မြန်မာနှင့် ထိုင်းနယ်စပ်မြို့၏ အမှတ် ၄ ရက်ကွက်ရှိ မြို့နယ် ရဲစခန်းနှင့် ပေ ၁ဝဝ ခန့်အကွာရှိ ဆက်သွယ်ရေးရုံး အဝင်၌ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
“အုံးကနဲ ပေါက်ကွဲသံကြားတော့။ အဲဒီဝင်းထဲမှာ နေတဲ့လူတွေ
ထိုင်းမြန်မာနယ်စပ် ချစ်ကြည်ရေး တံတားဂိတ်
ပြောသည်။
ပေါက်ကွဲသံကြောင့် ၅ မိနစ်အတွင်း ရဲများ ရောက်ရှိလာကြပြီး ရုံးကိုလည်း ယာယီပိတ်ထားလိုက်သည်။
ဗုံးပေါက်ကွဲမှုကြောင့် လူအသေအပျောက် မရှိသလို၊ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်မှု မရှိသော်လည်း မြို့ခံများက နောက်ထပ် ဗုံးများ ပေါက်ကွဲမှာကို ကြောက်ရွံ့စိုးရိမ်နေခဲ့သည်။
“သားကို ကျောင်းသွားအပ်တာ စောင့်နေတုန်းမှာပဲ၊ ဟိုဘက်က ပေါက်ကွဲသံကြားတော့ ကျနော်တို့လည်း လန့်ပြီး အိမ်ကို ချက်ချင်းပြန်ကြတာ။ တခြားလူတွေလည်း ပြန်ပြေးကြတာပဲ” ဟု ကျောင်းသား မိဘတဦးက မဇ္ဈိမကို ပြောသည်။
ဗုဒ္ဓဟူးနေ့တွင် နေပြည်တော်အနီး ရန်ကုန်-မန္တလေး လူစီးရထားပေါ်၌ ချိန်ကိုက်ဗုံးတလုံး ပေါက်ကွဲရာ လူ ၂ ဦး သေဆုံးပြီး၊ ၉ ဦး ဒဏ်ရာရသွားကြောင်း ကြာသပတေးနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။
ထိုင်းမြန်မာနယ်စပ် ချစ်ကြည်ရေး တံတား
ဗုံးကွဲမှု မကြာခဏ ဖြစ်လေ့ရှိသော မြဝတီတွင်တော့ ယခုဗုံးမှာ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း ပထမဆုံး ပေါက်ကွဲမှု ဖြစ်သည်။
ရဲစခန်းအနီး ခရစ်ယာန်ဘုရားကျောင်းအနီးတွင် မတ်လအတွင်း ဗုံးတလုံး ပေါက်ခဲ့သေးသည်။ သို့သော် ထိခိုက် သေဆုံးမှု မရှိပေ။ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် လက်ဖက်ရည်ဆိုင်တခု၌ ပေါက်ကွဲသည့် ဗုံးကြောင့် လူ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။
၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအပြီး နောက်တရက်တွင် ငြိမ်းချမ်းရေး သဘောတူညီချက် ပျက်ပြားသွားသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA နှင့် အစိုးရတပ်များအကြား မြို့တွင်းတိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
Source:mizzimaburmese
No comments:
Post a Comment