Source:FB
ပါတီမှတ်ပုံတင်ချိန်နှင့်ရွေးကောက်ပွဲဥပဒေပြင်ဆင်ရန် ပြောဆိုချိန်တွင် ဇယား(၄)ပါ ကျမ်းကျိန်စာသားအား ကိုင်တွယ်ရန် လစ်ဟင်းခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့မနက်ပိုင်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် မေလ (၂)ရက်နေ့တွင် လွှတ်တော်တွင် ကျမ်းကျိန်၍ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် တရားဝင်တက်ရောက်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
“ကျမပါတီမှတ်ပုံတင်ရေး ဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေစာသားတွေ ပြင်ဖို့ပြောတုန်းက တစ်ချိန်ထဲမှာ ဇယား လေးမှာပါတဲ့ ကျန်းကျိမ်စာကို ကိုင်တွယ်ဖို့လစ်ဟင်းခဲ့တယ်။ ဒါကို ကျမတာဝန်ယူပါတယ်။” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတကြီးတို့ တွေ့ဆုံရာတွင် အဆိုပါကျမ်းကျိန်စာသားနှင့်ပတ်သက်ပြီး ပြောဆိုခဲ့ဖူးခြင်း မရှိကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တစ်ခုနှင့်တစ်ခု မဆီလျော်သော စကားလုံးများရှိနေကြောင်း ပုဒ်မ(၁၂၅) စာကိုယ်တွင် သုံးထားသော စကားလုံးနှင့် ဇယားလေးတွင်သုံးထားသောစကားလုံးများမတူညီကြောင်းသမ္မတကျမ်းကျိန်မှုနှင့် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းကျိန်ရာတွင်သုံးနှုန်းသော စကားလုံးမှာ မတူညီကြောင်းဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ဥပဒေစိုးမိုးရေးအရ၊ လုပ်ထုံးလုပ်နည်းအရပြင်ဆင်စရာတွေအများကြီးလိုအပ်ပါသေးတယ်ဆိုတာ ဥပဒေရှူထောင့်ကနေလေးလေး နက်နက်ပြောချင်ပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသားမဟာမိတ်ပါတီများကလည်း လွှတ်တော်တွင်းဝင်ရောက်ရန် တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း ၊ အန်အယ်ဒီပါတီတွင်းမှ ကိုယ်စားလှယ်များကလည်း တက်ရောက်လိုသည့် သဘောထားများရှိနေခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment