မူလစာမျက်နှာ

Thursday, 19 May 2011

ရခိုင်နှင့် ကရင် တော်လှန်ရေး သမား ၃၁ ဦး လွှတ်ပြီ

ရခိုင်နှင့် ကရင် တော်လှန်ရေး သမား ၃၁ ဦးသည် ယနေ့နေ့လည်ပိုင်းက ကာလကတ္တား အကျဉ်းထောင်မှ လွှတ်မြောက်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။


34-Arakanese-freedom-fighter-in-Kolkata-jail free
သူတို့ အရေးကို လိုက်ပါ ဆောင်ရွက်နေသူ တစ်ဦးက" သူတို့ကို အခု ထောင်ကနေ ကာလကတ္တား လေယျာဉ်ကွင်းကို အစောင့် အရှောက်တွေနဲ့ ယူဆောင်သွားပါပြီ။ သူတို့ကို နယူးဒေလီကို ခေါ်ယူ သွားပြီ အဲဒီမှာ နေရာချပေးမှာ ဖြစ်ပါတယ်" ဟု ပြောသည်။

သူတို့အား UNHCR မှ ဒုက္ခသည် အဖြစ် အသိအမှတ်ပြု ထားပြီး များမကြာမှီ တတိယ နိုင်ငံ တစ်ခုခုတွင် ခိုလုံခွင့်ရမည် ဖြစ်ကြောင်း သိရသည်။

" အခု အိန္ဒိယ အစိုးရ တစ်နှစ် အိန္ဒိယမှာ ခိုလုံ ခွင့် ပြုထားပါတယ်။ အဲဒီတော့ သူတို့ အိန္ဒိယမှာ ခိုလုံ ခွင့်ရရှိတဲ့ အချိန်မှာဘဲ တတိယ နိုင်ငံ တစ်ခုခုကို ထွက်ခွာခွင့် ရရှိမှာ ဖြစ်ပါတယ် " ဟု သူက ပြောသည်။

နယူးဒေလီတွင် သူတို့အား လေယျာဉ်ကွင်းမှ တဆင့် ကြိုဆိုရန် အစီအစဉ်များ လုပ်ထားပြီး သူတို့ တည်းခိုမည့် နေရာကိုလည်း စီစဉ်ထားပြီ ဖြစ်ပါသည်။

( သူတို့နှင့် ရရှိထားသော အင်တာဗျူးကို များမကြာမှီ ထုတ်လွှင့်ပေးသွားပါမည်။) 

Source:narinjara

No comments:

နေ့မှာ