မူလစာမျက်နှာ

Tuesday, 14 September 2010

တသီးပုဂ္ဂလ ဒေါက်တာဖုန်းဝင်း

  မင်္ဂလာ မြန်မာလူမှုရေး အသင်း၏ ဒါရိုက်တာ ဒေါက်တာ ဖုန်းဝင်းသည် တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် အမတ်လောင်းအဖြစ် ကမာရွတ် မဲဆန္ဒနယ်မှ ဝင်ပြိုင်မည်ဖြစ်သည်။

ဇနီးဖြစ်သူ မြန်မာဖွံ့ဖြိုးရေးအသင်း ဒါရိုက်တာ ဒေါ်ယူဇာမော်ထွန်း (အင်္ဂလိပ်ခေတ်နန်းရင်းဝန်နှင့် ဂျပန်ခေတ် အဓိပတိ ဒေါက်တာဘမော်၏မြေး) သည်လည်း ခင်ပွန်းကဲ့သို့ပင် တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် အမတ်လောင်းအဖြစ် လှိုင်မြို့နယ်မှ ဝင်ပြိုင်မည်။

အခြား တသီးပုဂ္ဂလ ၆ ဦး၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) တို့နှင့် လုပ်ငန်းပူးပေါင်း၍ ရွေးကောက်ပွဲ ဝင်မည်ဟုလည်း ပြောသည်။

ယှဉ်ပြိုင်ဘက်က ဘယ်ပါတီတွေ ဖြစ်မလဲ။

ကြံ့ဖွံ့ရှိမယ်။ တစည၊ NDF၊ ၈၈ လားမသိဘူးရှိတယ်။
ကိုဌေးကြွယ်၊ ကိုကိုကြီး၊ မင်းကိုနိုင်တို့နဲ့ ပြောတယ်။ ကိုယ်ထောက်ခံပေးလို့ သန်း ၁ဝဝ  ရရင် ကိုယ့် ရဲ့ role တက်တာပေါ့..
ဒီမိုကရက်တစ်ပါတီ ရှိတယ်၊ ကျနော်ရှိတယ်။ ဦးသုဝေနဲ့ ကျနော်နဲ့က သွားတူနေတယ်။ အဲဒါ ညှိရဦးမယ်။ တကယ်တန်းပြောရရင် ကျနော်က အဲဒီမှာနေတယ်လေ။ ငယ်ငယ်ကတည်းက အဲဒီမှာ ကြက်ခြေနီနဲ့ ၅ နှစ် လောက် လုပ်ခဲ့တာကိုး။ သူကလည်း သူနေတဲ့နေရာ ဖြစ်နေတယ်။ ဒါပေမယ့် အဆင်ပြေမှာပါ။

အဲဒီ ပါတီတွေထဲမှာ အဓိက ယှဉ်ဘက်က ဘယ်ပါတီဖြစ်မလဲ။

ဘယ်ဟာမှ မဟုတ်ဘူးနဲ့ တူပါတယ်။ ကြံ့ဖွံ့က ဒေါက်တာစိုးရင်၊ အရင် ရန်ကုန်တက္ကသိုလ် ပါချုပ်လေ။  ဗိုလ်ချုပ်ခင်ညွန့် မိန်းမ ဒေါ်ခင်ဝင်းရွှေနဲ့ တကျောင်းတည်းလာတာ ဆိုတဲ့တယောက်ပေါ့။ တစညက  ဓာတုဗေဒ ပါမောက္ခအဟောင်းတဲ့။ NDF က ကျော်မင်းလှိုင် ဆိုတာ ဘယ်သူလည်း မသိဘူး။

ဒေါက်တာက ဆေးတွေဘာတွေရော ကုလား။ ဆေးခန်းရော
drphonewin
တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် အမတ်လောင်းအဖြစ် ကမာရွတ် မဲဆန္ဒနယ်တွင် ဝင်ပြိုင်မည့် မင်္ဂလာမြန်မာလူမှုရေးအသင်း ဒါရိုက်တာ ဒေါက်တာ ဖုန်းဝင်း
ဖွင့်ထားလား။

ကျနော်က ဆေးကျောင်းအောင်ကတည်းက ဆေးမကုဘူး။ ဆေးခန်းလည်းမဖွင့်ဘူး။ ကျနော်တို့ တုန်းက အစိုးရကို ၃ နှစို လုပ်ပေးရမယ်ဆိုတာရှိတယ် ။ မလုပ်ပေးနိုင်ရင် ဆမ မပေးဘူး။ မပေးရင် မယူဘူးပေါ့။

သရီးဒီဖန်း 3DF ရဖို့ ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် တို့ရဲ့ နိုင်ငံရေး ထောက်ခံချက် ယူရတယ်လို့ ကိုယ်ရေးထဲမှာ ဖော်ပြထားပါတယ်။ ရှင်းပြပေးပါ။

