ရန်ကုန်မြို့အရှေ့ပိုင်းရှိ သင်္ကန်းကျွန်းမြို့နယ်၊ ၁၆ ရပ်ကွက်၊ အပိုင်း ၄ ၊ သီတာရေစင်လမ်း၊ အမှတ် ၆ဝ၃ ဘီ နေအိမ် မီးဖိုမီးက မွန်းလွဲ ၁ နာရီ ၄၅ မိနစ် မှသည် ၁ နာရီကျော်ကြာ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
"
" အကုန်လုံးကို ပျက်စီးသွားတာခင်ဗျ။ ကျနော့်အိမ်လည်း မီးလောင်တဲ့အထဲမှာ ပါသွားပါတယ်။ အခုပြောနေတာ မီးလောင်ထားတဲ့နေရာ၊ ပြာပုံပေါ်က ပြောနေတာခင်ဗျ။"ဟု သူက ဆက်ပြောသည်။
ရန်ကုန်တိုင်း ဗဟိုမီးသတ်တပ်ဖွဲ့ကလည်း မီးလောင်မှုကြောင့် အိမ်ခြေ ၁၅ လုံး ပျက်စီးသွားကြောင်း ပြောသည်။
" မီးလောင်ရတဲ့ အကြောင်းက ပိန္နဲသီးအိုးကို မီးသွေးမီးဖိုနဲ့
ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့နှင့် မြို့နယ် အများအပြားမှ မီးသတ်ယာဉ်၊ ရေသယ်ယာဉ်နှင့် အုပ်ချုပ်မှုယာဉ် စုစုပေါင်း ၄၆ စီး သွားရောက် ငြှိမ်းသတ်ပေးခဲ့ရကြောင်း မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်ယူနေဆဲ ဖြစ်ကြောင်း တိုင်းဗဟိုမီးသတ်တပ်ဖွဲ့က ပြောသည်။
ပြီးခဲ့သည့်နှစ် ၂ဝ၁ဝ ခုနှစ် ဖော်ဖော်ဝါရီလ ၁၂ ရက် ကလည်း သင်္ကန်းကျွန်းမြို့နယ်အတွင်းရှိ သင်္ဃန်းကျွန်းဈေးတွင် ဝါယာရှော့ခ်မှ စတင် မီးလောင်ကျွမ်းခဲ့ပြီး ဈေးရှိ ဆိုင်ခန်းပေါင်း ၈ဝဝ နီးပါးအနက် ၆၅၁ ဆိုင် ပျက်စီးခဲ့သည်။
Source:mizzimaburmese
No comments:
Post a Comment