မူလစာမျက်နှာ

Thursday, 26 April 2012

“မန္တလေး မွေးနေ့ရှိုးမှာ ပရိသတ်တွေနဲ့အတူ မွေးနေ့ကိတ်မခွဲလိုက်ရတဲ့ စိုင်းစိုင်းခမ်းလှိုင်”

Source:FB
ဧပြီ ၁ဝ ရက်နေ့ မွေးနေ့ရှိုးပွဲကို နှစ်စဉ် ရန်ကုန်မှာကျင်းပနေကျ ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်က ဒီနှစ်မွေးနေ့ရှိုးကိုတော့ မန္တလေးမှာ ကျင်းပခဲ့ပါတယ်။ မွေးနေ့ရှိုးပွဲကို ထူးထူးခြားခြား စီစဉ်တင်ဆက် လေ့ရှိတဲ့ စိုင်းစိုင်းခမ်းလှိုင်က ဒီနှစ်ကိုလည်း မန္တလေးမှာ ထူးထူးခြားခြား ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ မွေးနေ့ရှိုးပွဲကို စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ သူငယ်ချင်းတွေက ဖျော်ဖြေတင် ဆက်ခဲ့ကြပါတယ်။ ဖျော်ဖြေပွဲ တစ်ဝက်လောက်မှာ လေနီကြမ်းတိုက်လာပြီး လေနီကြမ်းကြောင့် စတိတ်စင်အခက်အခဲရှိပေမယ့် ပရိသတ်တွေရဲ့တောင်း ဆိုမှုကြောင့် စိုင်းစိုင်းခမ်းလှိုင်က ဆက်လက်ဖျော်ဖြေခဲ့ပေမယ့် မိုးရွာလာ တာကြောင့် ဖျော်ဖြေပွဲကို စောစောပဲသိမ်းလိုက် ရပါတယ်။ မွေးနေ့ဖျော်ဖြေပွဲမှာ တစ်ခဲနက်အားပေးကြတဲ့ ပရိသတ်တွေကို တအားကျေး ဇူးတင်သလို ပွဲကိုစီစဉ်ထားတဲ့အတိုင်း ပြီးဆုံးအောင် မဖျော်ဖြေဖြစ်ခဲ့ရတဲ့ အတွက် စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ စိုင်းစိုင်းခမ်းလှိုင်ကပြောပါတယ်။
''ကျွန်တော့်ရဲ့ နောက်ဆုံးမွေးနေ့ပွဲ အစီအစဉ်တစ်ခုလုံး မိုးရွာလာတဲ့အတွက် ပြုတ်ကျန်ခဲ့တယ်။ သီချင်းတွေကို ကျွန်တော် သေသေချာချာ လုပ်ထားတာပါ။ သီချင်းဟောင်းတွေကိုလည်း နယူးဗားရှင်း ပြန်လုပ်ထားပါတယ်။ သီချင်း ၁၅ ပုဒ်ကျော်လောက် မဖျော်ဖြေရခဲ့ဘူးဆိုတော့ စိတ်မကောင်းဖြစ်မိတယ်။ အား မလိုအားမရဖြစ်မိတယ်။ ဒါပေမဲ့ မန္တလေးပရိသတ်တွေ တအားအားပေးတဲ့ အတွက် တအားဝမ်းသာတယ်။ ဂုဏ်လည်းယူတယ်။ ရင်ထဲမှာလည်း တစ်မျိုး ကြီးပဲ။ နောက်လည်း မန္တလေးမှာ ပွဲတွေစီစဉ် နိုင်အောင် ကျွန်တော် ထပ်ပြီး ကြိုးစားပါဦးမယ်။ ကျွန်တော်မှန်းထားတာထက် ပိုပြီးလာအားပေးကြတဲ့ အတွက် တအားပျော်တယ်။ ကျွန်တော် စီစဉ်ထားတာတွေအားလုံး မဖျော်ဖြေ လိုက်နိုင်တဲ့အတွက်တော့ ဝမ်းနည်းရတယ်'' လို့ ပြောပြပါတယ်။
စိုင်းစိုင်းခမ်းလှိုင်က ရှိုးနောက်ဆုံးပိတ်မှာ ပရိသတ်တွေနဲ့အတူ မွေးနေ့ကိတ်ခွဲ လေ့ရှိပေမယ့် ဒီနှစ်ကိုတော့ ရှိုးပွဲမှာ မွေးနေ့ကိတ်မခွဲ ဖြစ်ခဲ့တဲ့အတွက် အား မရခဲ့ဘူးလို့ဆိုပါတယ်။
''ကျွန်တော့်အမြင်က တစ်နှစ်လုံးစာ တအားကျက်ထားပြီး စာတအားရနေတဲ့ အချိန်မှာ စာမေးပွဲမဖြေလိုက်ရတဲ့ သူနဲ့တူနေတယ်။ နောက်နှစ်မွေးနေ့ရှိုးကို ရန်ကုန်မှာပဲလုပ်မယ်လို့ ရန်ကုန်ပရိတ်သတ်ကို ကတိပေးထားတယ်ဆိုတော့ ဖြစ်နိုင်ရင် ဒီနှစ်၊ ဒါမှမဟုတ် နောက်နှစ်မှာတော့ မန္တလေးမှာ ပွဲတစ်ပွဲပြန် လုပ်နိုင်အောင်တော့ ကျွန်တော် ကြိုးစားမယ်'' လို့ပြောပြပါတယ်။
မွေးနေ့ရှိုးကို ပြီးအောင်မဖျော်ဖြေ လိုက်ရတဲ့အတွက် စိတ်မကောင်း ဖြစ်ပြီး သင်္ကြန်ဆိုတာ စိတ်ထဲမှာသိပ်မရှိဘူး ဖြစ်နေပေမယ့် ရန်ကုန်-ပြည်လမ်းမှာ မဏ္ဍပ်ဆောက်ပြီး သီချင်းဆို၊ ရေပက်ရင်းနဲ့ ပျော်သွားခဲ့တယ်လို့လည်း သူ့ ခံစားချက်ကို စိုင်းစိုင်းခမ်းလှိုင်က ပြောပြပါတယ်။ မွေးနေ့ရှိုးမှာ မွေးနေ့ကိတ် မလှီးခဲ့ရပေမယ့် သင်္ကြန်အကြိုနေ့မှာတော့ သူငယ်ချင်းတွေနဲ့အတူ မွေးနေ့ ကိတ် လှီးဖြစ်ခဲ့တယ်လို့လည်း ပြောပြပါတယ်။

No comments:

နေ့မှာ