မူလစာမျက်နှာ

Wednesday, 23 February 2011

နှင်းတောထဲမှာ ဦးတေဇ ဆက် သောင်တင်


ရန်ပိုင်၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၁၁

ကချင်ပြည်နယ်ရှိ ရေခဲနေတဲ့ မဒွယ်တောင်ပေါ်မှာ ၃ ရက်ကြာ ပိတ်မိနေတဲ့ ဦးတေဇ အပါအဝင် ၆ ဦးကို ကယ်ဆယ်နိုင်ဖို့ ဒီနေ့မှာ ထိုင်းနိုင်ငံကနေ ရဟတ်ယာဉ် ရောက်ရှိလာပေမယ့် ကယ်ဆယ်နိုင်ခြင်း မရှိသေးဘဲ မနက်ဖြန်မှသာ ကယ်ဆယ်နိုင်မယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကနေ ဒီနေ့ ရောက်ရှိလာတဲ့ အမြင့်ပေ ၁၂၀၀၀ အထိ ပျံသန်းနိုင်တဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ်ဟာ မန္တလေးမှာ ဆီဖြည့်ပြီး ပူတာအိုကို အရောက်ပျံသန်းခဲ့ပေမယ့် အချိန်မှောင်လာခြင်း၊ ဆင်းသက်ရန် ခက်ခဲခြင်းတို့ကြောင့် ချက်ချင်း မကယ်ဆယ်နိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလတ်တလောတော့ ပူတာအိုမှာ သူ့သားအကြီးဖြစ်သူ ဖြိုးတေဇကိုယ်တိုင် ဦးစီးပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်နေတယ်။ ဒီနေ့ နှင်းအရမ်းကျပြီး ရာသီဥတု သိပ်မကောင်းတဲ့အတွက် ဦးတေဇတို့ တောင်စောင်းပေါ်မှာပဲ ရှိနေတာကို ကယ်ဆယ်ရေး ရဟတ်ယာဉ်ပေါ်က မြင်နေရပေမယ့် ချဉ်းကပ်ဖို့ မလွယ်ဘူးပါဘူးတဲ့။

ဒါပေမယ့် ဖုန်းအဆက်အသွယ်ကတော့ ရနေပါတယ်။ ကျန်းမာရေးလည်း ကောင်းတယ်၊ အသံလည်း မာတယ်၊ ဒီနေ့မနက်မှာ ချပေးတဲ့ ရိက္ခာလည်း ရရှိကြောင်း သိရပါတယ်။

အရင်နေ့တွေကတော့ မီးဖိုလို့ မရဘူး၊ ဒီနေ့ပို့တဲ့ ပစ္စည်းတွေထဲမှာ လိုအပ်တာ အကုန်ပါသွားလို့ ဒီနေ့တော့ မီးဖိုလို့ရသွားပါပြီ။

တကယ်လို့ နှင်းကိုက်တာတို့ ဘာတို့ ကျန်းမာအခြေအနေက မဆိုးဘူးဆိုရင် မြန်မာပြည်မှာပဲ ကုပါမယ်။ ဆိုးရင်တော့ နိုင်ငံခြားကို ထွက်ကုရမယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ လိုရမယ်ရ စင်ကာပူကို medical team လေယာဉ် လှမ်းမှာထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် နေပြည်တော်မှာ ဇာတ်ရှုပ်နေချိန် ဦးတေဇကိစ္စက ပေါ်လာတော့ စစ်ဗိုလ်ချုပ်တွေအဖို့ မြွေပူရာကင်းမှောင့် ဆိုသလို စိတ်အနှောင့်အယှက်ဖြစ်နေမလား။ နိုင်ငံခြားက လက်တွေ ဝင်လာမှာကိုလည်း သူတို့က ကြိုက်ပုံရမယ် မထင်ဘူး။

ဒီတော့ မနက်ဖြန် ဘာတွေ ဆက်ဖြစ်မယ်၊ ဘာတွေ ထူးမယ်ဆိုတာကို ဧရာဝတီက ဆက်လက် သတင်းပေးပို့သွားပါမယ်။

Source:irrawaddyblog

No comments:

နေ့မှာ