမှုတော့ ရှိတာပေါ့။ ဒီပြောင်းလဲမှုကိုလည်း ကျွန်တော်တို့ အနေနဲ့ တားဆီးဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါ ဘူး။ မှန်ကန်တဲ့ ရေစီးကြောင်းလေး ဖြစ်သွားဖို့ပဲ လမ်းကြောင်းတည့်မတ်ပေး ဖို့လိုပါတယ်''လို့ ပြောပါတယ်။

No comments:
Post a Comment