“စောစောပိုင်းကာလကတည်းက ကုသခွင့်ရရှိတဲ့ ကလေးငယ်တွေက အခြားသူများနဲ့ ဆက်ဆံရာမှာ ပိုမိုအဆင်ပြေပြီး လူ့အဖွဲ့အစည်းအတွင်းမှာလည်း ကောင်းကောင်းမွန်မွန် ၀င်ဆန့်နိုင်ပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်သူ မရှိတဲ့အတွက် ကလေး အများစုကြီးဟာ ကုသမှုကို မရရှိကြပါဘူး။ ရောဂါပျောက်ကင်းမဖို့ ထာဝရ ဝေးသွားကြရပါတယ်။” တရုတ် မသန်စွမ်းသူများ ဖက်ဒရေးရှင်း ဥက္ကဌဖြစ်သူ မစ္စဇန်ဟေဒီက ဆိုပါသည်။
အစိုးရအနေဖြင့် ဘတ်ဂျတ်ငွေ တိုးမြှင့်ပေးသင့်ကြောင်း၊ အော်တစ်ဇမ်ကလေးများအတွက် မူဝါဒ အထောက်အပံ့လည်း ထားရှိသင့်ကြောင်း၊ ကျွမ်းကျင်သူများကို လေ့ကျင့် မွေးထုတ်ပေးသင့်ကြောင်း၊ အကောင်းဆုံး ကုသမှုပေးသင့်ကြောင်း သူမက ရှင်းပြခဲ့သည်။
တကမ္ဘာလုံးတွင်လည်း Autism ကလေးငယ်ဦးရေ အလျင်အမြန် တိုးပွားလာနေကြောင်း သိရပါသည်။ အမျိုးသားကိန်းဂဏန်း အညွှန်း အသေအချာ မသိရသော်လည်း တရုတ်ကလေး ၂ သန်းခန့်အထိ ဦးနှောက်အာရုံကြောချို့ယွင်းမှု ရောဂါ Autism ရရှိခံစားနေကြသည်ဟု တရုတ် စိတ်ရောဂါ မသန်းစွမ်းသူများနှင့် မိဘဆွေမျိုးများ အစည်းအရုံး အတွင်းရေးမှူး ၀န်ဟောင်က ဆိုပါသည်။
စနစ်တကျ ရောဂါရှာဖွေမှုစွမ်းရည် မရှိခြင်း၊ လုံးဝ မစမ်းသပ်ခြင်းတို့ကြေင့် အမှန်တကယ် အရေအတွက်မှာ ပိုမို များပြားနေနိုင်ကြောင်း ဆိုပါသည်။
Source:maukkha
No comments:
Post a Comment