မူလစာမျက်နှာ

Tuesday, 8 February 2011

ငွေသွားညှစ်သည့် နစက သုံးဦး ဓါးခုတ်ခံရ

2/7/2011
ရခိုင်ပြည်နယ် မောင်တောမြို့ အမှတ် (၁) ရပ်ကွက် ဖေဇီရွာတွင် ငွေသွားညှစ်သည့် နစက သုံးဦးကို အိမ်သူအိမ်သားများက ဓါးဖြင့် ၀ိုင်းခုတ်လိုက်သည့် အခင်းတစ်ခု ယမန်နေ့ ညနေပိုင်း အချိန်တွင် ဖြစ်ပွားခဲ့သည်။

၎င်း နစက သုံးဦးမှာ ပီအိုအီ နယ်စပ် ၀င်ထွက် စခန်းတွင် တာဝန်ကျနေသူများဖြစ်ကြပြီး အမှတ် (၁) ဖေဇီရပ်ကွက်နေ ဦးဆောယော့ကော်ရိမ်၏ နေအိမ်သို့ အရပ်ဝတ်ဖြင့် သွားရောက် ငွေညှစ်ကာ မဖွေမရာ အာဏာသုံး ဆက်ဆံခဲ့ခြင်းကြောင့် မိသားစုဝင်များက မကျေနပ်၍ ဓါးဖြင့် ၀ိုင်းခုတ် ခဲ့ကြခြင်းဖြစ်သည်ဟု မျက်မြင်သက်သေ အိမ်နီးချင်း တစ်ဦးက နိရဉ္စရာကို ပြောသည်။

“မနေ့က ညနေပိုင်း ၄ နာရီကျော်လောက်မှာ ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။ နစကတွေက ဦးဆောယော့ ကော်ရိမ်ရဲ့ နေအိမ်ကို အရပ်ဝတ်နဲ့လာပြီးတော့ ယာဘား မြင်းဆေး လုပ်တယ် ဘာညာ ဆိုပြီး ငွေလာညှစ်ကြတာ ဖြစ်ပါတယ်။ သူတို့ တောင်းခံတဲ့ ငွေကို မပေးနိုင်တော့ ဆော့ယော့ကော်ရိမ်ကို ရိုက်ပုတ်ဆဲဆိုကြပြီးတော့ စခန်းကို ဖမ်းယူသွားဖို့လုပ်ကြပါတယ်။ ဒီလို ဆော့ယော့ကော်ရိမ် အပေါ် အနိုင်ကျင့် စော်ကားနေတာကို မခံမရပ်နိုင်ကြတော့ မိသားစုဝင်တွေက ဓါးနဲ့ ၀ိုင်းခုတ်လိုက်ကြတာပဲ ဖြစ်ပါတယ်” ၄င်း အိမ်နီးချင်းက ပြောသည်။

ထို့သို့ မိသားစုဝင်များက ၀ိုင်းခုတ်ခဲ့ကြခြင်းကြောင့် ၄င်း နစက သုံးဦးမှာ သွေးတန်းလန်းဖြင့် ထိုအိမ်ထဲမှ ထွက်ပြေးခဲ့ကြသည်ကို တွေ့မြင်ခဲ့ရကြောင်း သူ ကဆက်ပြောခဲ့သည်။

အဆိုပါ ဓါးခုတ်ခံခဲ့ရသည့် နစက သုံးဦးမှာ ပီအိုအီး ခေါ် နယ်စပ် ၀င်ထွက်စခန်းတွင် တာဝန်ကျ နေကြသူများ ဖြစ်ကြသည်။ သူတို့ထဲမှ နှစ်ဦးမှာ ဦးခေါင်းနှင့် ခန္ဓာကိုယ်များတွင် ဓါးခုတ် ဒဏ်ရာများ ပြင်းထန်စွာ ရရှိသွားကာ မောင်တော ဆေးရုံတွင် တင်ထားရကြောင်း သိရှိရသည်။

ထိုနောက် နာရီဝက်ကျော်ခန့် အကြာတွင် ပီအိုအီး စခန်းမှ နစက ၂၀ ကျော်ခန့် လက်နက်များ ကိုင်ဆောင်ကာ အခင်းဖြစ်ပွါးရာနေရာသို့ ရောက်ရှိလာကြပြီး၊ ဆောယော့ကော်ရိမ်၏ ဇနီးအပါအ၀င် သားသမီးများနှင့် သူပိုင်ဆိုင်သည့် ဂျစ်ကားနှစ်စီးကို ဖမ်းဆီးယူဆောင်သွားခဲ့ကြသည်။

Source:narinjara

No comments:

နေ့မှာ