ဂလိုဘယ်ဖန်း Global Fund ကမပေးတော့ဘူးဆိုတော့ သရီးဒီဖန်း ရှိမှဖြစ်မယ်။ သရီးဒီဖန်းကို ဥရောပနိုင်ငံတွေက ပေးမယ်။ ဂလိုဘယ်ဖန်းက အမေရိကန်နဲ့ ဆက်နေတာလေ။ ကျနော်က အမေရိကားမှာ ရှိနေတယ်။ အမျိုးသမီးက ကျောင်းတက်နေတယ် လေ။ ပထမ စဉ်းစားတာက ဂလိုဘယ်ဖန်း ပြန်ရအောင် လုပ်မယ်လို့။ negotiate လုပ်လို့မရဘူး။ ကျနော် အမေရိကားမှာ မစ်မက်ကောနဲ တို့နဲ့ပြောတယ်။ ပြန်ပြင်လို့ မလွယ်ဘူးပေါ့နော်။

ဂလိုဘယ်ဖန်းတုန်းက NLD က မထောက်ခံဘူးလေ။ သရီးဒီဖန်းကလည်း NLD မထောက်ခံရင် မပေးဘူးဆိုတဲ့ ပြဿနာတက်တယ်။ ၂ဝဝ၅ ခုမှာ ဂလိုဘယ်ဖန်းမထွက်ခင် Inside Outside ဆိုပြီး တွေ့ဆုံပွဲ လုပ်တယ်။ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစု တရပ်ရပ်က မထောက်ခံ ရင် ဒီပိုက်ဆံမရဘူး။ ဆွီဒင်တို့ အင်္ဂလန်တို့ အလှူရှင် အစိုးရတွေက အဲဒီလိုချတယ်။ ကျနော်က Inside group ပေါ့။ ၈၈ group ထောက်ခံရင် ဘယ်လိုလဲဆိုတော့ကောင်းတာပေါ့တဲ့။ ကိုဌေးကြွယ်၊ ကိုကိုကြီး၊ မင်းကိုနိုင်တို့နဲ့ပြောတယ်။ ကိုယ်ထောက်ခံပေးလို့ သန်း ၁ဝဝ  ရရင် ကိုယ့် ရဲ့ role တက်တာပေါ့နော်။ ကိုယ်ကိုယ်တိုင် သန်း ၁ဝဝ မပေးနိုင်ပေမယ့် ရှိတဲ့လူပေးအောင်လုပ်နိုင် ရင်လည်း ကိုယ် power ရှိတာပဲ။ အဲဒါကို exercise လုပ်ရအောင်ဆိုပြီးတော့ အကုန်သဘောတူပြီး တော့ လက်မှတ်ထိုးပေးကြတယ်။ လက်မှတ်ထိုးတာက ကျနော့်ယောက္ခမ ဦးရဲထွန်းက စီစဉ် ပေးတာပေါ့လေ။ ကျနော့မိန်းမက ဝါရှင်တန် ဒီစီမှာပေါ့။ ကျနော်ကတော့ သွားလိုက်လာလိုက်ပေါ့။ အဲဒီလက်မှတ်ကို ကျနော်ယူပြီးတော့ အစိုးရတွေကို ပေးလိုက်တော့မှ သရီးဒီဖန်းက Yes ဖြစ်တာ။

ဒီလို အစီအစဉ်တွေကို လုပ်နေတုန်းက နအဖ နဲ့ရော မဆက်စပ်ဘူးလား။

ကျနော်ကတော့ နအဖ ကိုအကြောင်း မကြားဘူး။ ဒါပေမယ
ရွေးကောက်ပွဲက သူတို့က Boycott ကိုပဲ လန့်နေတဲ့ပုံ ဖြစ် နေတော့ ကျနော်တို့ဘက်ကို မျက်နှာသာ ပိုပေးမှာပေါ့
့် အဲဒီဟာထိုးပြီး ထွက်သွားတော့ သတင်းက စစ်တပ်ဘက်ကို ရောက်သွားတယ်။ ဟိုဘက်ကနေ ကိုဌေးကြွယ်၊ မင်းကိုနိုင်၊ ကိုကိုကြီး တို့ကိုလည်း တိုက်ရိုက်ခေါ်မေးတယ်။ ကျနော့်ကိုလည်း မေးတယ်ပေါ့။

