မူလစာမျက်နှာ

Tuesday, 14 September 2010

သုံးဦးပြိုင် ဖယ်ခုံ

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်တွင် ပါတီသုံးခုမှ လွှတ်တော် ကိုယ်စားလှယ်လောင်း သုံးဦး ဝင်ပြိုင်မည်။

အမတ်လောင်းများမှာ ကယန်းအမျိုးသားပါတီမှ ဦးယူဂျင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ဦးတုတ်ပေါနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဆရာကို့ (ဦးဆန်ဖရန်စစ္စကို)တို့ ဖြစ်ကြသည်။

ဦးယူဂျင်နှင့် ဦးတုတ်ပေါတို့သည် ယခင်က ကယန်းအမျိုးသား စာပေဥက္ကဌနှင့် အတွင်းရေးမှူးအဖြစ် လုပ်ဖူးခဲ့သူများ ဖြစ်ကြပြီး တောင်သူလယ်သမားများ ဖြစ်ကြသည်။ ဦးကို့ (ဦးဆန်ဖရန်စစ္စကို)က ဖယ်ခုံမြို့ ပျိုးခင်း ဘော်ဒါဆောင်ပိုင်ရှင် ဖြစ်ကာ ကိုယ်စားလှယ်လောင်း သုံးဦးအနက် ငွေကြေးအရ အတောင့်တင်းဆုံး ဖြစ်သည်။

လယ်ယာ စိုက်ပျိုးရေးနှင့် အုတ်ရိုက်၊ ထုံးဖုတ် လုပ်ကိုင်ကြသော ဖယ်ခုံတွင် ကယန်းအများစု နေထိုင်ပြီး ပအိုဝ်း၊ ရှမ်း၊ ဗမာ၊ အင်းသားများလည်း ရှိသည်။

ဒေသခံ လေ့လာသူတဦး အဆိုအရ တယောက်မှ မဲအပြတ်အသတ်နိုင်ဖွယ် မရှိသော်လည်း လမ်းစဉ်လူငယ် ခေါင်းဆောင်ဟောင်း တဦးဖြစ်သော ဦးယူဂျင်နှင့် ဦးကို့ (ဦးဆန်ဖရန်စစ္စကို)တို့ အဓိက ပြိုင်ရဖွယ် ရှိသည်။

No comments:

နေ့မှာ