Source:FB
ရန်ကုန်၊ ဧပြီ ၂၆
ကျေးရွာပေါင်း ၆၄ ရွာဖြင့် ဖွဲ့စည်းထားသော သုံးခွ မြို့နယ်အတွင်း ကျေးရွာအုပ်စု အချို့တွင် ရေကန်များ ခန်းခြောက်လာခြင်းကြောင့် ဒေသခံများ သောက်သုံးရေ ပြတ်လပ်မှုများနှင့် တွေ့ကြုံလျက် ရှိပြီး သောက်သုံးရေ ရရှိရန် အကူအညီများ အရေးပေါ် လိုအပ်လျက် ရှိကြောင်း ဒေသခံများ၏ အဆိုအရ သိရှိရသည်။
အနည်းဆုံး သုံးခွမြို့ အရှေ့ဘက်နှင့် တောင်ဘက်ပိုင်းရှိ ရွာပေါင်း ခုနစ်ရွာတွင် သောက်သုံးရေများ ပြတ်လပ်လျက် ရှိသည်ဟုလည်း ၎င်းတို့က ပြောဆိုသည်။
ရေရှားပါးခြင်းကို တွေ့ကြုံနေရသည့် ကျေးရွာများတွင် အောင်ပန်းစိန်၊ ထွန်းစိန်၊ သမစိတ္တ၊ ဇောတိက၊ သြဘာ ညွန့်၊ တမံကြီး၊ အောင်သာတန်း၊ ဆားတလင်း စသောကျေးရွာများတွင် အဓိက သောက်သုံးရေ ရရှိရန် လိုအပ်နေသည်။ ယင်းသို့ ရေရှားပါးသည့် ကျေးရွာများမှ ဒေသခံများက ရေရှိရန်အတွက် အခြား နီးစပ်ရွာများရှိ မခြောက်မခန်းသေးသော ရေကန်များမှ ရေကို သွားခပ်နေရပြီး သုံးခွမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နှစ်ရက်တစ်ကြိမ် လာရောက် လှူဒါန်းရာမှ ရရှိသော သောက်သုံးရေပုံး နှစ်ပုံးကိုသာ အသုံးပြု နေရကြောင်း သုံးခွမြို့နယ် တောင်ပိုင်းခရိုင် အောင်ပန်းစိန် ရပ်ကွက်၊ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးမင်းမင်းက ပြောကြားသည်။
အနည်းဆုံး လူဦးရေ ၇၀၀၀ ခန့် နေထိုင်သော အဆိုပါကျေးရွာ ခုနစ်ရွာတွင် ရေကန်များကိုသာ အဓိကထား သုံးစွဲနေရသဖြင့် စက်ရေတွင်းများ တူးဖော်ပေးရန်လည်း လိုအပ်လျက် ရှိကြောင်း၊ ယခုကဲ့သို့ အရေးပေါ် သောက်သုံးရေ လိုအပ်နေခြင်းကြောင့် ရေအလှူများ လာရောက် လှူဒါန်းနိုင်ရန် အလှူရှင်များလည်း လိုအပ်နေကြောင်း သဲကုန်းမြို့နယ် ဒေသခံ တစ်ဦးမှ သုံးသပ် ပြောကြားသည်။

No comments:
Post a Comment