ကျနော်ကတော့ စားချင်လို့လုပ်တယ်ဖြစ်မှာစိုးလို့ သရီးဒီဖန်း မလုပ်ဘူးလေ။ Negotiate တော့ လုပ်ပေးတယ်။ ဘယ်လိုအဖွဲ့တွေဖွဲ့မယ်။ Fund တွေဘယ်လိုပေးမယ်။ ဘယ်သူတွေပါမယ်။ သံရုံး တွေ၊ ကျောင်းသားတွေနဲ့ကျနော်တို့ထိုင်ကြတာပေါ့။ အဲလို ၄-၅-၁ဝ ခါလောက် လုပ်ပေးလိုက် တာပေါ့။ ပိုက်ဆံရောက်လာတဲ့အချိန် ကျနော်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးပဲလုပ်တယ်။

သရီးဒီဖန်းရအောင် လုပ်ပေးခဲ့တဲ့ ဒီကျောင်းသားခေါင်းဆောင် ၃ ဦးက အခုဆိုရင် နှစ်ရှည် ထောင်ဒဏ်တွေ ကျခံနေရတယ်။ အဲဒါကိုရော ဘယ်လို မြင်လဲ။


ဒါကတော့ဗျာ။ ကျနော်တို့နိုင်ငံရဲ့ ကံကြမ္မာက ဒီလိုဖြစ်လာတာကိုး။ လူကောင်းတွေလည်း ထောင်ထဲရောက်တယ်။ သူတို့လွတ်အောင်ဆိုတာက ကျနော်တို့က အပြင်ကနေ အလုပ်လုပ် ရမယ်လေ။ နိုင်ငံရေးအကျဉ်းသားတွေ ရွေးကောက်ပွဲမတိုင်ခင် သင့်တော်တဲ့အချိန်လွှတ်ဖို့ ကျနော် တို့ ၁ဝ ချက်ထဲမှာပါတယ်။

ဒေါက်တာအပါအဝင် တသီးပုဂ္ဂလ ၈ ဦးက ဆက်စပ်ဆွေးနွေးဖို့ ဘယ်လိုမျိုး စုဖွဲ့ထားလဲ။

ကျနော်တို့က စုပေါင်းလုပ်မှာ၊ policy ချတာတို့၊ campaign ပဲဖြစ်ဖြစ်၊ အကုန်စုပြီး တမျိုးတည်းပဲ လုပ်မှာ။ လူချင်း လည်းတွေ့တယ်လေ။ အခု ဦးသုဝေတို့ပါလာတယ်။ တခြားအဖွဲ့တွေနဲ့လည်း စကားပြောနေပါတယ်။

၈၈ မှာ ထိန်းသိမ်းခံရတယ်ဆိုတော့ ကျောင်းတက်နေတုန်းလား။ နောက်ပိုင်းကျ တော့ နိုင်ငံရေးနဲ့ ဆက်စပ်တာ ဘာတွေလုပ်လဲ။

ကျောင်းတက်နေတုန်းပေါ့ ဆေး ၁ မှာ။ ဇွန်လပေါ့။ ကျနော်တို့က အတန်းမတက်ကြဘူးဆိုပြီး အတန်းထဲက ထွက်ကြတာ။ တပတ်လောက်ကြာတော့မှ အဲဒီကိစ္စက ရာဇူးထဲပျံ့တာ။ ရုတ်ရုတ် ဖြစ်ပြီး မြေနီကုန်း အရေးအခင်းဖြစ်တဲ့နေ့က နောက်ဆုံး။ အိမ်မှာလာဖမ်းတာပဲ။ ညဘက်။ သက်သေတခုမှမရဘူး။ အားလုံးလွတ်တာပေါ့။

မင်္ဂလာမြန်မာနဲ့ မြန်မာဖွံ့ဖြိုးရေးအသင်း MDF က တခုထဲလား။ တဖွဲ့စီလား။

မင်္ဂလာမြန်မာက ၂ဝဝ၅ မှာစဖွဲ့တာ။ MDF ကနောက်ကျတယ်။ အမျိုးသမီးက MDF မှာ ဒါရိုက်တာ။ အခုတော့ နာယကလုပ်မယ်။ ကျနော်တို့ကို ဒါရိုက်တာမလုပ်ရဘူး တားမှာစိုးလို့။ ခေါ်တော့ မပြောသေးဘူး။ ကျနော်လည်း နာယကလုပ်ရမှာပေါ့။ သူတို့ pressure ပေးရင် ထွက်ရမှာပေါ့။ မပေးခင်အထိတော့ ဒါရိုက်တာလုပ်မှာ။ တချို့ဟာတွေကို ခေါ်ပြီး သတိပေးတယ်ပြောတယ်။

