2/7/2011 အမြင်ကပ်ပုဒ်မဖြင့် မောင်တောတွင် ဖမ်းဆီး ထောင်ချခံခဲ့ရသည့် NDPD ပါတီမှ စည်းရုံးရေးမှူး ဦးခင်ကျော်သည် လွန်ခဲ့သော အပတ်က ထောင်ကနေ ပြန်လည် လွှတ်မြှောက်လာကြောင်း သတင်း ရရှိသည်။
အမည်မဖေါ်လိုသူ တရားရေး ၀န်တစ်ဦးက “ သူက NDPD လို့ခေါ်တဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီက စည်းရုံးရေးမှူး ဖြစ်ပါတယ်။ သူ့ကို ကြာသပတေးနေ့က လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ထောင်သုံးလ ပြည့်သွားတဲ့ အတွက် ဘူးသီးတောင်ထောင်ကနေ ပြန်လည် လွှတ်မြောက်လာတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဦးခင်ကျော်အား မောင်တော အာဏာပိုင်များက ၂၀၁၀ ခုနှစ် နိုဝင်္ဘာလ ပထပတ်က မောင်တောမြို့နယ် မောင်နီရွာ စာသင်ကျောင်းကို ဂဲပစ်မူဖြင့် စွပ်စွဲပြီး ဖမ်းဆီးပြီး နောက်ပိုင်းတွင် ထောင်သုံးလ ပြစ်ဒဏ်ချမှတ်ခဲ့သည်။
“ သူ့ကို ပြည်သူပိုင် ပစ္စည်း ဖျက်ဆီးမူ၊ အားပေး ကူညီမူ ၆၁ မျဉ်းစောင်း ၉ နဲ့ ဖမ်းဆီးပြီး ထောင်သုံးလ ချမှတ်ခဲ့ပါတယ်။ ကြံ့ခိုင်ရေးနဲ့ NDPD တို့ မောင်တောမှာ အပြိုင် မဲဆွယ်စည်းရုံးကြစဉ် ကြံ့ခိုင်ရေးက သူတို့ပါတီရှုံးမယ်ထင်ပြီး ကိုခင်ကျော်ကို မတရားစွပ်စွဲပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ရွှေးကောက်ပွဲမှာ ကြံ့ခိုင်ပါတီက မောင်တောမှာ နိုင်သွားတော့ သူ့ကို လျော့လျော့ပေါ့ပေါ့နဲ့ ထောင်သုံးလ ချပြီး ပြန်လည် လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။
မောင်တောမြို့နယ်တွင် နိုဝင်္ဘာလ ၇ ရက်နေ့က ပြုလုပ်သော ရွှေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် နေရာအာလုံးကို ကြံ့ခိုင်ရေးပါတီ အနိုင်ရရှိသွားပြီး NDPD ပါတီမှ တစ်နေရာမှ အနိုင်မရရှိခဲ့ကြောင်း သိရသည်။
Source:narinjara
No comments:
Post a Comment