ရုပ်ရှင်ဒါရိုက်တာ ညိုမင်းလွင်ကို စိတ်ကြွဆေးပြားများနှင့်အတူ တွေ့ရှိသည်ဆိုကာ ဗဟန်းမြို့နယ်တွင် ဗုဒ္ဓဟူးနေ့တွင် ဖမ်းဆီးခဲ့ကြောင်း ဗဟန်းရဲစခန်းက ပြောသည်။
ယခုအခါ အလုံမြို့နယ် ရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ခဲ့သည်ဟု ဗဟန်းမြို့နယ် ရဲစခန်းရှိ တာဝန်ကျ ရဲတဦးက မဇ္ဈိမကို ပြောဆိုသည်။
“အခု အလုံရဲစခန်းမှာ ဖမ်းထားတယ်တဲ့၊ ဒါရိုက်တာ ညိုမင်းလွင်” ဟု ပြောဆိုသော်လည်း အသေးစိတ် ပြောရန်ကိုမူ ငြင်းဆိုသည်။
ဦးညိုမင်းလွင်၏ ဇနီးကတော့ ခင်ပွန်းသည် အဖမ်းခံရခြင်းမဟုတ်ကြောင်းနှင့် ခရီးထွက်နေခြင်းသာ ဖြစ်ကြောင်း ငြင်းဆိုသည်။
အလုံရဲစခန်းသို့ မဇ္ဈိမက ဆက်သွယ်ရာ မီဒီယာကို ဖြေကြားလိုခြင်းမရှိဘဲ ငြင်းဆန်နေသည်။
Source:mizzimaburmese
No comments:
Post a Comment