ကြံ့ဖွံ့ကလည်း လူမှုရေးအသင်းဆိုပြီး အခု ပါတီဖြစ်သွားတာပဲမဟုတ်ဘူးလား။

ဟုတ်တယ်လေ။ ဒါကြောင့်မို့လို့ သူတို့လည်း အရမ်းတော့လုပ်ချင်မှလုပ်မယ်။ အရင်တုန်းက အခြေအနေဆိုရင်တော့မရဘူး။ အခု ရွေးကောက်ပွဲက သူတို့က Boycott ကိုပဲ လန့်နေတဲ့ပုံ ဖြစ် နေတော့ ကျနော်တို့ဘက်ကို မျက်နှာသာ ပိုပေးမှာပေါ့။ ထင်တာပဲလေ။

မင်္ဂလာမြန်မာနဲ့ မြန်မာဖွံ့ဖြိုးရေးအသင်းတို့က ရန်ပုံငွေ ဘယ်ကရတာလဲ။

အစုံပဲ။ ပြည်တွင်းရော ပြည်ပရောပေါ့။ ကျနော်တို့
စစ်တပ်ထဲမှာလည်း မိတ်ဆွေတွေ အများကြီး ရှိတယ်။ ပေါင်းစည်းရေး လုပ်တာလည်း စေ့စပ်ရတာလေ။
နိုင်ငံခြားကနေ တိုက်ရိုက်ရတာတွေ ရှိတာပဲ။ တရားဝင်ပေါ့။ ကိုကျော်သူတို့က movement လုပ်ပြီးတော့မှ လူမှုရေးထဲ ဝင်တာကိုး။ ကျနော်က မီဒီယာမှာ အရမ်းပါတာမဟုတ်ဘူး။ ကျနော့ကို လူမသိဘူး။

မင်္ဂလာမြန်မာနဲ့ မြန်မာဖွံ့ဖြိုးရေး အသင်းတွေက တရားဝင်အဖွဲ့တွေလား။

၂ဝဝ၅ ထဲက လျှောက်ထားတာ။ တိုင်းမှူးတွေဘာတွေထောက်ခံတယ်။ ကျနော့်ယောက္ခမ ကြောင့်လားဘာလားမသိဘူး။ နံပါတ်မပေးဘူး။ အားနာတော့ အလုပ်လုပ်လို့တော့ရပါတယ်ဆိုပြီး ပြောတယ်။ နိုင်ငံခြားငွေလက်ခံတဲ့ စာရွက်တွေပါ ပေးတယ်လေ။

အတိုက်အခံတွေက ဒေါက်တာက အာဏာပိုင်တွေနဲ့နီးစပ်တယ်။ အတိုက်အခံနဲ့ အာဏာပိုင်ကြား စေ့စပ်တာတွေ လုပ်ပေးနေတယ် ဆိုပြီး ဝေဖန်တာတွေ ရှိနေတယ်။ ဘာများ ပြောလိုပါသလဲ။

စစ်တပ်ထဲမှာလည်း မိတ်ဆွေတွေအများကြီးရှိတယ်။ ပေါင်းစည်းရေးလုပ်တာလည်း စေ့စပ်ရတာလေ။ ကျနော်က စေ့စပ်ရေး ညှိနှိုင်းရေးကို ယုံကြည်သူလေ။ တကယ်သာ ဒီမိုကရေစီဘက်သားလို့ ယူဆရင် စေ့စပ်နိုင်ရမယ်။ ညှိနှိုင်းနိုင်ရမယ်။ ပူးပေါင်းဆောင်ရွက်နိုင်ရမယ်။

ဦးရဲထွန်း မကွယ်လွန်မီက ရွေးကောက်ပွဲမဝင်ဘူး ပြောသွားပေမယ့်  သမီးနဲ့ သမက်ကျတော့ နှစ်ယောက်လုံး ဝင်မှာ ဖြစ်နေတယ်။ နိုင်ငံရေး အယူအဆ မတူတာလား။

“သူက မဆုံးခင် ၁-၂ ခွဲလောက်မှာ သွေးကင်ဆာ ခံစားနေရပြီလေ။ သူရွေးကောက်ပွဲ မဝင်တော့ဘူးလို့ ဆုံးဖြတ်တဲ့အချိန်မှာ သူ တော်တော်နေမကောင်းဖြစ်နေပြီ။ ကျနော်တို့ကလည်း မဝင်စေ ချင်တော့ဘူး။ အနားယူပြီး သက်သက်သာသာနေစေ့ချင်တယ်။ မနှစ်က သူစဖြစ်တာ ဖေဖော်ဝါရီ လောက်မှာ။ နိုင်ငံရေးပါတီဖွဲ့တာတွေ ဥပဒေတွေ မထွက်ခင်ကတည်းကလေ။ ပထမတော့ ကုလို့ရမယ်ထင်တာပေါ့။ နောက်ပြီး ဝင်မယ်မဝင်ဘူးဆိုတာ သူ့ရဲ့ခံယူချက်လေ”

No comments:

နေ့မှာ