မူလစာမျက်နှာ

Wednesday, 23 February 2011

ဦးတေဇနှင့် ဖုန်းအဆက်အသွယ် ရပြီ

ကချင်ပြည်နယ် ဖုန်ကန်ရာဇီ ရေခဲတောင်တွင် ပိတ်မိနေသည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇနှင့် ဖုန်းအဆက်အသွယ် ရပြီဖြစ်သည်။ ယမန်နေ့က ခေါ်ယူရန် သွားရောက်ခဲ့သည့် တပ်မတော် (လေ) မှ MI 17 အမျိုးအစား ရှာဖွေရေး ရဟတ်ယာဉ်သည် အလင်းရောင်နည်းပါးပြီး ညမှောင်လာသည့် အတွက် ပူတာအိုမြို့သို့ ပြန်လည် ဆင်းသက်ခဲ့ရကြောင်း၊ ဦးတေဇနှင့် ဖုန်းအဆက်အသွယ်ရသဖြင့် စားနပ်ရိက္ခာများ ချပေးခဲ့ရကြောင်း၊ ယနေ့နံနက် ထပ်မံသွားနေပြီ ဖြစ်ကြောင်း တပ်မတော် (လေ) အသိုင်းအ၀န်းက ပြောသည်။ ယခုအခါ ဦးတေဇနှင့်အဖွဲ့အတွက် ပူတာအိုမြို့တွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားသည်။
Source:irrawaddy

No comments:

နေ့မှာ