မူလစာမျက်နှာ

Tuesday, 14 September 2010

ကယန်းစာယဉ်အတွက် ပြိုင်ရသူ

ကယန်းစာပေနှင့် ယဉ်ကျေးမှုများ လုပ်ဆောင်ရန် ကယန်းအမျိုးသားပါတီ- KNP မှ ဦးယူဂျင်က ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ်လောင်းအဖြစ် ဝင်ပြိုင်လိမ့်မည်။

“ဘယ်လောက်ဘဲ အခက်အခဲ တွေ့ပါစေ၊ ကျနော်တို့က ကိုယ့်လူမျိုးစာပေနဲ့ ယဉ်ကျေးမှုအတွက် အဓိက ရွေးကောက်ပွဲဝင်တာပါ။ ကျနော်တို့က အမျိုးသားရေး မူဝါဒပဲ”ဟု အသက် ၅၆ နှစ်အရွယ် ဦးယူဂျင်က ပြောသည်။

လာမည့် နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအား တရားမျှတလိမ့်မည်ဟု မယုံကြည်သော်လည်း လွတ်တော်အတွင်း တနေရာမှ ကယားပြည်နယ်အတွင်း သစ်တော ပြုန်းတီးမှုများ၊ ကယန်း စာပေယဉ်ကျေးမှုတွင် ဖိနှိပ်မှုများအတွက် ဆောင်ရွက်သွားမည်ဟု သူက ဆိုသည်။

U-Hpye-Jing
အနစ်နာခံတဲ့ထဲမှာ သူ ကျနော်ကို ပြိုင်လို့ မရပါဘူးဆိုတဲ့ ပြည်သူ့လွှတ်တော် အမတ်လောင်းအဖြစ် ဝင်ပြိုင်မည့် ဦးယူဂျင် [photo::ကန္တာရဝတီတိုင်း (မ်)]
ဒေသဆိုင်ရာပါတီဖြစ်သော KNP သည် ကယားပြည်နယ် ဒီမောဆို၊ လွိုင်ကော်၊ ရှမ်းပြည်နယ် ဖယ်ခုံနှင့် ကရင်ပြည်နယ် သံတောင်တို့မှ ဝင်ရောက် ယှဉ်ပြိုင်မည်။  လွိုင်ကော်နှင့် ဒီမောဆိုမြို့များ၌ နိုင်မည် မျှော်လင့်ထားသည်ဟု ဆိုသည်။

အမျိုးသား လွှတ်တော်အတွက် ဒီမောဆိုမြို့နယ်မှ ဦးရှုဘတ်၊ ပြည်နယ် လွှတ်တော်အတွက် သံတောင်မြို့နယ်မှ ဦးစောရွှေမောင်းတို့ ဝင်ပြိုင်ကြမည်။

ဦးယူဂျင်၏ အဓိကပြိုင်ဘက်မှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံခြားပြန် ငွေကြေးချမ်းသာသူ ကယန်းအမျိုးသား ဆရာကို့ ခေါ် ဦးဆန်ဖရန်စစ္စကို ဖြစ်သည်။

“ကျနော် နိုင်မယ်လို့ ယုံကြည်တယ်။ အနစ်နာခံတဲ့ထဲမှာ သူ ကျနော်ကို ပြိုင်လို့ မရပါဘူး။ တိုင်းရင်းသားအရေးမှာ ကျနော်က အနစ်နာခံခဲ့တာလေ״ ဟု ဦးယူဂျင်က ပြောသည်။

သို့သော် အင်အား ၄,ဝဝဝ ကျော်ရှိသည်ဆိုသော ပါတီတွင် ငွေကြေးအခက်အခဲကြောင့် စည်းရုံးရေး အခက်တွေ့နေကြောင်း ဝန်ခံသွားသည်။

ကယန်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်သူ ဖြစ်ပြီး လူမှုရေးလုပ်ငန်းများတွင် အဓိက လုပ်ကိုင်နေကာ ၂ဝဝ၄ ခုနှစ်တွင် ကယန်းဓလေ့နှင့် ကယန်းထုံးတန်း ဆိုသော စာအုပ်ထုတ်ဝေခဲ့သည်။

No comments:

နေ့မှာ