မူလစာမျက်နှာ

Wednesday, 23 February 2011

အင်းစိန် နံ့သာကုန်းတွင် မီးလောင်

 ရန်ကုန်တိုင်း အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက်တွင် ဗုဒ္ဓဟူးနေ့ ညနေပိုင်း၌ မီးလောင်မှုတရပ် ဖြစ်ပွားရာ နေအိမ် ၅ လုံး လောင်ကျွမ်းခဲ့ကြောင်း တိုင်းမီးသတ်ဦးစီးဌာန အပြောအရ သိရသည်။

ရိပ်သာလမ်း အမှတ် (၁၁၁ C) ရှိ ဒေါ်ရင်ရွှေ၏ နေအိမ်တွင် ညနေ ၅ နာရီ ၅ဝ မိနစ်ခန့်၌ ဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်မှု စတင်ကြောင်း သိရခြင်း ဖြစ်သည်။

အုပ်ညှပ်အမျိုးအစား နှစ်ထပ်တိုက်နေအိမ် မီးဖိုခန်းရှိ လျှပ်စစ်မီးဖိုပေါ်တွင် ဟင်းအိုးတည်ထားပြီး အပြင်သို့ သွားရောက်နေစဉ် မီးဖိုမှ အပူလွန်ကာ လောင်ကျွမ်းခြင်းဟု တိုင်းဗဟိုမီးသတ် တာဝန်ကျက ပြောသည်။

ညနေ ၆ နာရီ ၁၅ မိနစ်အချိန်တွင် မီးစတင်ထိန်းနိုင်ခဲ့ကြောင်းနှင့် ၆ နာရီခွဲတွင် အကုန်အစင် ငြိမ်းသတ်နိုင်ခဲ့သည်ဟု ဆိုသည်။

"အိမ် ၅ လုံး ပါသွားတယ်။ မီးလောင်ပြီး ၁၅ မိနစ်လောက်မှာ မီးသတ်ကားတွေ ရောက်လာတယ်။ အိုးမဲ့အိမ်မဲ့ ဖြစ်တာတော့ လူ ၃ဝ လောက် ရှိတယ်။ အတိအကျတော့ စာရင်းမသိသေးဘူး။  သူတို့ကို ဘယ်လို နေရာချထားမလဲ ဆိုတာလည်း မသိရသေးပါဘူး" ဟု ရပ်ကွက် ရယက အဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။ မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ် ၁ဝ စီးကျော် လာရောက်ငြှိမ်းသတ်ခဲ့သည်ဟု ဆိုသည်။
Source:mizzimaburmese

No comments:

နေ့မှာ